
စားသောက်ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့အလုပ်အကိုင်အခက်အခဲတို့ ကြောင့် နေရပ်မပြန်နိုင်သေးတဲ့စစ် ဘေးရှောင်ပလက်ဝဒေသခံအများစုဟာ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ မျော်လင့်နေ
ဇန်နဝါရီလ ၁၆ ရက်။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ကုန်ပစ္စည်း၊ ဈေးနှုန်းတွေ အဆမတန်ဈေးကြီးတာတွေအပြင်ဒီနှစ်မှာဆန်စပါးလည်း အထွက်နှုန်းလည်းမကောင်းတာ ကြောင့်နေရပ်မပြန်နိုင် သေးတဲ့ စစ် ဘေးရှောင် ပလက်ဝဒေသခံအများစုရဲ့ စားဝတ်နေရေး အကြပ်အတည်းဆိုးဆိုးရွားရွားအခြေအနေဖြစ် နေပြီး လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ မျော်လင့်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးပြောတာက “ဒေသခံတွေအနေနဲ့ စားဝတ်နေရေးတော်တော်လေး စိန်ခေါ်မှုများတာပေါ့နော် အဆင်ပြေသလို ဖြေရှင်းနေရတဲ့ အနေထားဖြစ်တယ် လို့ သိရတယ် ဒီစားဝတ်နေရေးအတွက်က ဖြစ်နိုင်မယ်ဆိုရင် လူသားချင်းစာနာတဲ့အကူအညီတွေ မျော်လင့်ကြတာပေါ့ ပြည်သူတွေအနေနဲ့ သော်လည်းကောင်း၊ စစ်ဘေးရှောင်တွေအနေနဲ့ သော်လည်းကောင်း တစ်မြို့နယ်လုံးမှာ တော်တော်လေး အကြပ်အတည်းတွေ့တာပေါ့ လမ်းပန်းဆက်သွယ်ရေးကလည်း အရမ်းခက်ခဲတယ် ငွေရေးကြေးရေးကလည်း အလုပ်အကိုင်မရှိကြတဲ့အခါကြတော့ ရှာဖွေရခက်တယ် ကုန်ဈေးနှုန်းတွေကလည်း တော်တော် မြင့်တက်တဲ့အခါကြတော့ တော်တော်လေးအကြပ်အတည်းရောက်နေကြတာပေါ့” လို့ပြောပါတယ်။…