UFC ဖလိုက်ဝိတ်တန်းချန်ပီယံ Joshua Van ရဲ့ခါးပတ်ကာကွယ်ရမယ့်ပွဲကို ဂျပန်ဖိုက်တာနဲ့ ယှဉ်ပြိုင်ထိုးသတ်ရမယ်
ဖေဖော်ဝါရီလ ၂၃ ရက်။ UFC ဖလိုက်ဝိတ်တန်း (Flyweight) ချန်ပီယံ မြန်မာနွယ်ဖွား ချင်းလူငယ်ဖိုက်တာ Joshua Van ရဲ့ ချန်ပီယံခါးပတ် ကာကွယ်ရမယ့်ပွဲကို ဂျပန်ဖိုက်တာ Tasuro Taira နဲ့လာမယ့် ဧပြီလ ၁၁ ရက်နေ့ UFC 327 ပြိုင်ပွဲမှာ ယှဉ်ပြိုင်ထိုးသတ်မယ့်အကြောင်း UFC က ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ကြေညာထားပါတယ်။ ဒီပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့မှာ ကျင်းပသွားမှာဖြစ်ပြီး ဒီပွဲဟာ UFC သမိုင်းမှာ အာရှနွယ်ဖွား ဖိုက်တာ ၂ ဦးရဲ့ ပထမဆုံး ခါးပတ်လုပွဲ ဖြစ်လာမှာလို့လည်း သိရပါတယ်။ ချင်းဖိုက်တာ Joshua Van နဲ့ ယှဉ်ပြိုင်ထိုသတ်မယ့် ဂျပန်ဖိုက်တာ Tasuro Taira…

