Headlines

မလေးရှားကနေ နေရပ်ပြန်ပို့ခံရတဲ့ ချင်းလူမျိုး လူဦးရေ ၁၇၃ ဦးထဲက တချို့ မိသားစုဝင်တွေဆီ ပြန်မရောက်နိုင်ကြသေး

အောက်တိုဘာလ ၇ ရက်။ မလေးရှားနိုင်ငံကနေ မြန်မာရေတပ်စစ်သင်္ဘောတွေနဲ့ နေရပ်ပြန်ပို့ခံရပြီး ရန်ကုန်ပြန်ရောက်လာတဲ့ ချင်းလူမျိုး လူဦးရေ ၁၇၃ ဦးထဲက တချို့ဟာ နေရပ်မပြန်နိုင်ကြသေးဘဲ သက်ဆိုင်ရာ ချင်းပရဟိတအသင်းတွေဆီ ကျန်နေသေးတယ်လို့ လိုက်ပါကူညီဆောင်ရွက်ပေးနေသူ တစ်ဦးကပြောပါတယ်။ မလေးရှားနိုင်ငံကနေ နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသား ၁၄၇၆ ဦး ထဲ ချင်းပြည်နယ်အပါအဝင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းက ချင်းလူမျိုး ၁၇၃ ဦးခန့်တို့ဟာ မြန်မာရေတပ်စစ်သင်္ဘောတွေနဲ့ ရန်ကုန်မြို့ကို အာက်တိုဘာလ ၄ ရက်နေ့ မနက်(၇) နာရီဝန်းကျင်လောက်မှာ သန်လျင်မြို့နယ်ရှိ အမှတ် (၃) ဆိပ်ခံတံတား (သီလဝါ)ကို ရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။ ရန်ကုန်ရှိ ချင်းပရဟိတ လူငယ်တစ်ဦးက “တချို့ချင်းတွေကတော့ ဆွေမျိုးသားချင်းတွေကလာစောင့်ပြီးတော့ ခေါ်ထုတ်သွားတယ်၊ ကျန်းမာရေးဆေးစစ်တာတို့ လဝက စမတ်ကဒ်ရိုက်ပေးတာတို့ မှတ်ပုံတင်လုပ်ပေးတာတို့ပြီးသွားရင် ရဲက အရင်ကဘာလုပ်ခဲ့…

Read More

3MA 11 MMA ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ Salai John Hmuak နဲ့ Augustine Van တို့ အနိုင်ရ

အောက်တိုဘာလ ၄ ရက်။ အောက်တိုဘာလ ၄ ရက်မှာ ရန်ကုန်မြို့၊ လှည်းကူးမြို့နယ် အုန်းနဲကုန်းရှိ 3MA Arena မှာ ကျင်းပတဲ့ 3MA 11 MMA ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ MMA ကစားသမားများဖြစ်တဲ့ Salai John Hmuak နဲ့ Augustine Van တို့ဟာ ပြိုင်ဘက်တွေကို အနိုင်ရရှိခဲ့ပါတယ်။ ဖလမ်းမြို့နယ်ဇာတိSalai John Hmuak က 3MA 11 ရဲ့ Main Card ပွဲစဉ်၁ပွဲဖြစ်တဲ့ ၅၇ ကီလိုတန်းမှာ Min Myat Thu နဲ့ ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ပါတယ်။ ကလေးမြို့နယ်ဇာတိ Augustine Van ကလည်း ၅၅ ကီလိုတန်းမှာ Wanna Kyaw…

Read More

ရန်ကုန်မှာကျင်းပမယ့် 3MA 11 MMA ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ ၂ ဦး ပါဝင်ထိုးသတ်မယ်

စက်တင်ဘာလ ၂၉ ရက်။ ရန်ကုန်မြို့၊ လှည်းကူးမြို့နယ် အုန်းနဲကုန်းရှိ 3MA Arena မှာ လာမယ့်အောက်တိုဘာလ ၄ ရက်နေ့မှာ ကျင်းပမယ့် 3MA 11 MMA ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ ၂ ဦး ပါဝင်ယှဉ်ပြိုင်ထိုးသတ်ကြမယ်လို့ သိရပါတယ်။ အဲဒီပြိုင်ပွဲမှာ ချင်းပြည်နယ် ၊ ဖလမ်းမြို့သား တစ်ဦးဖြစ်တဲ့ Salai John Hmuak နဲ့ ကလေးမြို့သား Augustine Van တို့ ပါဝင်ယှဉ်ပြိုင်ကြမှာလို့သိရပါတယ်။ 3MA 11 MMA ပြိုင်ပွဲမှာ ပါဝင်မယ့် Salai John Hmuak ဟာ ထိုင်းနိုင်ငံမှာလည်း MMA ပွဲတွေမှာ ယှဉ်ပြိုင်ဖူးခဲ့ပြီး ရလဒ်ကောင်းတွေလည်း ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ မြတ်ထွန်းနဲ့ယှဉ်ပြုင်မယ့် Salai John…

Read More

လေကြောင်းတိုက်ခိုက်မှုအတွင်း ကျောက်တော်မှာ အရပ်သား ၄၉ ဦးအစုလိုက်အပြုံလိုက်သေဆုံးပြီး ၅၈ ဦး ဒဏ်ရာရခဲ့တဲ့အပေါ် လက်တုံ့ပြန်သွားမယ်လို့ AA ထုတ်ပြန်

စက်တင်ဘာလ ၂၉ ရက်။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ အိန္ဒိယဈေးအနီးပတ်ဝန်းကျင်နဲ့ ကစ္ဆပနဒီတံတားအနီး မနေ့စက်တင်ဘာလ ၂၈ ရက်နေ့ နေ့လယ် ၁၂ နာရီ ဝန်းကျင်ခန့်က စစ်ကောင်စီတပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ ၄၉ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး ၅၈ ဦးဒဏ်ရာရခဲ့တဲ့အပေါ် လက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော် ( ULA / AA) က စက်တင်ဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကျောက်တော်၊ အိန္ဒိယဈေးလေကြောင်းဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အတွင်း အပြစ်မဲ့ လမ်းသွားလမ်းလာ၊ ဈေးရောင်းဈေးဝယ် ကုန်တင်ကုန်ချလုပ်သားတွေအပါအဝင် အရပ်သားပြည်သူ ၄၉ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတယ်လို့ AAက ဆိုပါတယ်။ အလားတူမနေ့ကတစ်နေ့တည်းမှာပင် မင်းပြားမြို့နယ်၊ စွန်ရဲကျေးရွာနဲ့ သံတွဲမြို့နယ် ငပလီကမ်းခြေတို့ကိုလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်…

Read More

မလေးရှားအစိုးရက ဒီကနေ့မနက်ပိုင်းမှာ ချင်းလူမျိုးအမြောက်အများပါဝင်တဲ့ မြန်မာနိုင်ငံသား ၁,၅၀၀ ခန့်ကိုမြန်မာအစိုးရထံ လွှဲပြောင်း

စက်တင်ဘာလ ၂၉ ရက်။ မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွေမှာ နှစ်ရှည်လများ ထိန်းသိမ်းခံရသူတွေ ပထမသုတ်အနေဖြင့် လူဦးရေ ၁,၅၀၀ ခန့်ကို ဒီကနေ့ စက်တင်ဘာလ ၂၉ ရက်နေ့မနက်ပိုင်းမှာ မြန်မာစစ်တပ်ပိုင် စစ်ရေယာဉ်နဲ့ ပြန်လည်ပို့ဆောင်ခံရသူတွေအထဲ ချင်းလူမျိုးလည်း အမြောက်အများပါဝင်တယ်လို့ ဒုက္ခသည်အရေးကူညီဆောင်ရွက်နေတဲ့ မလေးရှားမြန်မာ လူမှုရေးအသင်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ မလေးရှားနိုင်ငံ၊ ပီရက်ပြည်နယ် ၊ လမ်မတ်မြို့မှာ ဒီကနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းမှာ မြန်မာနိုင်ငံသား ၁,၅၀၀ ခန့်ကို ရဲတပ်ဖွဲ့ စောင့်ကြပ်မှုဖြင့် ဘတ်စ်ကားပေါ်တွေ တင်ဆောင်လာပြီး မြန်မာစစ်တပ်ပိုင် စစ်ရေယာဉ် ၂ စီးနဲ့ ဆေးရုံသင်္ဘောတစ်စီးရှိရာဆိပ်ကမ်းကို ပို့ဆောင်နေကြပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ မလေးရှားမြန်မာ လူမူရေးအသင်းက တာဝန်ရှိသူတစ်ဦးက “မလေးရှားထိန်းသိမ်းရေးစခန်း တွေမှာ…

Read More

ကလေးမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေက အရပ်သားနေအိမ်တစ်အိမ်ကို ဓားပြတိုက်မှု ကျူးလွန်ခဲ့

စက်တင်ဘာလ ၂၈ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သာစည်ရွာ အနောက် လက်ပံခုံကျေးရွာက ဘုန်းကြီးကျောင်းအနီးရှိ အရပ်သားပြည်သူနေအိမ်တစ်အိမ်ကို စစ်ကောင်စီလက်အောက်ခံ အရပ်ဝတ်ပြည်သူ့စစ်(ပျူစောထီး)တွေဟာ ကာဘိုင်သေနတ် ၁ လက်နဲ့စက်တင်ဘာလ ၂၄ ရက်နေ့ညပိုင်းမှာ ငွေကျပ် သိန်း ၂၀၀ ငွေညစ်တောင်းခံ ဓားပြတိုက်မှု ကျူးလွန်ခဲ့ကြတယ်လို့ ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ အဆိုပါ လက်ပံခုံကျေးရွာဟာ သာစည်ရွာ အနောက်ဘက် စစ်ကောင်စီ ဂိတ်နဲ့ မလှမ်းမကမ်း အနီးဆုံးနေရာမှာ တည်ရှိတဲ့ ကျေးရွာဖြစ်ပြီး ပျူစောထီးတွေသာ ကိုင်ဆောင်ရတဲ့ ကာဘိုင် ၁ လက်ကိုင်ဆောင်ထားတဲ့ အရပ်ဝတ်နဲ့ လူ ၃ ဦးက ငွေညစ်တောင်းခံ ဓားပြတိုက်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ ကလေးမြို့နယ်က ဒေသခံတစ်ဦးက “ဓားပြတိုက်တဲ့သူတွေက သူတို့ရဲ့ ဆက်သွယ်ရေးစက် ဝေါ်ကီတော်ကီ ၁ ခုလည်း…

Read More

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့နိုင်ငံအဖြစ် သတ်မှတ်ပေးဖို့ အမေရိကန်အစိုးရကို BRI တောင်းဆို

စက်တင်ဘာလ ၂၆ ရက်။ နေပြည်တော်အခြေစိုက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က နှစ်ခြင်းခရစ်ယာန် ဓမ္မဆရာ ၃ ဦးရဲ့ထိမ်းမြားပေးနိုင်ခွင့် လိုင်စင်များ ရုပ်သိမ်းလိုက်ခြင်းဟာ ဘာသာရေးလွတ်လပ်ခွင့်ကို အပြင်းအထန် ချိုးဖောက်တာဖြစ်လို့ မြန်မာနိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးဖို့ အမေရိကန်အစိုးရကို Burma Research Institute (BRI) က တောင်းဆိုထားပါတယ်။ ခရစ်ယာန်ဓမ္မဆရာ ၃ ဦး၏ ခရစ်ယာန် မင်္ဂလာပွဲများ ထိန်းမြားပေးခွင့် လိုင်စင်များကို ဇွန်လ ၉ ရက်မှာ အမိန့်အမှတ် ၂၅၄/ ၂၀၂၆ ဖြင့်နေပြည်တော်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ရုတ်သိမ်းခဲ့ပါတယ်။ “စစ်ကောင်စီရဲ့ တရားလွှတ်တော်ချုပ်က ၂၀၂၆ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အမိန့်တွေဟာ…

Read More

ကလေးအကျဉ်းထောင်မှာ အကျဉ်းသား ၈၀ ခန့် အရေးပေါ် ပြင်ပဆေးရုံတက်ရောက် ကုသရန် လိုအပ်နေပေမယ့် ဆေးကုသခွင့် မရ

စက်တင်ဘာလ ၂၄ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ ၊ ကလေးအကျဉ်းထောင်မှာ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်တွေ များပြားတာ ခွခြားဆက်ဆံမှုတွေ နဲ့ ထောင်အာဏာပိုင်တွေရဲ့ လာဘ်ပေးလာဘ်ယူမှုတွေကြောင့် နိုင်ငံရေးအကျဉ်းသား ၅၀ အပါအဝင် အကျဉ်းသား ၈၀ ခန့် အရေးပေါ် ပြင်ပဆေးရုံတက်ရောက် ကုသရန် လိုအပ်နေ တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်တွင် ကလေးမြို ပြည်သူ့ဆေးရုံကြီးမှ ပါရဂူအထူးကု ဆရာဝန်တွေက ထောင်အတွင်း လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့စဉ် အရေးပေါ် ပြင်ပဆေးရုံတက်ရောက် ကုသရန်လိုအပ်သူ အကျဉ်းသား ၈၀ ဦးရှိကြောင်း အတည်ပြုခဲ့တယ်လို့ ဆိုပါတယ် အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား/သူ ၅၀…

Read More

ကလေးမြို့က ZYA ရုံးမှာ နေထိုင်တဲ့ ၁၁ နှစ်အရွယ် ကလေးတစ်ဦး ရုံးရဲ့မော်တော်ယာဉ် မတော်တဆ တိုက်မိပြီးသေဆုံး

စက်တင်ဘာလ ၂၄ ရက်။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကနေ ကလေးမြို့ Zomi Youth Association (ZYA) ရုံးအတွင်းမှာ လာရောက်နေထိုင်တဲ့ အသက် ၁၁ နှစ်အရွယ် ကလေး တစ်ဦးဟာ စက်တင်ဘာလ ၂၃ ရက်နေ့က ZYAရုံးဝန်းအတွင်း ရုံးရဲ့ မော်တော်ယာဉ် တိုက်မိလို့ အခင်းဖြစ်ပွါးရာနေရာမှာ သေဆုံးသွားတယ်လို့သိရပါတယ်။ သေဆုံးသူ Tg.Thang Lam Kiim နဲ့ သူအစ်ကို တို့ဟာရေချိုးနေစဉ် ZYA ရုံးကားတစ်စီးဟာ ရုံးဝန်းအတွင်း ဝင်ရောက်လာတဲ့ ရုံးကားက အရှိန်မထိန်းနိုင်ဘဲ ရေချိုးနေတဲ့ ညီအစ်ကို ၂ ဦးကို တိုက်မိခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားရာမှာ အသက် ၁၁ နှစ်အရွယ် Tg.Thang Lam Kiim ဟာ သေဆုံးခဲ့ပြီး ၎င်း…

Read More

တမူးမြို့နယ်အတွင်း တိုက်ပွဲတွေ အချိန်မရွေးပြန်ဖြစ်နိုင်တယ်လို့ တမူးမြို့နယ်အရေးပေါ် အုပ်ချုပ်ရေး ( ဗဟို) အဖွဲ့ ထုတ်ပြန်

စက်တင်ဘာလ ၁၈ ရက်။ အိန္ဒိယ – မြန်မာနယ်စပ် စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်အတွင်း တိုက်ပွဲတွေ အချိန်မရွေး ဖြစ်လာနိုင်တာကြောင့် ဒေသခံတွေ လိုက်နာဆောင်ရွက်ရမယ့် အချက်တချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ တမူးမြို့နယ်အရေးပေါ် အုပ်ချုပ်ရေး ( ဗဟို) အဖွဲ့က စက်တင်ဘာလ ၁၇ ရက်နေ့က ထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၊ ဇူလိုင်လတွေတုန်းက ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေခဲ့ရာကနေ နေရပ်ဒေသပြန်ရောက်တာ မကြာခင်မှာဘဲ တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို ဒေသခံ ပြည်သူအများစုက စိုးရိမ်ကြသလို တိုက်ပွဲဖြစ်လာမှာကို စိတ်ဆင်းရဲနေကြတဲ့ကြောင်း ဒေသခံတွေကပြောပါတယ်။ တမူးမြို့နယ်က ဒေသခံတစ်ဦးက “လက်ရှိဒေသခံတွေက နားစွင့်နေကြတုန်း အခြေအနေမျိုးပါ တချို့ကြတော့လည်း စစ်ရှောင်တာကနေ ပြန်ရောက်တာ မကြာကြသေးတော့ စိတ်ဆင်းရဲတယ်လို့ ပြောကြပါတယ် တိုက်ပွဲတွေပြန်ဖြစ်ကိုလည်း…

Read More