ပေါ်ပေါက်လာမယ့် လွှတ်တော်ဟာ စစ်တပ်အုပ်ချုပ်ရေး တည်မြဲစေရေး အထောက်အကူပေးမယ့် ဟန်ပြလွှတ်တော်သာ ဖြစ်တယ်လို့ CNF မှတ်ချက်ပြု
ဖေဖော်ဝါရီလ ၁၂ ရက်။ အာဏာသိမ်း စစ်အုပ်စု ဦးဆောင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကနေ ပေါ်ပေါက်လာမယ့် ပြည်ထောင်စု လွှတ်တော်ဟာ စစ်တပ်အုပ်ချုပ်ရေး တည်မြဲစေရေး အထောက်အကူပေးမယ့် ဟန်ပြလွှတ်တော် ( တိုင်း/ ပြည်နယ်များအပါအဝင်) တွေသာ ဖြစ်ကြောင်း ဒီနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ပင်လုံစာချုပ် ချုပ်ဆိုခြင်းအထိမ်းအမှတ် (၇၉) နှစ်မြောက် ပြည့်တဲ့နေ့ပြည်ထောင်စုနေ့မှာ ချင်းအမျိုးသားတပ်ဦး (CNF)က သဝဏ်လွှာပို့ခဲ့တာဖြစ်ပါတယ်။ “ အတုအယောင်ရွေးကောက်ပွဲမှ ထွက်ပေါ်လာမယ့် အတုအယောင် ပြည်ထောင်စု လွှတ်တော် ဟာ တစ်ချိန်က အမျိုးသား ညီလာခံကဲ့သို့ (၁၄) နှစ်အကြာ အချိန်ဆွဲကာ စစ်တပ်အာဏာ တည်မြဲရေးအတွက် ရွေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနည်းတူ အနာဂတ်စစ်တပ်အုပ်ချုပ်ရေးကို အထောက်အကူပေးမယ့် ဟန်ပြလွှတ်တော် ( တိုင်း…

