ဟားခါးတက္ကသိုလ်ဖွင့်လှစ်ဖို့ စစ်ကောင်စီကြိုးစားတာ လက်တွေ့မဖြစ်နိုင်ဘူးလို့ ဒေသခံတွေပြော
ချင်းပြည်နယ် ဟားခါးမြို့က ဟားခါးတက္ကသိုလ်ကို ဖွင့်လှစ်ဖို့ စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ပြင်ဆင်နေတဲ့အပေါ် လက်တွေ့ မဖြစ်နိုင်တဲ့အကြောင်း ဟားခါးမြို့ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်တဲ့ သူတွေတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေကို သြဂုတ်လ (၂၆ ) ရက်နေ့ကနေ စက်တင်ဘာလ (၁၂) ရက်နေ့အထိ ရုံးပိတ်ရက်မရှိ လျှောက်ထားနိုင်ပြီ ဖြစ်တဲ့ကြောင်း သြဂုတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ဟားခါးမြို့ဒေသခံတစ်ဦးပြောတာက “မနှစ်က အခြေအနေလိုမှာတောင် ကျောင်းသားဦးရေက မရှိသလောက်ဖြစ်တဲ့ဟာကို ဒီနှစ်လို တိုက်ပွဲတွေ ကျောင်းနားဝန်းကျင်ထိ ဖြစ်လာတဲ့အချိန် ဘယ်သူက သွားလျှောက်ကြမလဲ မဖြစ်နိုင်ပါဘူး” လို့်ပြောပါတယ်။ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်တဲ့ သူတွေ တက္ကသိုလ်ဝင်ခွင့် လျှောက်လို့ရတဲ့ တက္ကသိုလ်စာရင်း…

