မတူပီမြို့နယ်အတွင်း သတင်းထောက်နှင့် ကလေးငယ်အပါအဝင် ၁၀ ဦး အစုလိုက်သတ်ဖြတ်ခံခဲ့ရမှုအပါအဝင် စစ်ရာဇဝတ်မှုများအတွက် အရှေ့တီမောနိုင်ငံမှာ တရားစွဲဖို့လျှောက်ထား
ဇန်န၀ါရီလ ၁၃ ရက်။ မြန်မာစစ်ကော်မရှင်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေထဲမှာ ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတုန်းက Khonumthung သတင်းဌာနရဲ့ သတင်းသမားတစ်ဦးနဲ့ ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် လူ ၁၀ ဦးကို ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်အပါအဝင် မြန်မာပြည်သူများအပေါ် ကျူးလွန်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အရှေ့တီမော(Timor-Leste) နိုင်ငံ၊ Dili မြို့က အစိုးရရှေ့နေရုံးမှာ တရားစွဲဆိုနိုင်ရေးအတွက်လျှောက်ထားစာကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့က တင်သွင်းခဲ့ပါတယ်။ ဒီအမှုကို Chin Human Rights Organisation (CHRO) ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Salai Za Uk ဦးဆောင်တဲ့အဖွဲ့ကနေ Myanmar Accountability Project (MAP) ရဲ့ ဝန်းရံပံ့ပိုးမှုနဲ့အတူ Timor-Leste နိုင်ငံအခြေစိုက် Da Silva Teixeira & Associados Lda ရှေ့နေအဖွဲ့က ရှေ့နေတွေဖြစ်တဲ့ Jose Teixeira နဲ့ Nuno…

