ချင်းပြည်နယ်က ရွေးကောက်ပွဲမလုပ်နိုင်တဲ့ မြို့နယ် (၇) မြို့နယ်ကို အရေးပေါ်ကြေညာထားတာဟာ စစ်ကောင်စီရဲ့ အငြိုးထားတိုက်ခိုက်ချင်တဲ့ သဘောထားသာဖြစ်တယ်လို့ ချင်းညီနောင်အဖွဲ့ကပြော
ဩဂုတ်လ ၄ ရက်။ ချင်းပြည်နယ်က မြို့နယ် ၉ ခုထဲမှ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ် ၇ မြို့နယ်ကို ရက်ပေါင်း ၉၀ အရေးပေါ်အခြေအနေ ကြေညာထားတာဟာ ရွေးကောက်ပွဲမလုပ်နိုင်မယ့်နေရာတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့ အငြိုးထားတိုက်ခိုက်ချင်တဲ့ သဘောထားကို တွေ့ရတယ်လို့ ချင်းလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့ (CB) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကပြောပါတယ်။ ချင်းညီနောင် (CB) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က “မြို့နယ် (၇) မြို့နယ်ကို ရက်ပေါင်း ၉၀ ကြေညာတယ်ဆိုတာက အဓိကတော့ သူရွေးကောက်ပွဲ မလုပ်နိုင်တဲ့နေရာတွေကို သူ့ရဲ့အဓိကရည်ရွယ်ချက်က ရွေးကောက်ပွဲပဲဆိုတော့ သူရွေးကောက်ပွဲမလုပ်နိုင်တဲ့နေရာတွေကို ရွေးပြီးမှ ကြေညာတယ်ပေါ့နော် အဲလိုမကြေညာထားတဲ့မြို့နယ်တွေကိုတော့ ရွေးကောက်ပွဲ လုပ်နိုင်ဖို့ ကြိုးစားမယ်လို့ မြင်ရတယ် အဲဒီရွေးကောက်ပွဲမလုပ်နိုင်တဲ့နေရာတွေ စစ်အုပ်ချုပ်ရေးကြေညာတဲ့နေရာတွေကို အငြိုးထားတိုက်ခိုက်ချင်တယ်ဆိုတဲ့ သဘောထားတွေ့ရတယ်…

