မီဇိုရမ်ပြည်မှာ ၂၀၂၅ ခုနှစ်အတွင်း တီဘီရောဂါဖြင့် သေဆုံးသူ ၁၄၅ ယောက်ရှိကာ ၆ နှစ်အတွင်း သေဆုံးသူအများဆုံးဖြစ်
ဇန်နဝါရီလ ၁၃ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရရဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်အတွင်း မီဇိုရမ်မှာ တီဘီ(အဆုတ်ရောင်)ရောဂါနဲ့ သေဆုံးတဲ့သူ ၁၄၅ ယောက်အထိ ရှိခဲ့ကာ ဒါဟာ ၆ နှစ်တာကာလအတွင်းမှာ သေဆုံးသူအများဆုံး စံချိန်တင်သွားတာဖြစ်သလို၊ လူနာ ၂၆၇ ယောက်ကတော့ တီဘီရောဂါအပြင် HIV/AIDS ပါ နှစ်မျိုးစလုံး ခံစားနေရတယ်လို့ The Hindu သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ၂၀၂၅ ခုနှစ်အတွင်းမှာ တီဘီရောဂါသည် လူနာသစ် ၂,၂၇၅ ယောက် တွေ့ခဲ့ပြီး အဲဒီထဲက ၁,၉၀၀ ကိုတော့ အစိုးရဆေးရုံနဲ့ ကျန်းမာရေးဌာနတွေမှာ စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကျန်တဲ့ ၃၇၅ ယောက်ကိုတော့ ပုဂ္ဂလိက ဆေးခန်းတွေမှာ တွေ့ခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က တွေ့ခဲ့တဲ့…

