Headlines

admin

ကန်ပက်လက်မြို့ကနေ စွန့်ခွါထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်ဖမ်းနေတယ်လို့ သိရ

ဒီဇင်ဘာလ ၂၂ ရက်။ ချင်းပြည်နယ် ကန်ပက်လက်မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ချင်းညီနောင်ပူးပေါင်းအဖွဲ့က တိုက်ခိုက်ဖို့ ချဉ်းကပ်စဉ် စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ညမှာဘဲ မြို့ကိုစွန့်ခွာထွက်ပြေးကုန်တာကြောင့် အခုလိုက်ဖမ်းနေတယ်လို့ ချင်းညီနောင်အဖွဲ့ ရဲ့ပြောခွင့်ရ ကိုယောမာန်က ပြောပါတယ်။ ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အဖြစ် ကန်ပက်လက်မြို့သိမ်း စစ်ဆင်ရေးကို ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ စတင်ပြီဖြစ်တဲ့အကြောင်း ပြည်သူလူထုကို အသိပေးတယ်လို့ ချင်းညီနောင်က ဒီကနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က “ ကျနော်တို့ ကန်ပက်လက်ကို တိုက်ခိုက်ဖို့ ချဉ်းကပ်ထားပြီး ပြင်ဆင်တာတော့ကြာပြီ ဒီဇင်ဘာလ ၂၁ ရက်ညမှာ ဝင်တိုက်ဖို့ လုပ်နေတုန်းမှာ စစ်ကောင်စီတွေက စွန့်ခွာထွက်ပြေးသွားတာပါ။…

Read More

တီးတိန်မြို့နယ်မှာ ၅ နှစ် အရွယ် စစ်ရှောင် ကလေး ချောက်ထဲကျ သေဆုံး

ဒီဇင်ဘာလ ၂၂ ရက်။ ဒီဇင်ဘာလ ၂၁ ရက်ညနေပိုင်းမှာ တီးတိန်မြို့နယ် လိုင်ဘုံ ကျေးရွာ လမ်းမကနေ အောက်ချောက်ကမ်းပါးထဲကျပြီး ၁၆ နာရီကျော် ပျောက်ဆုံးနေခဲ့တဲ့ တိုက်ပွဲများကြောင့် တီးတိန်မြို့နယ် အာလွယ်ရွာမှ လိုင်ဘုံရွာကို လာရောက်ခိုလှုံ စစ်ရှောင်နေတဲ့ မိသားစုမှ အသက် ၅ နှစ်အရွယ် ကလေးကို ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းမှာ ပြန်လည်တွေ့ရှိ ကယ်တင်ခဲ့အပြီး မိနစ်ပိုင်း အတွင်းမှာ သေဆုံးသွားခဲ့တယ် လို့ ဒေသခံရွာသား များထံမှ သိရပါတယ်။ “ကလေး က သူ့ သူငယ်ချင်း နှစ်ယောက် နဲ့ ဘောလုံး ကစားရင်း လမ်းမကြီး အတိုင်း ချောင်းဘက်ရှိ ရေအားလျှပ်စစ် စက်ရုံကို သွားကြည့်ဖို့ ထွက်ကြတာ။ ဘောလုံး က…

Read More

ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ ဒီနေ့ စတင်ပြီလို့ ချင်းညီနောင်အဖွဲ့ ကြေညာ

ဒီဇင်ဘာလ ၂၂ ရက်။ ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အဖြစ် ကန်ပက်လက်မြို့သိမ်း စစ်ဆင်ရေးကို ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ စတင်ပြီဖြစ်တဲ့အကြောင်း ပြည်သူလူထုကို အသိပေးတယ်လို့ ချင်းညီနောင်အဖွဲ့က ဒီကနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ ဖလမ်းမြို့၊ မင်းတပ်မြို့တို့ကို မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ လက်ရှိမှာစစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ ဖလမ်းခရိုင်ရဲတပ်ဖွဲ့ရုံး၊ ဖလမ်းမြို့မရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ ဆေးရုံကုန်း နေရာတွေကို တိုက်ခိုက်သိမ်းပိုက်ထားသလို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၄၅ ဦးလည်း လက်နက်ခဲယမ်းတွေနဲ့ အတူ လက်နက်ချခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က ဒီဇင်ဘာလ ၂၀ ရက်နေ့က…

Read More

မဏိပူရ်၊ မီဇိုရမ်နဲ့ နာဂလန်းပြည်နယ်များတွင် နိုင်ငံခြားသားများဝင်ရောက်ခွင့်ကိုပြန်လည်ထိန်းချုပ်

အိန္ဒိယနိုင်ငံအရှေ့မြောက်ဖက်ရှိ မဏိပူရ်၊ မီဇိုရမ် နဲ့ နာဂလန်း ပြည်နယ်များသို့နိုင်ငံခြားသားများ ဝင်ရောက်သွားလာခွင့်၊ အိမ်နီးချင်းနိုင်ငံများမှ ဝင်လာခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ လုံခြုံရေးဆိုင်ရာနဲ့ပတ်သက်ပြီး ကန့်သတ်ချက်များအတွက် (Protect AreaRegime – PAR) ကို အိန္ဒိယဗဟိုအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနကပြန်လည်ပြဌာန်းလိုက်ပါတယ်။ ဒါကြောင့် အဆိုပါပြည်နယ်သုံးခုကို သွားရောက်လိုတဲ့နိုင်ငံခြားသားများအနေနဲ့ ကြိုတင်ခွင့်ပြုချက်များနဲ့ အထူးခွင့်ပြုမိန့်များဖြင့်သာသွားရောက်ဖို့လိုအပ်လာမှာဖြစ်ပါတယ်။ မဏိပူရ်ပြည်နယ်၊ နာဂလန်းပြည်နယ် နဲ့ မီဇိုရမ်ပြည်နယ်တို့မှာ နိုင်ငံခြားသားများရွှေ့ပြောင်းနေထိုင်မှုကို စောင့်ကြည့်ရန် အစီအစဉ်ဖြစ်တဲ့ “အိမ်နီးချင်း နိုင်ငံများမှဝင်ရောက်လာမှုကြောင့် လုံခြုံရေး စိုးရိမ်စရာများ” ဆိုတဲ့ခေါင်းစဉ်နဲ့ညွှန်ကြားချက်ကိုအိန္ဒိယနိုင်ငံဗဟိုအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနက ပေးပို့ခြင်းဖြစ်ကြောင်းဒီဇင်ဘာလ (၁၈)ရက်နေ့က မဏိပူရ်ပြည်နယ်အစိုးရ ပြောကြားလိုက်တာဖြစ်ပါတယ်။ ထိုသို့ အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ပြည်နယ်သုံးခုကို လာရောက်လည်ပတ်တဲ့နိုင်ငံခြားသားများအနေနဲ့ အစိုးရဆီက ကြိုတင်ခွင့်ပြုချက်နဲ့အထူးခွင့်ပြုချက်ရယူရတော့မှာဖြစ်ပြီး ၁၄ နှစ်အကြာပြည်နယ်သုံးခုအတွင်းလွတ်လပ်စွာသွားလာခွင့်လျှော့ပေါ့မှုကို ရုတ်သိမ်းခြင်းဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အရ နိုင်ငံခြားသားတစ်ဦးဟာ ပြည်နယ်သုံးခုကိုလည်ပတ်ဖို့ အကြောင်းပြန်ချက် ကောင်းကောင်းမွန်မွန်မရှိပါကသဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်မြေ၊…

Read More

မင်းတပ်မြို့ကို ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်းသိရ

ဒီဇင်ဘာလ ၂၁ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးလက်ကျန် ခလရ (၂၇၄) တပ်ရင်းကို CDF-Mindat နဲ့ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့က ဒီကနေ့ ဒီဇင်ဘာလ ၂၁ ရက် မနက် ၃ နာရီဝန်းကျင်လောက်မှာ သိမ်းပိုက်နိုင်ပြီလို့ စစ်ရေးအခြေအနေသိရှိသူတွေဆီကသိရပါတယ်။ မင်းတပ်မြို့က စစ်ကောင်စီရဲ့ ခလရ (၂၇၄) ကိုဒီကနေ့ မနက်ပိုင်း ၃ နာရီဝန်းကျင်လောက်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး ဗိုလ်မှုးကြီးအဆင့်ရှိသူတစ်ဦးကိုလည်း အရှင်ဖမ်းမိထားသလို လက်နက်ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်းရမိတယ်လို့ စစ်ရေးအခြေအနေ သိရှိသူတွေက ပြောဆိုထားပြီး ဒီသတင်းနဲ့ ပတ်သက်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်ကို Chin World က ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။ မင်းတပ် ခလရ (၂၇၄) တပ်ရင်းကနေ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ရှိနေတာကြောင့်…

Read More

အိန္ဒိယနိုင်ငံဖက်သို့ ရှားပါးမျောက်များကို မှောင်ခိုတင်သွင်းရန် ကြိုးပမ်းတဲ့ မြန်မာနိုင်ငံသား တစ်ဦးကို မီဇိုရမ်ပြည်နယ်စပ်မှာ ဖမ်းဆီးရမိ

မီဇိုရမ်ပြည်နယ် Camphai ခရိုင်သစ်တောဦးစီးဌာနနဲ့ အာသံရိုင်ဖယ်တပ်များမှ မြန်မာ – အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ် Zokhawthar စစ်ဆေးရေးဂိတ်မှာ ရူးပီးသိန်း (၆၀)တန် တန်ဖိုးရှိ ရှားပါးမျိုးစိတ်‌ဖြစ်တဲ့ De Brazza မျောက် ၄ ကောင်ကို ကယ်တင်နိုင်ခဲ့ပြီး ထိုသို့မှောင်ခိုတင်သွင်းရောင်းဝယ်ရန် ကြိုးစားတဲ့ မြန်မာနိုင်ငံသား တစ်ဦးကို ဒီဇင်ဘာလ (၁၇) ရက်နေ့ဖမ်းဆီးရမိကြောင်း The India Today သတင်းဌာနကဖော်ပြပါတယ်။ တောရိုင်းတိရိစာ္ဆန်များ ရောင်းဝယ်မှုတိုက်ဖြတ်ရေးစီမံချက်ဖြင့် နယ်စပ်ဖြတ်ကျော် သီးခြား ထောက်လှမ်းစစ်ဆေးရေးပွိုင့် III ကို Thangkhupa Kai အနီးတွင် ကင်းစခန်းချကာ နှစ်နိုင်ငံကြား မှောင်ခိုရောင်းဝယ်မှုများကို စောင့်ကြပ်ခဲ့ခြင်းဖြစ်ရာ နယ်စပ်မြို့ Tiau, Khawmawi တွင်နေထိုင်တဲ့ မြန်မာနိုင်ငံသား လတ်ချန်းဟင်မ် (၄၀) နှစ်ကို ဖမ်းစီးရမိခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါမှောင်ခိုကုန်သည်အား…

Read More

ချင်းလူငယ် သရုပ်ဆောင် ဂင်မုန် ခေါင်းဆောင်မင်းသား အဖြစ် ပါဝင်တဲ့ မေတ္တာ ရုပ်ရှင် ဇာတ်ကား ဒီဇင်ဘာ ၂၆ အထိ ဆက်လက် ပြသမည်

ချင်းလူငယ် သရုပ်ဆောင်မင်းသား ဂင်မုန် ခေါင်းဆောင်မင်းသား အဖြစ် ပါဝင် သရုပ်ဆောင်ထားသော နိုင်ငံတကာ ဆုတံဆိပ် ၁၁ ခု ရရှိထားသည့် မေတ္တာ ပရဟိတ ရုပ်ရှင်ဇာတ်ကားကို ဒုတိယ အပတ် အနေဖြင့် ဒီဇင်ဘာလ ၂၀ ရက်နေ့ကနေ ၂၆ ရက်နေ့ အထိ ရန်ကုန်မြို့နဲ့မြန်မာပြည် မြို့ကြီးများရှိ ရုပ်ရှင်ရုံ တချို့မှာ ဆက်လက် ပြသ သွားမယ် လို့ သိရပါတယ်။ “ရှေ့ဆောင် ရုပ်ရှင်ရုံမှာ က နေ့လည် ၁ နာရီ နှင့် ည ၆ နာရီခွဲမှာ ပြသ သွားမယ်။ မင်္ဂလာ ဂမုန်းပွင့်မှာ မနက် ၁၀ နာရီ၊ St. John City Mall ရဲ့…

Read More

Zomi Revolutionary Army (EC)ရဲ့ အပတ်စဉ် ၃၈ ကြိမ်မြောက် စစ်သင်တန်း ဆင်းပွဲ ပြုလုပ်

ဒီဇင်ဘာလ ၂၀ ရက်။ Zomi Revolutionary Army (Eastern Command)ရဲ့ အပတ်စဉ် ၃၈ ကြိမ်မြောက် စစ်သင်တန်းဆင်းပွဲ ကို ဒီကနေ့ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ Zogam လွတ်မြောက်နယ်မြေ ရှိ New Eden စခန်းမှာ အောင်မြင်စွာ ပြုလုပ် ကျင်းပ ပြီးစီး ခဲ့တယ်လို့ ZRA-EC ကိုထောက်ပံ့ကူညီတဲ့ အဖွဲ့အစည်း တစ်ခုရဲ့ ပြောရေးဆိုခွင့် ရှိသူ တစ်ဦး ထံမှ သိရှိရပါတယ်။ “လက်ရှိ လုံခြုံရေး နှင့် ဒေသ အရေး တွေကြောင့် သင်တန်း ပြီးမြောက်သူ ဘယ် နှစ်ယောက် ရှိတယ် ဆိုတာမျိုး ပြောပြဖို့ မရှိပါဘူး။ သင်တန်း ဆင်းပွဲကို အောင်မြင်စွာ ကျင်းပ ပြီးစီး…

Read More

ချင်းလူထုအသိုင်းအဝိုင်းကြား စာပေဟောပြောပွဲ ပြုလုပ်သင့်ပြီ

ဒေါက်တာဆလိုင်းခင်မောင်သိန်း(ပညာရေး) လူမျိုးအသီးသီး၊ ဘာသာစကား အသီးသီးတို့တွင် အများအားဖြင့် စာနှင့်စာပေရှိကြ၏။ စာနှင့်စာပေ မရှိသော လူမျိုးငယ်များမှာ ယခုအခါ ကမ္ဘာပေါ်၌ ပြောပလောက်အောင် မရှိတော့ချေ။ စာရေးဆရာများက စာပေဟောပြောပွဲ လုပ်ကြတယ်ဆိုတာ ကျနော်တို့ပြည်သူတွေ အသိပညာရဖို့အတွက်တတ်နိုင်သမျှ မှတ်မိခဲ့ရာ အခြေအနေလေးတွေကို လာရောက်ပြီး ရှင်းပြတဲ့သဘောပါပဲ၊ အဲဒီမှာ အမျိုး ဘာသာ သာသနာ ထိခိုက်မယ့်ကိစ္စ လူမျိုးရေးကိစ္စတွေ မပါပါဘူး၊ စာပေဟောပြောပွဲမှာ ဗဟုသုတတွေ ပါဝင်တတ်သလို့ အသိညဏ်တွေ၊ စိတ်ခွန်အားတွေ ပေးစွမ်း နိုင်တဲ့အတွက် ဗီတာမင် အားဆေးတစ်ခွက်လို့ပဲတင်စားချင်ပါတယ်။ လူမှှုကိစ္စအ၀၀ ပြဿနာအ၀၀ကိုလည်း ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ ကောင်းမွန်တဲ့ အကြံညဏ်တွေပေးနိုင်တဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပါ။ ပျင်းရိနေတဲ့ အခါမှာ အတူတူရှိပေးနိုင်မယ့် အဖော်မွန်ကောင်းတစ်ယောက်ပါ။ ဝမ်းနည်းနေတဲ့ အချိန်မှာ စိတ်ဓာတ်ခွန်အားတွေပေးနိုင်တဲ့ စွမ်းအားရှင်တစ်ယောက်ပါ။ လဲကျနေချိန်မှာ ဆွဲထူပေးနိုင်တဲ့ မိတ်ဆွေကောင်းတစ်ယောက်ပါ။…

Read More

မင်းတပ်၊ဖလမ်းမြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား နဲ့ ရဲတပ်သား စုစုပေါင်း ၁၆၈ ဦး လက်နက်ချအညံ့ခံတယ်လို့ ချင်းညီနောင်အဖွဲ့ထုတ်ပြန်

ဒီဇင်ဘာလ ၂၀ ရက်။ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ်ဖော်ဆောင်လျက်ရှိတဲ့ မင်းတပ်မြို့နဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲတွေမှာ လက်ရှိမှာ မင်းတပ်နဲ့ဖလမ်းကစစ်ကောင်စီစခန်းအတော်များများကိုသိမ်းပိုက်ထားနိုင်ပြီး မင်းတပ်နဲ့ဖလမ်းက ရဲတပ်ဖွဲ့ဝင်နဲ့ စစ်ကောင်စီတပ်သား ၁၆၈ ဦး လက်နက်ချ အညံ့ခံတာတွေရှိတဲ့အကြောင်း ချင်းညီနောင်အဖွဲ့က ဒီကနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့က မင်းတပ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်းအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း (၁၂၃) ဦး ဟာ ၎င်းတို့မိသားစုဝင်တွေနဲ့ အတူလက််နက်ချအညံ့ခံတာတွေရှိခဲ့သလို ဖလမ်းမြို့က ဖလမ်းခရိုင်ရဲတပ်ဖွဲ့ရုံး၊ ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ ထွေအုပ်ရုံးနဲ့ဆေးရုံကုန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၄၅ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ နိုဝင်ဘာလ ၁၂ ရက်နေ့က လက်နက်ချ အညံံ့ခံခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့ကထုတ်ပြန်ထားပါတယ်။ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ…

Read More