မင်းတပ်မှာ ရာသီတုပ်ကွေးအဖြစ်များနေပြီး ဒီနှစ်အတွင်း ၅ နှစ်အောက်ကလေး ၇ ဦးအထိ သေဆုံးခဲ့ရပြီလို့ သိရ
စက်တင်ဘာလ ၁၂ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ကလေး၊ လူကြီး ရာသီတုပ်ကွေး အဖြစ်များနေကြပြီး ဒီနှစ်အတွင်း ၅ နှစ်အောက် ကလေးငယ် (၇) ဦးအထိ အသက်ဆုံးရှုံးခဲ့ရပြီလို့ မင်းတပ်မြို့နယ် ကျန်းမာရေးတာဝန်ခံ ဒေါ်မောင်းကီးရောင်က Chin World မီဒီယာကိုပြောပါတယ်။ မင်းတပ်မြို့နယ် ကျန်းမာရေးတာဝန်ခံ ဒေါ်မောင်းကီးရောင်က “ကလေး၊ လူကြီး ဖြစ်ကြတယ် မြို့ပေါ်မှာနဲနဲသက်သာတယ် နယ်ဘက်မှာဆိုရင် သွေးလွန်တုပ်ကွေး အပြင် ငှက်ဖျားပိုးလည်း တွေ့ရတယ် ဆေးကုသမှုပိုင်းကိုလည်း အတက်နိုင်ဆုံးလုပ်ဆောင်ကြတယ်။ CHO ရဲ့အကူအညီနဲ့ ကျမတို့မြို့နယ်ကျန်းမာရေး ပူးပေါင်းပြီးမှ ဆောင်ရွက်နေပါတယ် မင်းတပ်မြို့နယ်အတွင်းတော့ ဆေးကုသမှုတွေကိုတော့ လုံလုံလောက်လောက်နီးပါးလုပ်နိုင်တယ် အရင်လို ဆေးရုံ ဆေးခန်းမျိုးနဲ့ တော့ လေကြောင်းအန္တရာယ် စိုးရိမ်ရတာ၊ မြေပြင်မှာဆိုရင် ရာသီဥတုလိုမျိုးတော့ ကျမတို့အတွက်တော့ အခက်ခဲစိန်ခေါ်မှုတွေဖြစ်ပေမယ့် ဆေးကုသမှုတွေကိုတော့…

