ချင်းပြည်နယ်မှာ ၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် ကျောင်းသား/သူ ၉၁၅ ဦး စာရင်းပေးသွင်းကာ မနှစ်ကထက် ၂ ဆ ပိုများလာ
မတ်လ ၁၀ ရက်။ မနက်ဖြန် မတ်လ ၁၁ ရက်နေ့ ကနေ စပြီး ဖြေဆိုမယ့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ကို ချင်းပြည်နယ် ကနေ ဟားခါးမြို့နယ် ၊အထက (၁) ဟားခါး နှင့် တီးတိန်မြို့နယ် အထက (၁) တီးတိန် စာစစ်ဌာန ၂ ခုမှာသာ ကျင်းပမည် ဖြစ်ပြီး ဖြေဆိုရန် အတွက် စာရင်းပေးသွင်းသူ ၉၁၅ဦး ရှိကာ မနှစ် ၂၀၂၅ ခုနှစ်ကထက် ၂ ဆ ပိုများလာတယ် လို့ ပညာရေး နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်း ကနေ သိရှိရပါတယ်။ အထက (၁) ဟားခါး မှာတော့ အစိုးရ အထက်တန်းကျောင်း…

