
ဧပြီလ ၁၁ ရက်။
ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အတွက် သမ္မတ ဦးမင်းအောင်လှိုင် ဥက္ကဋ္ဌအဖြစ်တာဝန်ယူမည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်း ချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီကိုဖွဲ့စည်းခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ် ၃၆ / ၂၀၂၆ ဖြင့် ဧပြီ ၁၀ ရက်က ထုတ်ပြန်ပါတယ်။
ကော်မတီကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များကိုထိရောက်အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် လို အပ်သောမူဝါဒများချမှတ်ပေးရန်နှင့် ဦးဆောင်လမ်း ညွှန်မှုပေးနိုင်ရန်ဖွဲ့စည်းခဲ့ခြင်းဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။
နိုင်ငံတော်အား ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့အ ခြေခံသော ပြည်ထောင်စုဖြစ်ပေါ်လာရေးအတွက် တစ် နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာ ချုပ်(NCA)ကိုအခြေခံ၍ မူဝါဒများချမှတ်ပေးခြင်း၊ ဗ ဟိုကော်မတီ၏ လုပ်ငန်းတာဝန်များကို အကောင်အ ထည်ဖော်ရာတွင်လိုအပ်သည့် လုပ်ထုံးလုပ်နည်းများနှင့် ညွှန်ကြားချက်များထုတ်ပြန်ခြင်း၊ အမျိုးသားစည်း လုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များအောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေး လိုအပ်သည့်အကြံ ပေးအဖွဲ့နှင့် အထောက်အကူပြုအဖွဲ့များကို လုပ်ထုံး လုပ်နည်းနှင့်အညီဖွဲ့စည်းခန့်အပ်တာဝန်ပေးခြင်းတို့ကိုလည်းပြုလုပ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ကော်မတီအား ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍ ဒု-ဥက္ကဋ္ဌများအဖြစ် ဒု-သမ္မတဦးညိုစော၊ ဒု-သမ္မတဒေါ်နန်းနီနီအေးတို့ပါဝင်ကာ အဖွဲ့ဝင်များအဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးအပါအဝင် ပြည်ထောင်စုဝန်ကြီး (၁၀)ဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဒု- ဗိုလ်ချုပ်ကြီးကိုကိုဦးတို့မှ အဖွဲ့ဝင်များအဖြစ်ပါဝင်ကာ၊ကော်မတီ အတွင်းရေးမှူးအဖြစ် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် ဒု-ဗိုလ်ချုပ်ကြီး မင်းနိုင်တို့မှ တာဝန်ယူသွားကြမည်ဖြစ်ပါတယ်။
ကော်မတီအနေဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တို့အတွက် လိုအပ်သောမူဝါဒများချမှတ်ပေးရန်နှင့် ဦးဆောင်လမ်း ညွှန်မှုပေးခြင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များအား ကူညီထောက်ပံ့ခြင်းများအတွက် ပြည်တွင်း/ပြည်ပအလှူရှင်များ၊ အစိုးရများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းမည့် မူဝါဒများချမှတ်ပေးခြင်းတို့ကိုပြုလုပ်မည်ဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။

