
မင်းလှမြို့နယ်အတွင်းက ရပ်ရွာတွေကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးကျော်သေဆုံးတယ်လို့ ACDF နဲ့ မဟာမိတ်အဖွဲ့က ပူးတွဲထုတ်ပြန်
ဧပြီလ ၁၇ ရက်။ သင်္ကြန်ကာလအတွင်း မင်းလှမြို့နယ် ပုသိမ်၊ မုံရွာ လမ်းဘေးတလျောက်ရှိ ကျေးရွာတွေကို ကပစက အင်အားတွေနဲ့ စုဖွဲ့ပြီး စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) နဲ့ မဟာမိတ်တွေက ဟန့်တားတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၃၀ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဧပြီလ ၁၇ ရက်နေ့မှာ ACDF နဲ့မဟာမိတ်အဖွဲ့က ပူးတွဲထုတ်ပြန်ပါတယ်။ မင်းလှမြို့နယ်အတွင်း ဧပြီလ ၁၂ ရက်နေ့ကစလို့ ရပ်ရွာတွေကို စတင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဧပြီလ ၁၄ ရက်နေ့မှာ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အထက်မင်းလှ)၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) တို့က ပူးပေါင်းပြီး ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီးနောက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းတွေကို လက်ခံပူးပေါင်းနေတဲ့ မင်းလှမြို့နယ်ရှမ်းတပ်ကြီးတိုက်နယ်ရဲစခန်းကိုလည်း…