ပလက်ဝသည်ချင်းပြည်
(By Dr. Sui Khar) August 16,2016 မှာ Chin World Media ရဲ့ Facebook Page မှာ ဖော်ပြခဲ့ပြီးသော Dr.Sui Khar ပြုစုရေးသား သော”ပလက်ဝ သည် ချင်းပြည် ” ဆောင်းပါးကို ပြန်လည် ဖော်ပြခြင်းဖြစ်သည်။ နိဒါန်း Arakan Army (AA) ပေါ်ပေါက်လာပြီးနောက်အထူးသဖြင့် AA နှင့် စစ်တပ်တိုက်ပွဲဖြစ်လာပြီးနောက် ရခိုင်လူမျိုးများသည် ပလက်ဝကိုမိမိတို့၏နယ်မြေဖြစ်သည်ဟုပြောဆိုခဲ့ကြသည်။ရခိုင်လူမျိုးများမှ ပလက်ဝသည် မိမိတို့၏နယ်မြေဖြစ်သည်ဟု အသံထွက်ပေါ်လာခြင်းသည် ယခု၌သာမဟုတ်ပဲ ယခင်ကတည်းကပင်ဖြစ်သည်။ Free Ranger Burma (FRB) မှ ထုတ်ဝေသော ၄င်းတို့၏လှုပ်ရှားမှုစာစောင်တွင် ပလက်ဝသည် ရခိုင်ပြည်နယ်ဖြစ်သည်ဟုဖော်ပြခဲ့ဖူးသည်။ မိမိတို့ချင်းလူမျိုးမဟုတ်သောတခြားလူမျိုးများမှ FRB ကိုယင်းသို့ဖော်ပြခြင်းသည် မှားနေကြောင်းထောက်ပြပြီးသည့်နောက်ပိုင်းတွင် FRB မှထုတ်ဝေသောစာစောင်တိုင်းတွင်…

