
ရန်ကုန်မြို့မှာ ဒဏ်ရာများနဲ့ သေဆုံးနေတဲ့ အသက် ၃၀ ကျော်ချင်းအမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းတွေ့ရှိ
မတ်လ ၂၁ ရက်။ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ဒဂုံမြို့နယ် (၁၂၀) ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းက ရေမြောင်းထဲမှာ ဒဏ်ရာများနဲ့ သေဆုံးနေတဲ့ အသက် ၃၀ ကျော်ချင်းအမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းတခုကို မနေ့မတ်လ ၂၀ ရက်နေ့မနက် ၇ နာရီဝန်းကျင်မှာ တွေ့ရှိခဲ့တယ်လို့ သေဆုံးသူနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ သေဆုံးသူဟာ ဆလိုင်းဆန်းပွီး( ၃၂) နှစ်အရွယ်ဖြစ်ပြီး ညာဘက်မျက်လုံးတဝိုက် ထိခိုက်ဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာလို့ သိရပြီး ဆလိုင်းဆန်းပွီးဟာ ချင်းပြည်နယ်၊မတူပီမြို့နယ် ဇာတိသားဖြစ်ပေမယ့် ရန်ကုန်မှာနေထိုင်ကြီးပြင်းခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။ သေဆုံးသွားသူရဲ့ မိတ်ဆွေတစ်ဦးက “သတင်းစစကြားခြင်းတော့ ကားတိုက်ခံထားရတယ်လို့ပဲကြားတာ အခုတက်လာတဲ့ သတင်းတွေအရတော့ အသတ်ခံရတယ်လို့ ပြောလို့ရတယ် ဒါပေမယ့် အသတ်ခံရတာလား accident ဖြစ်တာလား သေချာတော့ မပြောတတ်သေးဘူးပေါ့နော် သူကအရင်ကတည်းက ရန်ကုန်မှာ နေထိုင်တဲ့သူဖြစ်တယ်…