
အမေရိကန်ကို ကျောင်းသားဗီဇာနဲ့ ရောက်တာ ၅ ရက်သာရှိသေးတဲ့ ချင်းလူငယ်တစ်ဦး မတော်တဆ ရေနစ်သေဆုံး
ဇူလိုင်လ ၃၀ ရက်။ ကျောင်းသားဗီဇာနဲ့ အမေရိကန်နိုင်ငံကို ရောက်ရှိလာတာ ၅ ရက်သာရှိသေးတဲ့ အသက် (၂၀) အရွယ် ချင်းလူငယ်တစ်ဦးဟာ မိသားစုတွေနဲ့ အပန်းဖြေသွားရာမှာ မတော်တဆ ရေနစ်သေဆုံးခဲ့တယ်လို့ Indiana Chin Baptist Church က ဒီကနေ့ ဇူလိုင်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ သေဆုံးသွားတဲ့ ချင်းလူငယ် Tony Sui Tling ရဲ့ ရုပ်အလောင်းကို Danville Coroner Office မှာထားရှိပြီး လာမယ့် သြဂုတ်လ ၁ ရက်နေ့မှာ အင်ဒီယားနားပြည်နယ်မှာ သဂြိုလ်ဖို့ မိဘဆွေမျိုးသားချင်းတွေနဲ့ အသင်းတော်တာဝန်ရှိသူတွေက စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ Pu Robin Hmuncung နဲ့ Pi Far Chin Sung…