
မနေ့က စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် မင်းတပ်မြို့နဲ့ကန်ပက်လက်မြို့မှာ လူအထိခိုက်တော့ မရှိပေမယ့် နေအိမ်အဆောက်အဦးအလုံး ၂၅ ကျော် ထိခိုက်ပျက်စီးခဲ့ရ
ဧပြီလ ၃ ရက်။ မနေ့ ဧပြီလ ၂ ရက်နေ့ နေ့လည်ပိုင်း ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် မင်းတပ်မြို့နဲ့ကန်ပက်လက်မြို့မှာ လူအထိခိုက်တော့ မရှိပေမယ့် နေအိမ်အဆောက်အဦးအလုံး ၂၅ ကျော်ထိခိုက်ပျက်စီးခဲ့ရပြီး ဒီကနေ့မှာတော့ လေကြောင်းတိုက်ခိုက်တာတော့ မရှိကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်ကပြောပါတယ်။ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က“ပြည်သူထိခိုက်မှုတော့ မရှိပါဘူး နေအိမ် အဆောက်အအုံတွေတော့ ၅ အိမ်လောက်တော့ ထိခိုက်ပါတယ်။ အနည်းငယ်ထိခိုက်တဲ့ အိမ်တွေလည်း ၅ အိမ်လောက်ရှိတယ် လေကြောင်းတိုက်ခိုက်မှု ဒီနေ့မှာတော့ မရှိပါဘူး” လို့ပြောပါတယ်။ အလားတူ ဧပြီလ ၂ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကန်ပက်လက်မြို့ပေါ်က ပြည်သူ့နေအိမ် (၅)လုံး၊ အစိုးရအဆောက်အဦးများဖြစ်တဲ့ ထွေအုပ်ရုံး…