Headlines

ချင်းနဲ့ စစ်ကိုင်းတိုင်းမှာ မတ်လအတွင်း လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၁၀၀ ကျော်သေဆုံး

ဧပြီလ ၁၀ ရက်။

ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း ပြီးခဲ့တဲ့ မတ်လ တစ်လအတွင်း စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား အမျိုးသား၁၆ ဦး၊ အမျိုးသမီး ၁၆ ဦး နှင့် ကျား – မ မခွဲခြားနိုင်သူ ၁၁၆ ဦး သေဆုံးခဲ့ ပြီးထိခိုက်ဒဏ်ရာရသူ ၈ ဦး ရှိခဲ့ပြီး အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ခပ်စိပ်စိပ် ပိုလုပ်လာနေတယ်လို့ Women for Justice – WJ ရဲ့ဧပြီလ ၁၀ ရက်နေ့ ထုတ်ပြန်ချက် အရ သိရပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး မြေမြှုုပ်မိုင်းကြောင့် အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့သလို စစ်မှုထမ်းရန် မတရားဖမ်းဆီးခံရသူ အမျိုးသား ၃၅ ဦး၊ ဖမ်းဆီးသတ်ဖြတ်ခံရသူ အမျိုုးသား ၃ ဦး ရှိပြီး ဖမ်းဆီးချုပ်နှောင်ခံရသူမှာ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး ရှိခဲ့တယ်လို့လည်း WJ က ဆိုပါတယ်။

မတ်လ အတွင်း စစ်အုပ်မှ ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေကို ခပ်စိပ်စိပ် ပြန်လုပ်လာနေလို့ စစ်ဘေးတိမ်းရှောင်နေရတဲ့ အရပ်သားပြည်သူတွေလည်း ယခင်ကထက် ပိုမိုများပြားလာနေပြီး ချင်းပြည်နယ်တွင် စစ်ဘေးတိမ်းရှောင်သူ ပြည်သူ ၄၅၀၀၀ ကျော် နဲ့ စစ်ကိုင်းတိုင်းမှာ ၉၂၀၀၀၀ ကျော် ရှိလာနေပြီလို့လည်း ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းရန် ကြိုးစားချိန်ကစလို့ ယနေ့အချိန်ထိ စစ်ရာဇဝတ်မှုတွေ လူသားမျိုးနွယ်များအပေါ် ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နည်းမျိုးစုံဖြင့် ကျူးလွန်နေဆဲဖြစ်တယ်လို့လည်း WJ က ဆိုထားပါတယ်။

Women for Justice – WJ အဖွဲ့အစည်းဟာ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်အတွင်း နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ အမျိုးသမီးတွေကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ ထောက်ပံံ့ကူညီပေးတာတွေ အပြင် သတင်းမှတ်တမ်းနှင့် သုတေသန လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *