AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် မွေးနေ့အထိမ်းအမှတ်အဖြစ် ပလက်ဝမြို့နယ်မှာ အကျဉ်းသား ၃၀ ကို ပြန်လွှတ်ပေး
မတ်လ ၅ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် ( ULA / AA) တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် အရပ်သား အကျဉ်းသားဦးရေ ၃၀ ကို မတ်လ ၄ ရက်မှာ ကျရောက်တဲ့ အာရက္ခတပ်တော် ( ULA / AA) ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ရဲ့ အသက် ၄၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် မတ်လ ၄ ရက်နေ့မနက်က ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ အာရက္ခတပ်တော် ( ULA / AA) က လွှတ်ပေးလိုက်တဲ့ထဲ စစ်သုံ့ပန်း ၁၆ ဦး၊ ရဲသုံ့ပန်း ၁ ဦးနဲ့ ၎င်းတို့ရဲ့ မိသားစုတွေ…

