Headlines

ဟားခါးမြို့နယ်အတွင်း စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှုကြောင့် သားအမိ ၃ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရ

ဇန်နဝါရီလ ၅ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့နယ် Halta ရွာနဲ့ Haiphai ကျေးရွာတွေကိုစစ်ကော်မရှင်တပ်က မနေ့ ဇန်နဝါရီလ ၄ ရက်နေ့ ည ၁၂ နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မိသားစုဝင် သားအမိ ၃ ဦးသေဆုံးပြီး ဖခင်ဖြစ်သူ အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် Halta ကျေးရွာက ဒေသခံမိသားစု တစ်စုဟာ အသက်မပြည့်သေးတဲ့ ကလေးငယ်နှစ်ဦးနဲ့ မိခင် အသက် ၄၀ ကျော်အရွယ်ဟာ အခင်းဖြစ်တဲ့နေရာမှာတင် သေဆုံးခဲ့ပြီး ဖခင်ဖြစ်သူဟာ ဗုံးစစိုက်ဝင်လို့ အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အခုလို စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ်က Halta ရွာနဲ့ Haiphai ကျေးရွာကနေ အရပ်သားနေအိမ်တချို့လည်း ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့လည်း…

Read More

ကန်ပက်လက်မြို့နယ် နတ်မတောင်သစ်တောဧရိယာအတွင်း သစ်ခိုးထုတ်တဲ့အမှု များလာကာ တချို့နေရာ တောင်ဂတုံးဖြစ်တဲ့အထိ အခြေအနေ ဆိုးရွားလာ

ဇန်နဝါရီလ ၂ ရက်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ၊ အာဆီယံအမွအနှစ် ခေါနူးသုမ်(ဆုမ်)နတ်မတောင်သဘာဝသစ်တော ဧရိယာအတွင်း သစ်ခိုးထုတ်တဲ့ အမှုပေါင်းဟာ ၂၀၂၄ – ၂၀၂၅ ခုနှစ်အတွင်း အမှု ၁၆ မှုရှိခဲ့ပြီး အဲဒီအမှုများအတွက် အရေးယူထားတာရှိသလို သစ်တောကြိုးဝိုင်းရဲ့တချို့နေရာတွေ တောင်ဂတုံးဖြစ်လာတဲ့အထိ အခြေအနေ ဆိုးရွားလာနေတယ်လို့ ကန်ပက်လက်မြို့နယ် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှုးရုံး မြို့နယ်မှုခင်းတာဝန်ခံက ပြောပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံပြည်သူတချို့ဟာ မည်သည့် ဥပဒေမှ မရှိတော့ဘဲ လုပ်ချင်ရာလုပ်လို့ရတယ် ဆိုပြီး အချို့က ဘိုးဘွားပိုင်ကို အကြောင်းပြုကာ နတ်မတောင် သစ်တောဧရိယာ ဖြစ်သည်ကို သိထားသော်လည်း တားမြစ်သစ်တောထွက် သဘာဝသံဇာတတွေကို ခိုးယူထုတ်လုပ်ရောင်းချတာ သစ်တောကြိုးဝိုင်းအတွင်း လူနေအိမ်တွေဆောက်လုပ်တာ ဥယာဉ်ခြံမြေအဖြစ် ခုတ်ထွန်ရှင်းလင်းတာ နဲ့ ကိုယ်ကျိုးအတွက် မြေနေရာရောင်းချတာ…

Read More