Headlines

ဖလမ်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့စစ်ကော်မရှင်တပ်ရဲ့လက်နက်ရိက္ခာတချို့ ချင်းလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တွေရရှိ

created by Polish

မတ်လ ၃ ရက်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က ၎င်းတပ်ဖွဲ့ဝင်တွေကို Y – 12 လေယာဉ်နဲ့ ချပေးတဲ့ လက်နက်ရိက္ခာတချို့ကို ချင်းလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တွေဘက်က ရရှိခဲ့တယ်လို့ ဖလမ်းမြို့နယ် အခြေစိုက် ချင်းအမျိုးသားအဖွဲ့ချုပ်(CNO / CNDF)ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

CNO / CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက”ပစ္စည်းရတာက မနေ့ညကပါ။ တချို့ Y – 12 ချတဲ့ဟာတွေက သူတို့ ( စစ်ကော်မရှင်တပ်ဖွဲ့ ) နဲ့ ကျနော်တို့ကြားထဲ ကျတဲ့ဟာရှိတယ် တချို့နေရာမျိုးမှာဆိုရင် ကျနော်တို့နဲ့ ပိုနီးတဲ့နေရာမှာ ကျတဲ့ဟာမျိုးရှိတယ် မတိကျဘူးပေါ့ အဲဒီပစ္စည်းတွေ ကောက်ဖို့ဆိုရင် သူတို့ဘက်ကလည်း စစ်ကြောင်း ထိုးပြီးမှ ကောက်လို့ ရမဲ့ ပုံစံမျိုးဖြစ်တယ်”လို့ပြောပါတယ် ။

လက်ရှိ ဖလမ်းမြို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ ချင်းလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တွေအကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့လည်းCNO / CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီကပြောပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဟာ ဖလမ်းမြို့ပြန်လည်ရရှိရေးအတွက် စစ်အင်အားထောင်ချီအသုံးပြုတဲ့ပြင် ၊ လေကြောင်းပစ်ကူ ၊ ဒရုန်းတွေ အသုံးပြုတိုက်ခိုက်နေတာ ၄ လ ကျော်ဝန်းကျင် ရှိနေပြီလို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *