Headlines

admin

ရုံးမတက်ပဲ ရုန်းထွက်ခဲ့ကြတဲ့ ချင်းပြည်နယ်က CDM ဝန်ထမ်းများ

မိုင်မိုင်မန်းထာ ၂၀၂၁ ခုနှစ် ဖေ ဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာနိုင်ငံမှာ ပြည်သူလူထု ရွေးချယ်ထားတဲ့အစိုးရကိုဖြုတ်ချပြီးအာဏာသိမ်းခဲ့တဲ့စစ်တပ်ကို နိုင်ငံ့ဝန်ထမ်းအများစုက အကြမ်းမဖက်အာဏာဖီဆန်ရေး )Civil Disobedience Movement – CDM ) လုပ် ဆောင်ခဲ့တာ အခု ေဖ ေဖာ်ဝါရီလ ၈ ရက်မှာ (၄) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ သယံဇာတများများစားစားမရှိ၊ ကြီးမားတဲ့စီးပွား ရေးလုပ်ငန်း တွေမရှိတဲ့ အလုပ်အကိုင်ရှားပါးတဲ့ချင်းပြည်နယ်မှာ ခေတ်အဆက်ဆက်လူအများစုက မက် မောတဲ့အလုပ်အကိုင်ဟာ ရေရှည်တည်မြဲတဲ့ အာမခံချက်ရှိတဲ့ နိုင်ငံ့ဝန်ထမ်း(အစိုးရဝန်ထမ်း)အလုပ်ပဲဖြစ်ပါတယ်။ ၂၀၂၁ အာဏာမသိမ်းခင်အထိ ချင်းပြည်နယ်မှာ အစိုးရဝန်ထမ်းအလုပ် တ နေရာရဖို့အတွက်ကို ဌာနဆိုင်ရာလူကြီး တွေကို အလုပ် လျှောက်သူ တွေက လာဘ် ငွေ ပေးမှုအများအပြားရှိခဲ့တဲ့ ပြည်နယ်လည်းဖြစ်ပါတယ်။ ရုံးမတက်နဲ့ ရုန်းထွက်…

Read More

ကျောင်းမတက်သူများလာတဲ့ ချင်းပြည်ပညာရေးအဆိုးဆုံးအခြေအနေ ရောက်လာ

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မှာ မြန်မာနိုင်ငံမှာ စစ်ကောင်စီက အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း အကျိုးဆက်တွေထဲက တစ်ခုဖြစ်တဲ့ ကျောင်းနေအရွယ် ကလေးတွေရဲ့ ပညာရေးအပေါ် များစွာ အကျိုးသက်ရောက်မှု ဖြစ်စေခဲ့ပါတယ်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက် လက်ရှိ ၄ နှစ် နီးပါးရှိလာတဲ့အချိန်မှာ ချင်းပြည်နယ်မှာ စစ် ကောင်စီထိန်းချုပ်ထားတဲ့ မြို့တချို့မှာ ကော ချင်း ဒေသကာကွယ် ရေးတပ်ဖွဲ့ထိန်းချုပ်ထားတဲ့ ဒေသ တွေမှာကော ၁ နှစ်ပြီး ၁ နှစ် ကျောင်းတက်သူ ကျောင်းသား/သူ ဦး ရေ ပိုမိုနည်းပါးလာပြီး ပိတ်ရတဲ့ အခြေခံပညာကျောင်းများအရေအတွက်ပိုများလာတယ်လို့ စစ်ကောင်စီလက် အောက်မှာ တာဝန်ထမ်း ဆောင် နေတဲ့ ပညာ ရေးဝန်ထမ်းတချို့နဲ့ ချင်း ဒေသကာကွယ် ရေးတပ်ဖွဲ့ တွေထိန်းချုပ်ထားတဲ့နယ် မြေ တွေမှာ…

Read More

ခရစ်ယာန်ဘာသာဝင်အများစုနေထိုင်တဲ့ ချင်းပြည်က တိတ်ဆိတ်နေတဲ့ ၄ နှစ်မြောက် ခရစ္စမတ်

ခရစ်စမတ်ကာလကို အလေးအနက် ထားဆုံးဖြစ်ပြီး ခရစ္စမတ်နေ့ ကို နှစ် ၁ နှစ်ရဲ့ အကြီးမြတ်ဆုံး နေ့ လို့ သတ်မှတ်တဲ့ခရစ်ယာန်ဘာသာဝင် အများစုရှိတဲ့ ချင်းပြည်မှာ ဒီနှစ် ၂၀၂၄ ခုနှစ်မှာလည်း စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေကြောင့် အရင်နှစ်တွေလိုပဲ ခရစ္စမတ်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်မှာမဟုတ်ပါဘူး။ ချင်းပြည်အနှံက မြို့၊ရွာအများစုမှာ အသင်းတော်လိုက် ဆုတောင်းဝတ်ပြုခြင်းအစီအစဉ်အကျဥ်းချုံးသာ ပြုလုပ်နိုင်မယ်လို့ အသင်းတော်တာဝန်ရှိသူတွေဆီက သိရပါတယ်။ လက်ရှိမှာ ချင်းပြည်နယ်မှာ ခရစ္စမတ်အကြိုကာလမှာ မင်းတပ်နဲ့ကန်ပက်လက်မြို့ကို ချင်းညီနောင်အဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးပြီဆိုပေမယ့်စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်လာတာ တွေလုပ်နိုင်ပါသေးတယ် ၊ လေကြောင်းရန်ကို သတိထားပြီး ခရစ္စမတ်ကာလ ကို ဖြတ်သန်းရပါအုံးမယ်။ လေကြောင်းတိုက်ခိုက်မှုလည်း ပိုမိုများပြားတာကြောင့် မင်းတပ်မြို့နယ်အတွင်း ပြည်သူတွေအနေနဲ့ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ အခမ်းအနားနဲ့ပွဲတွေ၊ ရိုးရာပွဲလမ်းသဘင်တွေ လုံးဝမကျင်းပဖို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီဇင်ဘာလ…

Read More

တိုက်ပွဲဖြစ်နေတဲ့ ဖလမ်းမြို့တွင်းကို စစ်ဆင်ရေးတိုက်ပွဲဝင်နေသူကလွဲရင် မည်သူ့ကိုမှ ဝင်ထွက်သွားလာခွင့်မပြုဘူးလို့ (CNDF) အသိပေး

ဒီဇင်ဘာလ ၁၃ ရက်။ ချင်းပြည်နယ် ဖလမ်းမြို့တွင်းတိုက်ပွဲ ဆင်နွဲလျက်ရှိတာကြောင့် ဖလမ်းမြို့အတွင်း စစ်ဆင်ရေးတိုက်ပွဲဝင်နေသူကလွဲရင် မည်သူ့ကိုမှ ဝင်ထွက် သွားလာခွင့် မပြုကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ဒီကနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ဖလမ်းမြို့အတွင်း ချင်းညီနောင်စစ်ဆင်ရေး တိုက်ပွဲ ဆင်နွဲနေတာကြောင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) အနေနဲ့ လုံခြုံရေးနဲ့ စစ်ရေးအခြေအနေအရ ဖလမ်းမြို့တွင်းကို မည်သူ့ကိုမှ ဝင်ထွက်သွားလာခွင့် မပြုကြောင်း၊ အရေးပေါ်ကိစ္စရှိပါက သက်ဆိုင်ရာ စစ်ရေးတာဝန်ရှိသူထံ အကြောင်းကြားဖို့ကိုလည်း အသိပေးထုတ်ပြန်ထားပါတယ်။ ချင်းညီနောင်အဖွဲ့က ဖော်ဆောင်လျက်ရှိတဲ့ ချင်းညီနောင် စစ်ဆင်ရေး (Operation CB) ကို ဖလမ်းမြို့နဲ့ မင်းတပ်မြို့မှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို နိုဝင်ဘာလ ၉ ရက်နေ့ကနေ စလို့ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ရှိအချိန်ထိ…

Read More

ကမ္ဘာမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံးနိုင်ငံအဖြစ် မြန်မာဆက်လက်ရပ်တည်၊ချင်းပြည်နယ်မှာဘိန်းစိုက်ပျိုးမှု ၁၈ ရာခိုင်နှုန်းတိုးလာ

ဒီဇင်ဘာလ ၁၃ ရက်။ ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံရဲ့ဘိန်းစိုက်ပျိုးမှုဟာ မနှစ်နဲ့ နှိုင်းယှဉ်ရင် ၄ ရာခိုင်နှုန်းကျဆင်းသွားပေမယ့်လည်းကမ္ဘာမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံး နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေ ကြောင်း၊မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ်ဟာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အများဆုံးဒေသ ဖြစ်ကာ ၊အခုနှစ်မှာ ချင်းပြည်နယ်မှာတော့ ဘိန်းစိုက်ပျိုးမှု ၁၈ ရာခိုင်နှုန်းတိုးလာတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးအဖွဲ့ (UNODC) က ဒီဇင်ဘာလ ၁၂ ရက်က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း ဘိန်းစိုက်ပျိုးတဲ့ ဧရိယာ ၄၅,၂၀၀ ဟက်တာ ရှိခဲ့တယ်လို့လည်း UNODC ထုတ်ပြန်တဲ့အစီရင်ခံစာမှာပါရှိပါတယ်။ မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ်ဟာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အများဆုံးဒေသအဖြစ် ၈၈ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။…

Read More

မင်းတပ်မြို့ကို စစ်ကောင်စီကလေကြောင်းကနေ တောက်လျှောက်ဗုံးကြဲတိုက်ခိုက်နေ

ဒီဇင်ဘာလ ၁၂ ရက်။ ချင်းပြည်နယ် မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းကနေ နေ့စဉ်နီးပါး တောက်လျှောက် ဗုံးကြဲတိုက်ခိုက်နေတယ်တဲ့အကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်( CDF-Mindat) ကပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်ကပြောပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့မနက်ပိုင်း ၈ နာရီဝန်းကျင်ကနေ ၉ နာရီခွဲအထိ မကွေးလေတပ်က တိုက်လေယာဉ် Y – 12 နဲ့ မင်းတပ်မြို့ပေါ်နေရာတွေကို တစ်နာရီကျော် ပတ်ပျံပြီး ၁၂၀ မမ ဗုံးသီး ၁၀ လုံးတွဲ၊ (၇)လုံးတွဲ၊ ၅ လုံးတွဲတွေနဲ့ ဗုံး ၇၅ လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ် ကပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က “စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ တောက်လျှောက်လုပ်နေပါတယ်။…

Read More

နွားနောက် ရှာရင်း မိုင်းနင်းမိလို့ ခြေတဖက် ဖြတ်တောက်ရပြီး မျက်လုံး တစ်လုံး ထုတ်ခဲ့ရတဲ့ ချင်းပြည်က Pa Sum Khan Lian ရဲ့ ၁ ရက်တာ ကိုယ်တွေ့မှတ်တမ်း 

(ယခုစာစု သည် မြေမြှပ်မိုင်း၏ သားကောင် ဖြစ်ခဲ့ရသော ချင်းပြည်က အသက် ၃၅ နှစ်အရွယ်အမျိုးသား Pa Sum Khan Lian ကိုယ်တိုင်ရေး အတ္ထုပတ္တိ စာအုပ်မှ ၂၀၂၂ မေလ ၂ ရက်နေ့ မနက် မှ မေလ ၃ ရက်နေ့ မနက် အထိ တစ်ရက်တာ အတွင်း သူကြုံတွေ့ခဲ့ရသည့် အပိုင်းကို တီးတိန်ချင်းဘာသာ စကားမှ သင့်လျော်အောင် မြန်မာဘာသာ သို့ ပြန်ဆိုရေးသား ခဲ့ခြင်းဖြစ်ပါသည်) Pa Sum Khan Lian ဟာ ချင်းပြည်နယ် တီးတိန်မြို့နယ် လိုင်တွီးရွာမှာ မိသားစုနဲ့ အေးချမ်းစွာနေထိုင်သူ တဦးဖြစ်ပြီး ကားမောင်းခြင်း၊ နွားနောက်မွေးမြူခြင်းနဲ့ အသက်မွေးဝမ်းကျောင်းသူတစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ…

Read More

ပြည်တော်ပျက်ကာလ ပြည်တော်သာရွာ ပြာပုံကြားမှ မပျက်သည့် သမ္မာကျမ်းစာအုပ်

ကိုဇံ(ချင်းတောင်) 14 June,2024. (ကလေးမြို့နယ် ပြည်တော်သာရွာသူ ဓမ္မအမှုတော်ဆောင် ဆရာမ တစ်ဦး၏ ကိုယ်တွေ့ ဖြစ်ရပ်မှန် အပေါ် အခြေခံပြီး တင်ဆက် ရေးသားခြင်း ဖြစ်ပါသည်) သူမ အသက် ၂၅ နှစ်ပြည့် ကတည်းက ခရစ်ယာန် ဓမ္မအမှုတော်ဆောင် တစ်ယောက် ဖြစ်လာခဲ့သည်။ အမှုတော် စဆောင်မှ ဆောက်လုပ်ခဲ့သည့် ကလေးမြို့နယ် ပြည်တော်သာရွာ ဈေးရှေ့ရှိ သူမတို့မိသားစု၏ လေးထပ်တိုက်သည် လွန်ခဲ့သည့် နှစ်လ ခန့်အထိ သစ်လွင် တောက်ပနေဆဲ ဖြစ်သည်။ သူမ၏ ဆုတောင်းခန်းတွင် စာလုံးပိုကြီးပြီး အရွယ်အစားပိုကြီးသော သမ္မာကျမ်းစာ တစ်အုပ်ကို ဝယ်ယူပြီး Bible Study လုပ်ဖို့ အတွက် အခန်းတွင်း၌ ထားခဲ့သည်။ အမှုတော်ဆောင် တစ်ယောက် အနေဖြင့် အိမ်တွင်…

Read More

တီးတိန်မြို့မှ ပျောက်ဆုံးနေတဲ့စိတ်မကျန်းမာသူရဲ့အလောင်းကို CDF-Tonzang မှမိသားစုထံပြန်အပ်

ဒီဇင်ဘာလ ၁၁ ရက်။ ဒီဇင်ဘာလ ၆ ရက်နေ့ ညနေပိုင်းက တီးတိန်မြို့နေအိမ်မှ ထွက်ခွါလာကာ ပျောက်ဆုံးနေတဲ့ စိတ်ပိုင်း မကျန်းမာသူ အသက် ၂၉ နှစ်အရွယ် ကိုလန့်ခန့်ဆွင်းရဲ့ရုပ်အလောင်းအား ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ တွန်းဇံမြို့မှာ CDF-Tonzang မှ သေဆုံးသူရဲ့မိသားစုထံသို့ ပြန်လည်လွှဲ အပ်ပေးခဲ့ပြီး တီးတိန်မြို့ရှိ ၄င်းရဲ့နေအိမ်သို့ ရောက်ရှိပြီဖြစ်ကြောင်း တီးတိန်မြို့ နေ လူငယ် တစ်ဦး ထံမှ သိရှိခဲ့ရပါတယ်။ သေဆုံးသူဟာ မလေးရှား ကနေ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့ယွင်းချက် ကြောင့် ဇာတိကို ပြန်လာခဲ့ သည်မှာ နှစ်နှစ် ကျော် ရှိခဲ့သူ ဖြစ်ပြီး ဒီဇင်ဘာလ ၆ ရက်နေ့တွင် တီးတိန်မြို့ရှိ သူ့ရဲ့နေအိမ်ကနေ ထွက်ခွါသွား ကာပျောက်ဆုံး…

Read More

ဖလမ်းမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုသွားလိုရာသွားခွင့်ပေးမယ်လို့ CNOဒုဥက္ကဌက ကမ်းလှမ်း

ဒီဇင်ဘာလ ၁၁ ရက်။ ချင်းပြည်နယ် ဖလမ်းမြို့ စစ်ကောင်စီတပ်ကုန်းက စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ ကမ္ဘာမကျေတဲ့ ရန်သူအဆင့်မရောက်ခင် သွားလိုရာနေရာ သွားခွင့်ပေးမယ့်အကြောင်းနဲ့ လာရောက်ဆက်သွယ်ပေးကြဖို့ ဖလမ်းမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)ရဲ့ဒုဥက္ကဌ ၁ ဆလိုင်းပီတာထန်းက ဒီနေ့ ဒီဇင်ဘာလ ၁၁ ရက်မှာ ၎င်းဖေ့ဘုတ် လူမှုကွန်ယက်ကနေ တဆင့် ကမ်းလှမ်းဖိတ်ခေါ်ထားပါတယ်။ “ကျနော်တို့ရဲ့မြို့ကို ကျနော်တို့ပြန်ယူနေတာက ကျနော်တို့အတွက်တော့ သမိုင်းပေးတာဝန်ပါ။ အဲဒီအတွက် ကိုယ့်အသက်စွန့်ရလည်း ကိုယ့်မြို့အတွက် ကိုယ်ဟာ သူရဲကောင်းအဖြစ်နဲ့ရှိနေမှာ၊ ခဗျားတို့ကျတော့ သူတပါးမြို့ကို ဖျက်ဆီးတဲ့ သူတွေအဖြစ် သမိုင်းမှာ တွင်ကျန်ရစ်တော့မှာ။ ကမ္ဘာမကျေတဲ့ ရန်သူအဆင့်မရောက်ခင် ကျနော်တို့မြို့ကို ပြန်ပေးပါ။ သွားလိုရာနေရာကို သွားခွင့်ပေးမှာပါ။ ဖလမ်းမြို့ကို ထားခဲ့ပြီးသွားမယ်ဆိုရင် ဆက်သွယ်ပေးပါ ဖလမ်းတပ်ကုန်းကို စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ အသေအလဲကာကွယ်တာ ဘာအတွက်လဲ?…

Read More