
နိုင်ငံရေးဖိအားတွေကြောင့် လားရှိုးမြို့က ဆုတ်ခွါခဲ့ရတဲ့အတွက် များစွာဝမ်းနည်းရကြောင်း MNDAA ထုတ်ပြန်
ဧပြီလ ၂၆ ရက်။ နိုင်ငံရေးဖိအားတွေကြောင့် ရှမ်းပြည်နယ်၊ လားရှိုးမြို့မှဆုတ်ခွါခဲ့ရတဲ့အတွက် များစွာဝမ်းနည်းရကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က MNDAA ရဲ့ The Kokang မီဒီယာကနေတဆင့်ဒီကနေ့ ဧပြီလ ၂၆ ရက်မှာသတင်းထုတ်ပြန်ပါတယ်။ “နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာခဲ့ရသည့်အတွက်လည်း များစွာဝမ်းနည်းရပါကြောင်း ကျန်းမာရေးဌာန၏တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်” လို့ The Kokang မီဒီယာရဲ့ဖော်ပြချက်မှာ ပါရှိပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီနဲ့ MNDAA (ကိုးကန့်တပ်)အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက် ကိုးကန့်တပ်ဟာ လားရှိုးမြို့ပေါ်ကနေ ဧပြီ ၂၁ ရက်မှာ အပြီးထွက်ခွါခဲ့ရပြီးနောက် လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ဝင်ရောက်လည်ပတ်နေပြီဖြစ်ပါတယ်။ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA က ၂၀၂၄ ခုနှစ် ဩဂုတ် ၃…