ချင်းပြည်နယ်က မြို့ ၅ မြို့အပါအဝင် မြို့နယ်ပေါင်း ၅၈ မြို့နယ်ကို စစ်အုပ်ချုပ်ရေးသက်တမ်းတိုးဖို့ပြည်ထောင်စုလွှတ်တော်မှာအဆိုတင်သွင်း
ဇူလိုင်လ ၁၅ ရက်။ ချင်းပြည်နယ်က မြို့ ၅ မြို့အပါအဝင် မြို့နယ်ပေါင်း ၅၈ မြို့နယ်ကို စစ်အုပ်ချုပ်ရေး သက်တမ်းတိုးဖို့ ဇူလိုင်လ ၁၄ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ တတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းဝေး မှာ နိုင်ငံတော်သမ္မတ (ကိုယ်စား) အဆိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ အရေးပေါ်အခြေအနေ ကာလ (စစ်အုပ်ချုပ်ရေး) ကြေညာထားတဲ့ ရက်ပေါင်း (၉၀) ပြည့်ဖို့ နီးကပ်လာချိန် အခုလိုထပ်မံတိုးမြှင့်သတ်မှတ်ဖို့ ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေရေးရာဝန်ကြီးဌာန ဒု – ဝန်ကြီးနှင့် ဒု- ရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးက အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ် ၆၀ ထဲကနေ သူတို့ပြန်သိမ်းပိုက်နိုင်ခဲ့တဲ့ ချင်းပြည်နယ်က ဖလမ်းမြို့နယ်နဲ့ တွန်းဇံမြို့တို့ကို ချန်လပ်ပြီး ကျန်တဲ့ ၅၈…

