Headlines

မြန်မာနိုင်ငံက ကွမ်းသီးမှောင်ခို တင်သွင်းနေမှုတွေကို မီဇိုရမ်ပြည်နယ်ကအရေးယူသွားမယ်လို့ သိရ

မတ်လ ၃ ရက်။ မြန်မာနိုင်ငံ၊ချင်းပြည်နယ်ဘက်ကနေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဖက်ကို တရားမဝင် ကွမ်းသီးမှောင်ခို တင်သွင်းနေမှုတွေကို ဥပဒေအရ ဆက်လက်အရေးယူသွားမှာဖြစ်တယ်လို့ မတ်လ ၂ ရက်နေ့က မီဇိုရမ်ပြည်နယ်၏ ( ၁၀ ) ကြိမ်မြောက် လွှတ်တော်ဘတ်ဂျက်အစည်းအဝေးမှာ ပြည်နယ် ပြည်ထဲရေးဝန်ကြီး ကပြောဆိုတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဘက်ကနေ ဝင်ရောက်လာတဲ့ ကွမ်းသီးတွေဟာ တရားမဝင်လမ်းကြောင်းတွေကနေ ဝင်ရောက်လာခြင်းဖြစ်လို့ အခွန်ကောက်ခံနိုင်ခြင်းမရှိဘဲ ၁၉၆၂ ခုနှစ် အကောက်ခွန် ဥပဒေကို ကျိုးဖောက်နေခြင်းဖြစ်တယ်လို့ ပြည်နယ် ပြည်ထဲရေးဝန်ကြီး ပူး – ကေ ဆပ်ဒန်ငါက ပြောဆိုထားတယ်လို့ သိရပါတယ်။ တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်လာတဲ့ ကွမ်းသီးတွေဟာ အခွန်မဲ့ပစ္စည်းဖြစ်တာကြောင့် ဈေးနှုန်းချိုသာစွာရောင်းချနေခြင်းဟာ တရားမဝင်ငွေကြေးစီးဆင်းမှုတွေကို များပြားစေရုံသာမက မီဇိုရမ်ပြည်နယ်ရှိ ကွမ်းသီးစိုက်တောင်သူတွေရဲ့ ထွက်ကုန်ဈေးကွက်ကိုပါ ကြီးမားစွာ ထိခိုက်နေတာကြောင့်…

Read More

အီရန်အဓိပတိ Khamenei သေဆုံးပြီဖြစ်ကြောင်း သမ္မတထရမ့် တရားဝင်အတည်ပြု

မတ်လ ၁ ရက်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အဓိပတိ Ayatollah Khamenei ဟာ သေဆုံးသွားပြီဖြစ်ကြောင်း ယနေ့မှာ တရားဝင်အတည်ပြု ထုတ်ပြန်လိုက်ပြီး Khamenei ကို “သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး လူသားများထဲက တစ်ဦး” လို့ သတ်မှတ်ပြောဆိုလိုက်တဲ့အပြင် အခုသေဆုံးမှုဟာ အီရန်ပြည်သူတွေတင်မကဘဲ သူတို့ရဲ့လက်ချက်ကြောင့် သေဆုံး ဒါမှမဟုတ် ဒဏ်ရာရခဲ့ရတဲ့ အမေရိကန်ပြည်သူတွေနဲ့ ကမ္ဘာတစ်ဝန်းက လူသားအားလုံးအတွက် တရားမျှတမှု ရရှိတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အီရန်အဓိပတိ Khamenei ဟာ အမေရိကန်ရဲ့ အလွန်ခေတ်မီတဲ့ ထောက်လှမ်းရေးနဲ့ ခြေရာခံစနစ်တွေကနေ ဘယ်လိုမှ ရှောင်တိမ်းနိုင်ခဲ့ခြင်းမရှိဘဲ အစ္စရေးနဲ့ အနီးကပ်ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှုအတွင်း အခြားသော အီရန်ခေါင်းဆောင်ပိုင်းတွေနဲ့အတူ သုတ်သင်ခံလိုက်ရတာဖြစ်တယ်လို့ သမ္မတက ဆိုပါတယ်။ ဒါဟာ အီရန်ပြည်သူတွေအနေနဲ့ မိမိတို့နိုင်ငံကို မိမိတို့လက်ထဲ…

Read More

ကလေးမြို့အကျဉ်းထောင်ကနေ နိုင်ငံရေး အကျဉ်းသား/ အကျဉ်းသူအများစုပါဝင်တဲ့ ၁၁၅ ဦး လွတ်လာတယ်လို့ သိရ

မတ်လ ၂ ရက်။ အာဏာသိမ်း စစ်ကော်မရှင်က မတ်လ ၂ ရက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွှတ်ပေးလိုက်တဲ့အထဲ စစ်ကိုင်းတိုင်း၊ ကလေးမြို့ မော်လိုက်အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား / အကျဉ်းသူ အများစုပါဝင်တဲ့ ၁၁၅ ဦးကို လွတ်ပေးလိုက်တယ်လို့ နိုင်ငံရေးအကျဉ်းသားများအရေးနဲ့ နီးစပ်တဲ့ ဒေသခံတွေဆီကနေသိရပါတယ်။ နိုင်ငံရေးအကျဉ်းသားများအရေးနဲ့ နီးစပ်သူဒေသခံတစ်ဦးက “ နိုင်ငံရေးအကျဉ်းသူ ၂၅ ဦး ၊ အကျဉ်းသား က ၈၁ ယောက်လို့ စာရင်းအတိအကျသိရတယ် ၊ ကျန်တာကတော့ တခြားပြစ်မှုတွေနဲ့ ပြန်လွတ်တဲ့သူတွေ” လို့ပြောပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားကွန်ရက် ( PPNM) ရဲ့ ကနဦးရရှိထားတဲ့ နိုင်ငံရေးအကျဉ်းသား လွတ်လာတဲ့ ဦးရေမှာ ကလေးမြို့မော်လိုက်အကျဉ်းထောင်ကနေ အမျိုးသား ၈၁ ဦးနဲ့ အမျိုးသမီး…

Read More

ဖလမ်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့စစ်ကော်မရှင်တပ်ရဲ့လက်နက်ရိက္ခာတချို့ ချင်းလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တွေရရှိ

မတ်လ ၃ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က ၎င်းတပ်ဖွဲ့ဝင်တွေကို Y – 12 လေယာဉ်နဲ့ ချပေးတဲ့ လက်နက်ရိက္ခာတချို့ကို ချင်းလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တွေဘက်က ရရှိခဲ့တယ်လို့ ဖလမ်းမြို့နယ် အခြေစိုက် ချင်းအမျိုးသားအဖွဲ့ချုပ်(CNO / CNDF)ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။ CNO / CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက”ပစ္စည်းရတာက မနေ့ညကပါ။ တချို့ Y – 12 ချတဲ့ဟာတွေက သူတို့ ( စစ်ကော်မရှင်တပ်ဖွဲ့ ) နဲ့ ကျနော်တို့ကြားထဲ ကျတဲ့ဟာရှိတယ် တချို့နေရာမျိုးမှာဆိုရင် ကျနော်တို့နဲ့ ပိုနီးတဲ့နေရာမှာ ကျတဲ့ဟာမျိုးရှိတယ် မတိကျဘူးပေါ့ အဲဒီပစ္စည်းတွေ ကောက်ဖို့ဆိုရင် သူတို့ဘက်ကလည်း စစ်ကြောင်း ထိုးပြီးမှ ကောက်လို့ ရမဲ့ ပုံစံမျိုးဖြစ်တယ်”လို့ပြောပါတယ် ။…

Read More