စစ်ကိုင်းတိုင်းက ဗိုလ်နဂါး စစ်ကောင်စီထံလက်နက်ချ၊ရာဇဝတ်မှု ၇ ခုကျူးလွန်မှုဖြင့် ဗိုလ်နဂါးအဖွဲ့ကို အင်အားသုံးဖမ်းဆီးရခြင်းဖြစ်ကြောင်း NUG ထုတ်ပြန်
ဖေဖော်ဝါရီလ ၁၈ ရက်။ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အတွင်း လှုပ်ရှားနေသည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့ခေါင်းဆောင် ထင်လင်း (ခ) ဗိုလ်နဂါးနှင့် အဖွဲ့ဝင်အချို့ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ အင်အားသုံး ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒီကနေ့ ဖေဖော်ဝါရီလ ၁၈ ရက်မှာ အရေးပေါ်ထုတ်ပြန်ကြေညာပါတယ်။ ထုတ်ပြန်ချက်အရ BNRA ခေါင်းဆောင်နှင့် အဖွဲ့ဝင်အချို့သည် ဒေသတွင်း၌ သက်ငယ်မုဒိမ်းမှု၊ လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှုနှင့် တော်လှန်ရေးရဲဘော်များအပေါ် နှိပ်စက်ညှဉ်းပန်းမှု အစရှိသည့် ရာဇဝတ်မှု ခုနစ်ခုကို ကျူးလွန်ခဲ့ကြောင်း တိုင်ကြားချက်များ ရရှိထားကာ၊အဆိုပါ အမှုများထဲတွင် မသီတာဟု အမည်ရသူအား မုဒိမ်းကျင့်ရန် ကြံစည်မှု၊ သတ်ဖြတ်၍ အလောင်းဖျောက်ဖျက်မှု၊ အမျိုးသမီးငယ် နှစ်ဦးအား သက်ငယ်မုဒိမ်းမှု ကျူးလွန်ခြင်း၊ ပကဖ ရဲဘော်…

