Headlines

စစ်ကော်မရှင်ရဲ့ ကန့်ကွက်မှုများရှိနေသော်လည်း အရှေ့တီမောတရားရုံးက CHRO ရဲ့ တရားစွဲဆိုမှုကို စတင်လက်ခံ

ဖေဖော်၀ါရီလ ၂ ရက်။ အာဏာသိမ်းမြန်မာစစ်ကော်မရှင်ဘက်က အရှေ့တီမော (Timor Leste) သံအမတ်ကို ခေါ်ယူသတိပေးတာမျိုးတွေ ရှိနေပေမဲ့ Timor Leste တရားစီရင်ရေး အာဏာပိုင်တွေကတော့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က တင်သွင်းတဲ့ မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မူးကြီးမင်းအောင်လှိုင်အပါအ၀င် မြန်မာစစ်ကော်မရှင်အဖွဲ့ဝင် ၁၀ ဦးကိုစစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုထားမှုကို စတင်လက်ခံလိုက်ပြီဖြစ်ပါတယ်။ အရှေ့တီမော (Timor Leste) တရားရုံးရဲ့ အမှုလက်ခံတာနဲ့ပတ်သက်ပြီး မြန်မာစစ်ကော်မရှင်ကို တရားဥပဒေကြောင်းအရ အရေးယူနိုင်ဖို့အတွက် လုပ်ဆောင်နေတဲ့ အမှုတွေကို ပံ့ပိုးကူညီပေးနေတဲ့ အဖွဲ့အစည်း (MAP) နဲ့ CHRO က ဖေဖော်၀ါရီ ၂ ရက်နေ့မှာ ပူးတွဲထုတ်ပြန်ထားတာဖြစ်ပြီး အခုလို Timor Leste တရားရုံးက လက်ခံလိုက်တဲ့ယခု အမှုဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံ အချင်းချင်းကြားမှာ…

Read More

ချင်းပြည်နယ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးထက် မသမာမှုမရှိ၊ ရိုးရိုးသားသား ဖြေဆိုခြင်းဟာ ပထမ ဦးစားပေးဖြစ်တယ်လို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်ကပြော

ဖေဖော်ဝါရီလ ၂ ရက်။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်နည်းဆုံးပြည်နယ်ဖြစ်ခဲ့တဲ့ ချင်းပြည်နယ်မှာ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း အောင်ချက်မြင့်မားရေးထက် မသမာမှုမရှိ၊ ရိုးရိုးသားသား ဖြေဆိုခြင်းသည်သာ အဓိက ပထမ ရည်ရွယ်ချက်ဖြစ်ကြောင်း အာဏာသိမ်းစစ်ကော်မရှင်ခန့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ ချင်းပြည်နယ် ခရိုင် (ပြန်/ ဆက်) ရဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီအစည်းအဝေးကို ချင်းပြည်နယ်၊ ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဇန်နဝါရီလ ၂၉ ရက်နေ့က ကျင်းပပြုလုပ်တဲ့ အစည်းဝေးမှာ ချင်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာ ဝုန်ဆွန်းထန်က ပြောကြားခဲ့တာလို့ ဆိုပါတယ်။ ချင်းပြည်နယ်ရဲ့ စုပေါင်းထုတ်ကုန် တန်ဖိုးကျဆင်းခြင်းထက် အကျင့်စရိတ္တပျက်ပြားခြင်းက ပို၍ကြောက်ဖို့ကောင်းကြောင်းနဲ့ ၂၀၂၆ ခုနှစ်အတွင်း ကျင်းပမယ့်…

Read More

ကလေးမြို့အကျဉ်းထောင်မှာ အာဏာသိမ်း ၅ နှစ်ပြည့်တဲ့နေ့မှာ သွေးသစ္စာသီချင်းသီဆိုတဲ့ နိုင်ငံရေးအကျဉ်းသူ ၁၅ ဦး တိုက်ပိတ်အရေးယူခံရ

ဖေဖော်ဝါရီလ ၂ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့မော်လိုက်အကျဉ်းထောင်မှာ စစ်အာဏာသိမ်း ၅ နှစ်ပြည့်တဲ့ မနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သွေးသစ္စာသီချင်းဆိုပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ နိုင်ငံရေးအကျဉ်းသူ ဦးရေ ၁၀၀ ကျော်ထဲက အနည်းဆုံး ၁၅ ဦး တိုက်ပိတ်ခံရတယ်လို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ( PPNM) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ သွေးသစ္စာသီချင်း သီဆိုခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသူတွေအပါအဝင် အကျဉ်းသူထဲကနေ အနည်းဆုံး ၁၅ ဦးကို တိုက်ပိတ်ခံထားရတယ်လို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ( PPNM) က စုံစမ်းသိရှိရတယ်လို ထုတ်ပြန်ထားပါတယ်။ အခုလို မော်လိုက်အကျဉ်းထောင်မှာ တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတွေနဲ့ အခြားအကျဉ်းသူတွေရဲ့ လုံခြုံရေးအခြေအနေ စိုးရိမ်ရမှုအပေါ် ပြည်သူတွေ လူအခွင့်အရေးဆိုင်ရာ အဖွဲအစည်းတွေအနေဖြင့်…

Read More

အာဏာသိမ်း ၅ နှစ်အတွင်း ချင်းလူမျိုး ၁,၁၈၃ ဦး သေဆုံးခဲ့ရတယ်လို ICA ထုတ်ပြန်

ဖေဖော်ဝါရီလ ၂ ရက်။ ၂၀၂၁ခုနှစ်ကနေ ၂၀၂၆ ခုနှစ် စစ်အာဏာသိမ်း ၅ နှစ်အတွင်း စစ်အုပ်စုကြောင့် ချင်းလူမျိုး ၁,၁၈၃ ဦး သေဆုံးခဲ့ရပြီဖြစ်ပြီး သေဆုံးသူအများစုဟာ အရပ်သားပြည်သူတွေ၊ ဆန္ဒပြသူတွေ၊ တော်လှန်ရေးတပ်ဖွဲဝင်တွေ ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရသူတွေဖြစ်တယ်လို ချင်းရေးရာအဖွဲချုပ် (ICA) ရဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရသိပါတယ်။ အာဏာသိမ်း စစ်အုပ်စုကြောင့် သေဆုံးခဲ့ရသူဦးရေ ၁၁၈၃ ဦးတိုဟာ အသက်အရွယ်အားဖြင့် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိသူ ၄၉၇ ဦး ဖြင့် အများဆုံးဖြစ်ပြီး၊ အသက် ၃၆ နှစ်အထက် ၁၅၄ ဦး၊ အသက် ၁၁ ကနေ ၁၇ နှစ်အတွင်းရှိသူ ၄၈…

Read More

အိန္ဒိယဗဟိုအစိုးရနှင့် မီဇိုရမ်ပြည်နယ်ကြားက အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်ရေး အားပြိုင်မှု ဘယ်လိုဖြစ်လာနိုင်သလဲ

ရေး – DonBosco မီဇိုရမ်ပြည်နယ်အတွင်းက အင်အားကြီးအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်မှု တွေ ရှိနေပေမဲ့ အိန္ဒိယဗဟိုအစိုးရကတော့ နယ်စပ်ခြံစည်းရိုးခတ်မယ့် စီမံကိန်းအတွက် မြေပြင်ကွင်း ဆင်းတိုင်းတာမှုတွေကို လက်တွေ့စတင်နေပြီ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့ကစပြီး မီဇိုရမ်ပြည်နယ်နဲ့ ချင်းပြည်နယ်နယ်စပ်၊ တီအိုချောင်းအနီးမှာရှိတဲ့ Thingsai ကျေးရွာဝန်းကျင်ကို အိန္ဒိယဗဟိုအစိုးရရဲ့ နယ်စပ်လမ်းအဖွဲ့အစည်း (BRO) နဲ့ Assam Rifles အဖွဲ့တွေက ၅ ရက်ကြာ ကွင်းဆင်းတိုင်းတာမှုတွေ ပြုလုပ်ခဲ့တာပါ။ အခုလို မြေပြင်မှာ လက်တွေ့တိုင်းတာမှုတွေ လုပ်ဆောင်နေချိန်မှာပဲ မီဇိုရမ်ပြည်နယ်ရဲ့ အကြီးဆုံးအရပ်ဘက်အဖွဲ့အစည်းဖြစ်တဲ့ ဗဟိုမီဇိုးလူငယ်အသင်း (CYMA) ခေါင်းဆောင်တွေကတော့ နယူးဒေလီအထိ သွားရောက်ပြီး ဗဟိုပြည်ထဲရေးဝန်ကြီးဌာနကို ကန့်ကွက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဇန်နဝါရီလ ၂၇ ရက်နေ့က CYMA…

Read More

စစ်အာဏာသိမ်းမှု ၅ နှစ်တာအတွင်း ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်ဖြစ်လာသလို နိုင်ငံအချို့ရဲ့ အချယ်လှယ် အသုံးချခံဘဝသို့ ကျရောက်နေရပြီလို့ CNF ထုတ်ပြန်

ဖေဖော်ဝါရီလ ၁ ရက်။ စစ်အုပ်စု အာဏာသိမ်းခြင်းကြောင့် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးသောနိုင်ငံများစာရင်းဝင် ဖြစ်ခဲ့ ရာကနေ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်း ထိပ်တန်းဝင်ဖြစ်လာသလို အာဏာရှင်နိုင်ငံအချို့ရဲ့ အကျိုးစီးပွားအတွက် စိတ်ကြိုက်ချယ်လှယ် အသုံးချခံဘဝသို့ ကျရောက်နေရပြီလို့ စစ်အာဏာသိမ်း ၅ နှစ်ပြည့်တဲ့ ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ချင်းအမျိုးသားတပ်ဦး (CNF/ CNA) က ထုတ်ပြန်ပါတယ်။ အာဏာသိမ်း ၅ နှစ်တာအတွင်း စစ်အုပ်စုက မတရားစစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူ (၇,၀၀၀) ကျော်ကို ဖမ်းဆီးနှိပ်စက်ညှမ်းပမ်း ပြီး သတ်ဖြတ်ခဲ့ပြီး စစ်ရေးပစ်မှတ်မဟုတ်သော ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေး အဆောက်ဦးနှင့် လူနေအိမ်များကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့လည်း အပြစ်မဲ့ ကလေးသူငယ်၊ အမျိုးသမီးနှင့် အရပ်သားပြည်သူ (၄,၀၀၀) ကျော် အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူ့အိုးအိမ်…

Read More

ချင်းပြည်နယ်အပါအဝင် ပဋိပက္ခဒေသများတွင် အဓမ္မပြုကျင့်မှုနှင့် လိင်ပိုင်းဆိုင်ရာစော်ကားမှု အများအပြားရှိနေကြောင်း WLB ထုတ်ပြန်

ဖေဖော်၀ါရီလ ၁ ရက်။ WLB က ၂၀၂၅ ခုနှစ်အတွင်း မှတ်တမ်းတင်ထားတဲ့အကြမ်းဖက်မှုဖြစ်စဉ် ၂၀၉ ခုထဲမှာ အဓမ္မပြုကျင့်မှု ၂၈ မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှု ၃၆ မှုတို့ ပါဝင်နေပြီး ဒါတွေဟာ ချင်းပြည်နယ်အပါအဝင် နိုင်ငံတစ်ဝှမ်းက ပဋိပက္ခဒေသတွေမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒီနေ့ဖေဖော်ဝါရီ ၁ ရက်မှာ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB က ထုတ်ပြန်ပါတယ်။ WLB ရဲ့ “Looking Back on 2025” အစီရင်ခံစာအရ ပြီးခဲ့တဲ့နှစ်အတွင်း မှတ်တမ်းတင်ရရှိတဲ့ ကျား၊ မ အခြေပြု အကြမ်းဖက်မှုဖြစ်စဉ် ၂၀၉ ခုထဲမှာ အိမ်တွင်းအကြမ်းဖက်မှု ၁၄၅ မှုနဲ့အတူ အဓမ္မပြုကျင့်မှု ၂၈ မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှု…

Read More