
ချင်းလူငယ်ဖိုက်တာ ဟာလိန်းအွမ် (ခ) အောက်ချင်းလေးနဲ့ ဂျပန်ဖိုက်တာ One Championship ပွဲ ယှဉ်ပြိုင်ထိုးသတ်မယ်
အောက်တိုဘာလ ၁၆ ရက်။ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့မှာ မနက်ဖြန် အောက်တိုဘာလ ၁၇ ရက်ညမှာ ကျင်းပပြုလုပ်မယ့် One Championship , One Firday Fight 129 ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ ဟာလိန်းအွမ် (ခ) အောက်ချင်းလေးနဲ့ ဂျပန်ဖိုက်တာ ဟာယူယူကီတာနစ်ဆု တို့ ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ပါတယ်။ ဂျပန်ဖိုက်တာ ကစားသမား ဟာယူယူကီတာနစ်ဆုဟာ One Championship မှာပြိုင်ပွဲပေါင်း ၅ ပွဲထိုးထားပြီး ၄ ပွဲနိုင်၊ ၁ ပွဲရှုံး ဆိုတဲ့ ရလဒ်ပိုင်ဆိုင်ထားသူဖြစ်ပြီး အတွေ့ကြုံရှိကစားသမားလည်းဖြစ်လို့ ချင်းလူငယ်ဖိုက်တာ ဟာလိန်းအွမ် (ခ) အာက်ချင်းလေး အတွက်တော့ ခက်ခဲမဲ့ ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ ချင်းလူငယ်ဖိုက်တာ ဟာလိန်းအွမ် (ခ) အောက်ချင်းလေး ကတော့ One…