
တွန်းဇံမြို့ကို စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်၊ အရပ်သား တစ်ဦး ဒဏ်ရာ ရရှိ
မေလ ၁၉ ရက်။ ဒီကနေ့ မေလ ၁၉ ရက်နေ့ နေ့လည် ၁၂ နာရီခန့်မှာ တွန်းဇံမြို့နယ် ရဲစခန်း ပတ်ဝန်းကျင်ကို စစ်ကောင်စီ မှ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက် ခဲ့ရာ အဆောက်အဦး ပျက်စီးမှု တချို့ ရှိပြီး အရပ်သား ပြည်သူ တစ်ဦး ဒဏ်ရာ ရရှိသွားတယ် လို့ ဒေသခံများ ပြောကြား ချက် အရ သိရှိရပါတယ်။ “ဗုံးက တော့ ရဲစခန်းအောက်မှာ ရှိတဲ့ စီမံကိန်းရုံးကို ထိသွားတယ်။ CC တပ်တွေ ထိခိုက်တာမျိုး မကြားရသေးဘူး။ သူတို့ ကြိုတင် ကာကွယ် ရှောင်တိမ်း နိုင်တယ် လို့ပြောကြတာမျိုးလည်း ကြားရတယ်။ အရပ်သား တစ်ဦး ဒဏ်ရာ ရသွားတယ်။…