
တီးတိန်မြို့မှ ပျောက်ဆုံးနေတဲ့စိတ်မကျန်းမာသူရဲ့အလောင်းကို CDF-Tonzang မှမိသားစုထံပြန်အပ်
ဒီဇင်ဘာလ ၁၁ ရက်။ ဒီဇင်ဘာလ ၆ ရက်နေ့ ညနေပိုင်းက တီးတိန်မြို့နေအိမ်မှ ထွက်ခွါလာကာ ပျောက်ဆုံးနေတဲ့ စိတ်ပိုင်း မကျန်းမာသူ အသက် ၂၉ နှစ်အရွယ် ကိုလန့်ခန့်ဆွင်းရဲ့ရုပ်အလောင်းအား ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ တွန်းဇံမြို့မှာ CDF-Tonzang မှ သေဆုံးသူရဲ့မိသားစုထံသို့ ပြန်လည်လွှဲ အပ်ပေးခဲ့ပြီး တီးတိန်မြို့ရှိ ၄င်းရဲ့နေအိမ်သို့ ရောက်ရှိပြီဖြစ်ကြောင်း တီးတိန်မြို့ နေ လူငယ် တစ်ဦး ထံမှ သိရှိခဲ့ရပါတယ်။ သေဆုံးသူဟာ မလေးရှား ကနေ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့ယွင်းချက် ကြောင့် ဇာတိကို ပြန်လာခဲ့ သည်မှာ နှစ်နှစ် ကျော် ရှိခဲ့သူ ဖြစ်ပြီး ဒီဇင်ဘာလ ၆ ရက်နေ့တွင် တီးတိန်မြို့ရှိ သူ့ရဲ့နေအိမ်ကနေ ထွက်ခွါသွား ကာပျောက်ဆုံး…