
တိုက်ပွဲမရှိဘဲ တီးတိန်မြို့နယ်၊ ဆိုင်းဇန်ရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၆ ဦး သေဆုံး
ဧပြီလ ၁၀ ရက်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ချင်းပြည်နယ်၊ မြောက်ပိုင်း တီးတိန်မြို့နယ် ဆိုင်းဇန်ကျေးရွာကို မနေ့ဧပြီလ ၉ ရက်နေ့ ည ၁၁ နာရီဝန်းကျင်လောက်မှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ နေအိမ် ၃ လုံးပြာကျကာ ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၆ ဦး သေဆုံးခဲ့ရတယ်လို့ တီးတိန်ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “ မနေ့ည ၁၁ နာရီဝန်းကျင်လောက်မှာ ပေါင် ၁၀၀၀ ဗုံးနဲ့ လေကြောင်းကနေ တိုက်ခိုက်သွားတယ် ကလေး ၅ နှစ်ရွယ်၊ ၁၀ နှစ်အရွယ် အပါအဝင် မိသားစုဝင် ၆ ဦးလုံး သေဆုံးသွားတယ် နေအိမ်တွေလည်း ၃ လုံးလောက်ပြာကျသွားတယ် ၁၀ အိမ်ကျော်လောက်က ပျက်စီးသွားတယ်” လို့…