
မတူပီမြို့တွင်း ယာဉ်တိုက်မှုကြောင့် လူထိခိုက်သေဆုံးမှုရှိတာကြောင့် ယာဉ်ကြီး၊ ယာဉ်ငယ်တွေလိုက်နာရမယ့် စည်းကမ်း ၁၄ ချက်ကို CDF – Matupi ထုတ်ပြန်
မေလ ၂၄ ရက်။ ချင်းပြည်နယ်၊ မတူပီမြို့တွင်း ယာဉ်တိုက်မှုကြောင့်လူထိခိုက်သေဆုံးမှုရှိတာကြောင့် မတူပီမြို့တွင်း ၄ ဘီးယာဉ်တွေ တစ်နာရီအမြန်နှုန်း (၂၀) ကီလိုမီတာထက် ပိုမမောင်းရဘူးဆိုတဲ့ ယာဉ်စည်းအပါဝင် လိုက်နာရမယ့် ယာဉ်စည်းကမ်း ၁၄ ချက်ကို မတူပီမြို့ကိုထိန်းချုပ်ထားတဲ့ မတူပီ တော်လှန်ရေးအဖွဲ့ချုပ် (MRO)/Chin Defense Force – Matupi ( CDF – Matupi) ကဒီကနေ့ မေလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ MRO/CDF – Matupi အထွေထွေအတွင်းရေးမှူး ကိုဘွေအုပ်က “မြို့သိမ်းပြီးနောက်ပိုင်း အများအားဖြင့် ဖြစ်တာက ယာဉ်ကြံံ့ခိုင်မှု မရှိတာလည်းပါတယ် ဘရိတ်ပေါက်လို့ ဖြစ်တာလည်းများတယ် ယာဉ်တိမ်းမှောက်လို့ ဆုံးတာ၊ ဒဏ်ရာရတာ အမှုတွဲ (၁၀) ခုကျော်လောက်ရှိပါတယ်” လို့ပြောပါတယ်။ မတူပီမြို့တွင်း…