
တော်လှန်ရေး ၄ နှစ်တာမှာ CDF – Lautu တပ်ဖွဲ့ဝင် ၁၁ ဦး ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင်ပေါင်းများစွာ ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း CDF-Lautu ထုတ်ပြန်
မေလ ၅ ရက်။ လောက်တူ(Lautu)လူမျိုးတို့၏ နိုင်ငံရေးကံကြမ္မာသည် လောက်တူပြည်သူများ၌သာ ရှိစေရေးအတွက် စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်ရေးဆောင်ရွက်နေသော ၄ နှစ်တာကာလမှာ တာဝန်ထမ်းဆောင်ရင်း တိုင်းပြည်နှင့် လူမျိုးအတွက် CDF – Lautu မှ တပ်ဖွဲ့ဝင် ၁၁ ဦး ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင်ပေါင်းများစွာ ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မနေ့ မေလ ၄ ရက်မှာ ကျရောက်တဲ့ ၄ နှစ်ပြည့် နှစ်ပတ်လည်မှာ CDF – Lautu က သတင်းထုတ်ပြန်ပါတယ်။ တော်လှန်ရေးတွင် ပြည်သူသာ အဓိက၊ ပြည်သူသည်သာ အဆုံးအဖြတ်ဖြစ်၍ တော်လှန်ရေး အောင်နိုင်ရေးသည် ပြည်သူ့ လက်ဝယ်တွင် ရှိသောကြောင့် ပြည်တွင်းပြည်ပရှိ ပြည်သူအားလုံး လူအင်အားဖြင့်ဖြစ်စေ၊ ငွေကြေးအားဖြင့် ဖြစ်စေ…