မီဇိုရမ်ပြည်နယ်ထဲ မူးယစ်ဆေးဝါး အရောင်းဝယ်လုပ်တဲ့ မြန်မာနိုင်ငံသားတစ်ဦး မြန်မာနိုင်ံငံပြန်ပို့ခံရ
ဇွန်လ ၂၅ ရက်။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ထဲဝင်ရောက်ပြီး မူးယစ်ဆေးဝါး အရောင်းဝယ်လုပ်တဲ့ မြန်မာနိုင်ငံသားတစ်ဦးကို လောင်တလိုင်ခရိုင်အခြေစိုက် ဗဟိုလိုင်လူငယ်အသင်း (CYLA) က မြန်မာနိုင်ငံဘက်ကို ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က ပြန်ပို့လိုက်တယ်လို့ သိရပါတယ်။ လောင်တလိုင်ခရိုင်မှာ နေထိုင်သူတစ်ဦးက “မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုနဲ့ ၂၁ ရက်နေ့က CYLA ရဲ့မူးယစ်ဆေးဝါးလျှော့ချရေးအဖွဲ့ Drug Squad က နယ်စပ်အထိ ပို့လိုက်တယ်လို့ကြားတယ် သူက စစ်ရှောင်တော့မဟုတ်ဘူး ဒီမှာ စီပွားရေးလာလုပ်ပြီး နေတဲ့သူမျိုးလို့ လို့သိရတယ်” လို့ပြောပါတယ်။ မြန်မာနိုင်ငံပြန်ပို့ခံရတဲ့ အဆိုပါအမျိုးသားဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ – တမူးမြို့ကြားက ဇိုမွှန်ကျေးရွာနေ ဒေသခံတစ်ဦးလို့လည်း သိရပါတယ်။ ဇွန်လ ၂၄ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ် ကျန်ဖိုင်မြို့ပေါ်မှာ…

