
ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ တပ်မဟာ (၂) ရဲ့ ၄ နှစ်တာကာလအတွင်း ကျဆုံးရဲဘော် ၁၄ ဦး၊ ကိုယ်လက်အင်္ဂါဆုံးရှုံးသူ ၆ ဦး၊ အမြင်အာရုံဆုံးရှုံးသူ ၂ ဦး ရှိခဲ့တယ်လို့ ထုတ်ပြန်
မေလ ၃၁ ရက်။ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ တပ်မဟာ (၂) ရဲ့ ၄ နှစ်တာကာလအတွင်း တိုင်းပြည်နဲ့ လူမျိုးအတွက် ကျဆုံးရဲဘော် ၁၄ ဦးနဲ့ ကိုယ်လက်အင်္ဂါဆုံးရှုံးသူ ၆ ဦး၊ အမြင်အာရုံဆုံးရှုံးသူ ၂ ဦး နှင့် ထိခိုက်ဒဏ်ရာရ ၄၀ ဦးကျော်အထိ ရှိခဲ့တယ်လို့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ တပ်မဟာ (၂) က ဒီကနေ့ မေလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ၄ နှစ်ပြည့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ နဲ့ တပ်မဟာ ၂ ဒုတိယအကြိမ် ညီလာခံကို ၂၀၂၅ ခုနှစ် ၊မေလ ၂၈ – ၂၉ နှစ်ရက်တာ…