နွားနောက် ရှာရင်း မိုင်းနင်းမိလို့ ခြေတဖက် ဖြတ်တောက်ရပြီး မျက်လုံး တစ်လုံး ထုတ်ခဲ့ရတဲ့ ချင်းပြည်က Pa Sum Khan Lian ရဲ့ ၁ ရက်တာ ကိုယ်တွေ့မှတ်တမ်း
(ယခုစာစု သည် မြေမြှပ်မိုင်း၏ သားကောင် ဖြစ်ခဲ့ရသော ချင်းပြည်က အသက် ၃၅ နှစ်အရွယ်အမျိုးသား Pa Sum Khan Lian ကိုယ်တိုင်ရေး အတ္ထုပတ္တိ စာအုပ်မှ ၂၀၂၂ မေလ ၂ ရက်နေ့ မနက် မှ မေလ ၃ ရက်နေ့ မနက် အထိ တစ်ရက်တာ အတွင်း သူကြုံတွေ့ခဲ့ရသည့် အပိုင်းကို တီးတိန်ချင်းဘာသာ စကားမှ သင့်လျော်အောင် မြန်မာဘာသာ သို့ ပြန်ဆိုရေးသား ခဲ့ခြင်းဖြစ်ပါသည်) Pa Sum Khan Lian ဟာ ချင်းပြည်နယ် တီးတိန်မြို့နယ် လိုင်တွီးရွာမှာ မိသားစုနဲ့ အေးချမ်းစွာနေထိုင်သူ တဦးဖြစ်ပြီး ကားမောင်းခြင်း၊ နွားနောက်မွေးမြူခြင်းနဲ့ အသက်မွေးဝမ်းကျောင်းသူတစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ…

