
ချင်းတောင်တန်းက တိမ်ဖုံးနေသော ကြယ်ကလေး
လွန်ခဲ့တဲ့ ၇ နှစ် 9-7-2018 (Monday) က ဆရာမ သစ်ဇင် ရေးသားခဲ့တဲ့ ချင်းပြည်နယ် ချင်းတောင်တန်း ချင်းလူမျိုးတို့ပါဝင်တဲ့ ကျောင်းဇာတ်လမ်းလေးတစ်ပုဒ် ကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်။ Chin World Media (ချင်းပြည်နယ် ချင်းတောင်တန်း ချင်းလူမျိုးတို့ပါဝင်တဲ့ ကျောင်းဇာတ်လမ်းလေးတစ်ပုဒ်ပါ အားပေးဝေဖန် ဖြည့်စွက်ပေးကြပါဦး) 9-7-2018 (Monday ) By Thit Zin တိမ်တွေနေတဲ့အရပ် မြူတွေဝေတဲ့အရပ် မိုးတွေသည်းတဲ့အရပ် နှင်းတွေမစဲတဲ့အရပ် ပန်းတွေပွင့်တဲ့အရပ် အလွမ်းတွေသင့်စေတဲ့အရပ် အရာအားလုံးနှင့်ပြည့်စုံနေသောအရပ် ချစ်ရသူတို့ချစ်သောအရပ် ***@@နွယ် ချင်းပြည်ကြီး ကို ချစ်သည် ။အထက်တန်းကျောင်းသူဘဝ ချင်းပြည်ဆိုတာဘာမှန်းမသိခင်ကတည်းက ချစ်သည်။ သိခဲ့ရတာကတော့ တောအလှ တောင်တန်း အလှများနဲ့အင်မတန်မှအချမ်းဓာတ်လွန်ကဲလှတဲ့ပြည်နယ်ကြီးပေါ့ ။ချင်းတိုင်းရင်းသားတွေကလည်း သိပ်ကို ရိုးသားပွင့်လင်းကြသည်ဆိုပဲ။ ထိုကဲ့သို့ချစ်ခဲ့ရသော ချင်းပြည်ကို transfer…