CDF-Matupi တပ််မဟာ(၁)ရဲ့ဖမ်းဆီးချုပ်နှောင်တာခံရတဲ့ CDF – Matupi တပ်မဟာ (၂) က ရဲဘော် ၂ ဦးထွက်ပြေးလွတ်မြောက်လာကြောင်းသိရ
ဧပြီလ ၂၉ ရက်။ CDF – Matupi တပ်မဟာ (၁) ထိန်းချုပ်နယ်မြေအတွင်းမှာ ဧပြီလ ၅ ရက်နေ့က တပ််မဟာ(၁)ရဲ့ဖမ်းဆီးချုပ်နှောင်တာခံရတဲ့ CDF – Matupiတပ်မဟာ(၂)လက်အောက်ခံ တပ်ရင်း (၃)က ရဲဘော် ၂ ဦးဟာ ဧပြီလ ၂၃ ရက်နေ့မှာ ထွက်ပြေးလွတ်မြောက်လာတယ်လို့ တပ်မဟာ(၂)ဆီကသိရပါတယ်။ CDF – Matupi တပ်မဟာ (၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ လေဆင်းကျေးရွာမှာ ခွင့်ယူပြီး အိမ်ပြန်နေတဲ့ CDF – Matupi တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၃) က ရဲဘော် ဖိုးသားနဲ့လိုင်ကုန်းတို့ကို CDF – Matupi တပ်မဟာ (၁) နဲ့ အာရက္ခတပ်တော် (AA )တို့က…

