Headlines

admin

ကလေး – ဂန့်ဂေါ ဒေသ တိုက်ပွဲတွေအတွင်း ရဲဘော် ၁၂ ဦး ကျဆုံးခဲ့တယ်လို့ CDF – KKG ထုတ်ပြန်

ဇန်န၀ါရီလ ၁၆ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း အခြေပြုစစ်ရေးလှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Chinland Defense Force – Kalay Kabaw Gangaw (CDF – KKG ) တပ်ဖွဲ့ဝင် ၁၂ ဦး ဟာ ကလေး – ဂန့်ဂေါ ဒေသ တိုက်ပွဲတွေအတွင်း ကျဆုံးခဲ့ရပြီလို့ ဇန်နဝါရီလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကျဆုံးရဲဘော် အများစုဟာ ကလေးတောင်ပိုင်း ကလေး – ဂန့်ဂေါအကြားမှာရှိတဲ့ အာဏာသိမ်း စစ်ကော်မရှင်နဲ့တိုက်ပွဲအကြား ကျဆုံးခဲ့ကြတာလို့လည်း CDF – KKG ထုတ်ပြန်ချက်အရ သိရပါတယ်။ ကလေးမြို့နယ် မှန်တော တိုက်ပွဲအတွင်း ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၇)…

Read More

မျက်နှာမူရာဆီသို့ အရောက်လှမ်းခဲ့သူ ချင်းသတင်းသမား Pu Tui Dim ( ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အမှတ်တရ)

ရေး – DonBosco Pu Tui Dim သည် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကို အိန္ဒိယ-မြန်မာနယ်စပ်၌ စတင်တည်ထောင်ရာတွင်ပါ၀င်သူဖြစ်ကာ ချင်းပြည်နယ်၏ ပထမဆုံးသတင်းဌာနဖြစ်သော ခေါနူးသုမ် (Khonumthung News) ၏ အယ်ဒီတာချုပ်အဖြစ်လည်းကောင်း၊ တိုင်းရင်းသားမီဒီယာများစုဖွဲ့သည့် ကွန်ရက် (BNI) ကို တည်ထောင်သူ၊ ချင်းလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF/A)ရဲ့တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည်။ Pu Tui Dim သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် ချင်းပြည်နယ်၊ မတူပီ-ဟားခါးလမ်းပေါ်၌ စစ်ကော်မရှင်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး၊ အခြားသော အရပ်သား ၉ ဦးနှင့်အတူ လူသားဒိုင်းအဖြစ် အသုံးပြုခံရကာ ဇန်နဝါရီလ ၉ ရက်နေ့တွင် ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခြင်း ခံခဲ့ရကာ ယခု ၂၀၂၅…

Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကော်မရှင်လက်ချက်ကြောင့် ချင်းပြည်နယ်က အမျိုးသမီး ၈ ဦးသေဆုံး

ဇန်နဝါရီလ ၁၅ ရက်။ မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကော်မရှင် လက်ချက်ကြောင့် ၂၀၂၅ ခုနှစ်၊ တစ်နှစ်တာအတွင်း အမျိုးသမီး (၇၉၂) ဦးသေဆုံးခဲ့ရတဲ့အထဲ ချင်းပြည်နယ်က အမျိုးသမီး (၈) ဦးလည်း ပါဝင်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) ရဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၆၂၁ ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ၁၀၂ ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် ၃၉ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၁၃ ဦး၊ မီးရှို့သတ်ဖြတ်ခံရမှုကြောင့် ၆ ဦး ၊ ပဋိပက္ခနှင့် ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေကြောင့် ၅ ဦး၊၊ ထောင်တွင်းဆေးဝါးကုသခွင့် မရရှိမှုတွေကြောင့် ၃ ဦး နဲ့ ကျည်ထိမှန်မှုကြောင့်…

Read More

ဟားခါးမြို့က တင်ဒါကုမ္ပဏီတချို့နဲ့ လူပုဂ္ဂိုလ်တချို့ကို CDF – Hakha က အမည်ပျက်စာရင်းကြေညာထားပြီး လာရောက်ဖြေရှင်းကြဖို့သတိပေး

ဇန်နဝါရီလ ၁၅ ရက်။ ချင်းပြည်နယ် ၊ ဟားခါးမြို့နယ်က တင်ဒါကုမ္ပဏီတချို့နဲ့ လူပုဂ္ဂိုလ်တချို့ကို အမည်ပျက်စာရင်း ကြေညာပြီး ၎င်းတို့အနေဖြင့် ၁၅ ရက်အတွင်း လာရောက်ဖြေရှင်းခြင်းမရှိရင် ပိုင်ဆိုင်မှုတွေ သိမ်းပိုက်ပြီး ဟားခါးမြို့နယ်အတွင်း စီးပွားရှာနေထိုင်သွားလာခွင့် ပိတ်ပင်သွားမယ်လို့ CDF – Hakha Central Council က ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ CDF – Hakha Central Council က ကြေညာတဲ့ အမည်ပျက်စာရင်းမှာ ပါရှိတဲ့ ကုမ္ပဏီ၊ လူပုဂ္ဂိုလ်တွေဟာ စစ်အုပ်စုရဲ့ အစေတော်ခံ ဒုတိုင်းမှူး၊ ဗျူဟာမှူးကအစ ၊ ဝန်ကြီးချုပ် နဲ့ ဝန်ထမ်းတွေ အားလုံးနဲ့ပူးပေါင်းပြီး အကျင့်ပျက်ခြစားမှုနဲ့ ကိုယ်ကျိုးအတွက် နာမည်မျိုးစုံနဲ့ ကုမ္ပဏီတွေထောင်နေကြတာလို့လည်း ဖော်ပြထားပါတယ်။ တင်ဒါလုပ်ငန်းတွေမှာလည်း…

Read More

ဖလမ်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်းနဲ့အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီး

ဇန်န၀ါရီလ ၁၄ ရက်။ ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ် ၊ ဟားခါး – ဖလမ်းကြားမှာရှိတဲ့ လဲန်သဲ ( Lente ) ကျေးရွာကို စစ်ကော်မရှင်က ဒီကနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ မနက်အစောပိုင်း ၁ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်းနဲ့ အရပ်သားအဆောက်အအုံ တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်ဆီကသိရပါတယ်။ ဒေသခံ သတင်းရင်းမြစ်က “ လဲန်သဲရွာက ဟားခါး -ဖလမ်းကြားမှာ ရှိတဲ့ ကျေးရွာဖြစ်တယ် နောက်ပြီး ဝေဘူလဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ လဲန်သဲရွာဘက်ကနေ လာကြတာဖြစ်တယ် မနေ့ကလည်း အပြန်အလှန်ပစ်ခေတ်မှုတွေ ရှိတယ် လဲန်သဲရွာမှာ အရပ်သားမရှိတာက ကြာပြီ ဆိုတော့ မနေ့ညက…

Read More

အရှေ့တီမောနိုင်ငံ သမ္မတ José Ramos-Horta နှင့် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) တွေ့ဆုံပြီး မြန်မာပြည်တွင်း စစ်ရာဇဝတ်မှုများကို တင်ပြ

ဇန်န၀ါရီလ ၁၄ ရက်။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ အမှုဆောင်ညွှန်ကြားရေးမှူး Salai Za Uk ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အာဆီယံအဖွဲ့၀င် အရှေ့တီမောနိုင်ငံ (Timor-Leste) ၊ ဒီလီမြို့ရှိ သမ္မတနန်းတော်သို့ သွားရောက်ပြီး သမ္မတ José Ramos-Horta နဲ့ တစ်နာရီကြာ အရေးကြီးတဲ့ တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ CHRO ကထုတ်ပြန်ပါတယ်။ ဒီတွေ့ဆုံမှုအတွင်း ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းမှာ အာဏာသိမ်းစစ်ကော်မရှင်က ကျူးလွန်နေတဲ့ “ထိတ်လန့်ခြောက်ခြားဖွယ်ရာ အုပ်ချုပ်မှုစနစ်” နဲ့ စစ်ရာဇဝတ်မှု အထောက်အထားတွေကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပါတယ်။ အထူးသဖြင့် စစ်ကော်မရှင်က ဆေးရုံ၊ စာသင်ကျောင်းနဲ့ ဘုရားကျောင်းတွေကို လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ၊ အရပ်သားပြည်သူတွေကို စနစ်တကျ သတ်ဖြတ်နေတာတွေကို သမ္မတထံ အသိပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၂ ခုနှစ်က…

Read More

မတူပီမြို့နယ်အတွင်း သတင်းထောက်နှင့် ကလေးငယ်အပါအဝင် ၁၀ ဦး အစုလိုက်သတ်ဖြတ်ခံခဲ့ရမှုအပါအဝင် စစ်ရာဇဝတ်မှုများအတွက် အရှေ့တီမောနိုင်ငံမှာ တရားစွဲဖို့လျှောက်ထား

ဇန်န၀ါရီလ ၁၃ ရက်။   မြန်မာစစ်ကော်မရှင်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေထဲမှာ ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတုန်းက Khonumthung သတင်းဌာနရဲ့ သတင်းသမားတစ်ဦးနဲ့ ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် လူ ၁၀ ဦးကို ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်အပါအဝင် မြန်မာပြည်သူများအပေါ် ကျူးလွန်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အရှေ့တီမော(Timor-Leste) နိုင်ငံ၊ Dili မြို့က အစိုးရရှေ့နေရုံးမှာ တရားစွဲဆိုနိုင်ရေးအတွက်လျှောက်ထားစာကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့က တင်သွင်းခဲ့ပါတယ်။ ဒီအမှုကို Chin Human Rights Organisation (CHRO) ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Salai Za Uk ဦးဆောင်တဲ့အဖွဲ့ကနေ Myanmar Accountability Project (MAP) ရဲ့ ဝန်းရံပံ့ပိုးမှုနဲ့အတူ Timor-Leste နိုင်ငံအခြေစိုက် Da Silva Teixeira & Associados Lda ရှေ့နေအဖွဲ့က ရှေ့နေတွေဖြစ်တဲ့ Jose Teixeira နဲ့ Nuno…

Read More

ပလက်ဝမြို့မှာ ခရစ်ယာန်သာသနာပိုင်ကြီး ဘီးရှော့ဗာနဗထောင်ဝှေ့ ခရစ်တော်၌ အိပ်ပျော်

ဇန်နဝါရီလ ၁၃ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဒေသခံချင်းလူမျိုး “ အင်္ဂလီကန် အသင်းတော်၊စစ်တွေသာသနာပိုင်နယ်၊ သာသနာပိုင်ကြီး ဘီးရှော့ဗာနဗထောင်ဝှေ့ အသက်တော် ၈၂ နှစ်၊ သိက္ခာတော် ၅၇ ဝါ ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ ည ၉ နာရီ ခွဲဝန်းကျင်မှာ ပလက်ဝမြို့မှာ ခရစ်တော်၌ အိပ်ပျော်သွားတယ်လို့ သိရပါတယ်။ အင်္ဂလီကန် အသင်းတော်၊သာသနာပိုင်ကြီး ဗာနဗထောင်ဝှေ့ကို မနေ့က ဇန်နဝါရီ (၁၂) ရက်နေ့ မွန်းလွဲပိုင်းအချိန် ပလက်ဝမြို့မှာ ခရစ်ယာန်ထုံးတမ်းစဉ်လာနဲ့အညီ င်္သဂြိုလ်ခဲ့ပြီး ပလက်ဝမြို့က လူထုပရိတ်သတ်တို့ လိုက်ပါပို့ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။ ချင်းပြည်နယ်၊ ပလက်ဝဒေသခံ စစ်တွေသာသနာပိုင်နယ်မှ သာသနာပိုင်ကြီး (အနားယူသာသနာပိုင်ကြီး) ဘီးရှော့ဗာနဗထောင်ဝှေ့ ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပိုခဲ့တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA)…

Read More

ချင်းပြည်နယ်မှာ ဒီဇင်ဘာလအတွင်း မိုင်းကြောင့် ၂ဦး သေဆုံး၊ ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့

ဇန်နဝါရီလ ၁၃ ရက်။ ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ တစ်လအတွင်း မိုင်းကြောင့် ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ Women for Justice – Wj ရဲ့ ဒီကနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ ထုတ်ပြန်တဲ့ ဒီဇင်ဘာလအတွင်းချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအခြေအနေ ဖော်ပြချက်မှာ တွေ့ရပါတယ်။ ဒါ့ပြင် ချင်းပြည်နယ်နယ်မှာ ဒီဇင်ဘာလ တလအတွင်း စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၃၄ လုံး နဲ့ ဘုရားကျောင်း ၃ ကျောင်း ထိခိုက်ပျက်စီးခဲ့ရပြီး လူငယ် ၄ ဦးကိုလည်း စစ်ကော်မရှင်က ဖမ်းဆီးခဲ့တယ်လို့ Women for Justice ရဲ့ ဖော်ပြချက်အရ သိရပါတယ်။…

Read More

မီဇိုရမ်ပြည်မှာ ၂၀၂၅ ခုနှစ်အတွင်း တီဘီရောဂါဖြင့် သေဆုံးသူ ၁၄၅ ယောက်ရှိကာ ၆ နှစ်အတွင်း သေဆုံးသူအများဆုံးဖြစ်

ဇန်နဝါရီလ ၁၃ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရရဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်အတွင်း မီဇိုရမ်မှာ တီဘီ(အဆုတ်ရောင်)ရောဂါနဲ့ သေဆုံးတဲ့သူ ၁၄၅ ယောက်အထိ ရှိခဲ့ကာ ဒါဟာ ၆ နှစ်တာကာလအတွင်းမှာ သေဆုံးသူအများဆုံး စံချိန်တင်သွားတာဖြစ်သလို၊ လူနာ ၂၆၇ ယောက်ကတော့ တီဘီရောဂါအပြင် HIV/AIDS ပါ နှစ်မျိုးစလုံး ခံစားနေရတယ်လို့ The Hindu သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ၂၀၂၅ ခုနှစ်အတွင်းမှာ တီဘီရောဂါသည် လူနာသစ် ၂,၂၇၅ ယောက် တွေ့ခဲ့ပြီး အဲဒီထဲက ၁,၉၀၀ ကိုတော့ အစိုးရဆေးရုံနဲ့ ကျန်းမာရေးဌာနတွေမှာ စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကျန်တဲ့ ၃၇၅ ယောက်ကိုတော့ ပုဂ္ဂလိက ဆေးခန်းတွေမှာ တွေ့ခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က တွေ့ခဲ့တဲ့…

Read More