စစ်ကော်မရှင်တပ် ပစ်ခတ်မှုကြောင့် တီးတိန်မြို့မှာ ခရီးသွားပြည်သူ ၁ ဦး သေဆုံး
ဒီဇင်ဘာလ ၄ ရက်။ နိုဝင်ဘာလ ၂၇ ရက်နေ့က တီးတိန်မြို့နယ် ကနေဒီတောင် အရှေ့ဘက်ခြမ်း လမ်းလွှဲ တစ်နေရာမှာ စစ်ကော်မရှင်တပ်စစ်သားတွေက ခရီးသွား အရပ်သား ကားတစီးကို ပစ်ခတ်ခဲ့တာကြောင့် ကျည်ထိမှန်ခံရတဲ့ အရပ်သား ခရီးသွားအမျိုးသား ၁ ဦးဟာ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ သေဆုံးသွားခဲ့တယ် လို့ တီးတိန်မြို့ဒေသခံများရဲ့ ပြောပြချက် အရ သိရပါတယ်။ သေဆုံးသူ Pa Ngo Vungh ဟာ တီးတိန်မြို့နယ် Buan ရွာသား တစ်ဦး ဖြစ်ပြီး ရွာကနေ ကလေးမြို့ ဆင်းဖို့ ဒိုင်နာကား တစီးဖြင့် တခြား လူ နှစ်ဦး နဲ့ ဆင်းလာခြင်း ဖြစ်ကြောင်း၊ ကနေဒီလမ်းခွဲ ကနေ တွီးဆောက်-ပိမ်းပိ-ခိုင်ကမ်း လမ်း…

