
ဖေဖော်ဝါရီလ ၁၈ ရက်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ရှာဟာ(Siaha) ခရိုင်နဲ့ လောင်တလိုင်ခရိုင်ကနေ မြန်မာနိုင်ငံချင်းပြည်နယ် ပလက်ဝမြို့နယ်အကြား နယ်စပ်ကုန်သွယ်ရေးလမ်းများအနက် ရှာဟာခရိုင်နဲ့ မြန်မာနိုင်ငံကြား နယ်စပ်ကုန်သွယ်ရေးလမ်းကို မနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကစလို့ ပြန်ဖွင့်လိုက်တဲ့ကြောင်း Mara Thyutlia Py – MTP ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံဖက်မှာ မီဇီုးယာဉ်မောင်းသမား သေဆုံးသွားခဲ့ခြင်းနဲ့ပတ်သက်ပြီး အိန္ဒိယ – မြန်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ လောင်တလိုင်ခရိုင်နဲ့ ရှာဟာခရိုင်ကနေ မြန်မာနဲ့ ဆက်သွယ်တဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကစလို့ ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။
ပိတ်ထားတဲ့ လောင်တလိုင်ခရိုင်နဲ့ ရှာဟာခရိုင်နဲ့ မြန်မာနိုင်ငံကြား နယ်စပ်လမ်းကို ရှာဟာခရိုင်နဲ့ မြန်မာနိုင်ငံကြား နယ်စပ်လမ်းကို မနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေ ၂ နာရီကနေစပြီး ပြန်လည်ဖွင့်လှစ်လိုက်တာဖြစ်တယ်။
မီဇိုယာဉ်မောင်းတစ်ဦး မြန်မာဘက်ခြမ်း ကုန်ပစ္စည်းသွားပို့ရာတွင် သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ ပက်သက်ပြီး လုံခြုံရေးအခြေအနေကြောင့် ဆိုကာ အိန္ဒိယ – ပလက်ဝ (မြန်မာ) နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကစလို့ နောက်ထပ်အမိန့်ထုတ်ပြန်မှု မရှိမခြင်း ၂ လ ပိတ်လိုက်ကြောင်း လောင်တလိုင်ခရိုင် တရားသူကြီးက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိပိတ်ထားတဲ့ အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဟာ မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်မြို့နယ်တဆင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်ဘက်ကို ကုန်ပစ္စည်းတွေ တင်သွင်းပို့ဆောင်ရာမှာ အဓိကကျတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းလည်းဖြစ်ပါတယ်။

