Headlines

စစ်ကော်မရှင်၏ အစိုးရသစ်ဖွဲ့စည်းရေး ပြင်ဆင်မှုနှင့်အတူ ချင်းပြည်က အရှိန်အဟုန်မြှင့်လာသည့် စစ်မှုထမ်းစုဆောင်းမှုများ

DonBosco လက်ရှိမှာ အာဏာသိမ်းစစ်ကော်မရှင်က ရွေးကောက်ပွဲများ ကျင်းပပြီးနောက် လွှတ်တော်ခေါ်ယူခြင်း၊ သမ္မတသစ် ရွေးချယ်ခြင်းနှင့် ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များ ဖွဲ့စည်းရန် ပြင်ဆင်နေသည့် ကာလတစ်လျှောက် ချင်းပြည်နယ်အတွင်းရှိ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များသည်လည်း တပ်အင်အားဖြည့်တင်းရန်အတွက် စစ်မှုထမ်းမူဝါဒများချမှတ်ကာ စစ်သားစုဆောင်းမှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာကြသည်။ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ဦးဆောင်သည့် Chinland Council (ချင်းပြည်အစိုးရ) သည် တပ်အင်အား တည်ဆောက်နိုင်ရန်အတွက် စစ်မှုထမ်းကာလကို (၃) နှစ် သတ်မှတ်ကာ တပ်သားသစ် စုဆောင်းခြင်းဆိုင်ရာ မူဝါဒကို ၂၀၂၆ ခုနှစ်၊ မတ်လဆန်းပိုင်းတွင် စတင်ချမှတ်ခဲ့သည်။ အဆိုပါ မူဝါဒကို Chinland Council တွင် ပါဝင်သော လက်နက်ကိုင်အဖွဲ့ပေါင်း ၂၀ ကျော်၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး သိမ်းပိုက်ရရှိထားသည့် နယ်မြေများ ပြန်လည်မဆုံးရှုံးစေရေးနှင့် နယ်မြေစိုးမိုးရေးအတွက်…

Read More

စစ်ဘေးရှောင်အရေးအပါအဝင် ချင်းအမျိုးသားပြန်လည်ပေါင်းစည်းရေးတွေနဲ့ ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်က ZORO အဖွဲ့နဲ့ Chinland Council ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်

ဧပြီလ ၁ ရက်။ စစ်ဘေးရှောင် ကာကွယ်စောင့်ရှောက်ရေးအပါအဝင် ချင်းအမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ပြန်လည်ပေါင်းစည်းရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေး ကိစ္စရပ်တွေကို မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Zo Reunification Organization ( ZORO) အဖွဲ့နဲ့ ချင်းပြည် ( Chinland) ကောင်စီက ဒုတိယဥက္ကဌ (၁) ၊ ချင်းပြည် (Chinland) အစိုးရအဖွဲ့ဝန်ကြီးချုပ်တို့ မတ်လ ၃၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ချင်းပြည် (Chinland) အစိုးရက ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ZORO အဖွဲ့ ဥက္ကဌ Pu R. Sangkawia နဲ့ ချင်းပြည် ( Chinland) ကောင်စီက ဒုတိယဥက္ကဌ (၁) ဆလိုင်းမင်းညို နဲ့…

Read More

ကလေးမြို့ပေါ်မှာ စုံ / မ နေ့သတ်မှတ်ယာဉ်စဖမ်းဆီးတဲ့ ဒီနေ့မှာ မြို့ပေါ် အသွားအလာ မရှိသလောက် ဖြစ်

ဧပြီလ ၁ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဆီချွေတာသတ်မှတ်ချက်အရ စုံ / မ သတ်မှတ်နေ့ရက်အတိုင်း ယာဉ်မောင်းနှင်မှု ကန့်သတ်ချက်ကို ဒီကနေ့ ဧပြီလ ၁ ရက်နေ့တွင် စတင်ပြီး ယာဥ်များကို စစ်ဆေး ဖမ်းဆီးတာတွေကြောင့် မြို့နေလူထု အများစု အပြင်ထွက်သွားလာသူ မရှိသလောက် ဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကလေးမြို့ပေါ်နေ ဒေသခံတစ်ဦးက “ဒီနေ့ ခါတိုင်းထက် အသွားအလာရှင်းတယ် မနက်က စည်ပင်ရုံးရှေ့မှာဆို အင်အားအများကြီးနဲ့ အဖွဲ့စုံ စစ်တယ်၊ ဖမ်းတယ် ရဲ ၊ ယာဉ်ထိန်း၊ ထွေအုပ် ၊ အပြာဝတ်တွေကောပါတယ် လမ်းပေါ်မှာ လူရှင်းနေတာဘဲ မဖြစ်မနေမှ သွားလာကြတယ် ဈေးရောင်း ဈေးဝယ်လည်း မဖြစ်ကြဘူး ဆီဈေးတွေကလည်း ဓာတ်ဆီ တဂါလံကို ၅…

Read More