ကလေးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းလို့ PDF တွေဖမ်းတာခံရတဲ့ ရွာအုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူ ကိစ္စနဲ့ ပတ်သက်ပြီး ကလေးငယ် အပါအဝင်ဒေသခံ ၆ ဦးကို စစ်ကောင်စီက ဖမ်းဆီး
ဒီဇင်ဘာလ ၁၇ ရက်။ စစ်ကောင်စီအတွက် စစ်မှုထမ်းတပ်သားသစ်စုဆောင်းပေးတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် နှောညောင်ပင်ရွာအုပ်ချုပ်ရေးမှူးနဲ့သားဖြစ်သူကို ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ PDF တွေဖမ်းဆီးခဲ့တာနဲ့ ပတ်သက်ပြီး နှောညောင်ပင်ကျေးရွာက အသက်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် ဒေသခံ ၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေက ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ဖမ်းဆီးသွားကြောင်းကလေးမြို့နယ်ဒေသခံတွေဆီကနေ သိရပါတယ်။ ကလေးမြို့နယ် အရှေ့တောင်ဘက် နှောညောင်ပင်ကျေးရွာက စစ်ကောင်စီခန့်် ရွာအုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူဟာ စစ်ကောင်စီအတွက် စစ်မှုထမ်းတပ်သားသစ်စုဆောင်းပေးလို့ဆိုပြီး PDF တပ်ဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒေသခံတစ်ဦးက “ အုပ်ချုပ်ရေးမှူးသားအဖ ဖမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ အဲဒီရွာက ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေက အသက်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် ၆ ဦးကို သူတို့လက်ချက်ကြောင့်ဆိုတဲ့ ပုံစံမျိုးနဲ့ ဖမ်းဆီးတယ်”…

