အရှေ့တီမောသမ္မတနဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ ( CHRO) တွေ့ဆုံခဲ့မှုအပေါ် ကန့်ကွက်ကြောင်း ရန်ကုန်ရှိ တီမောသံရုံးယာယီတာဝန်ခံကို မြန်မာစစ်ကော်မရှင်က သတိပေး
ဇန်နဝါရီလ ၁၇ ရက်။ အာဆီယံအဖွဲ့ဝင်အရှေ့တီမောနိုင်ငံမှာ အရှေ့တီမောသမ္မတနဲ့ ချင်းလူအခွင့်အရေးအဖွဲ့ ( CHRO) ကိုယ်စားလှယ်တွေ တွေ့ဆုံမှုတွေ ရှိခဲ့ပြီး ရက်ပိုင်းအကြာ မနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ရန်ကုန်မြို့ရှိ တီမောလက်စ်တေသံရုံးက သံရုံးယာယီတာဝန်ခံကို စစ်ကော်မရှင်ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆင့်ခေါ်တွေ့ဆုံပြီး အာဏာသိမ်းစစ်ကော်မရှင်ရဲ့ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေကို ထိတွေ့ဆက်ဆံတာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းက အသိပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ မြန်မာစစ်ကော်မရှင်ကို ဆန့်ကျင်တဲ့ ဘယ်အဖွဲ့အစည်းနဲ့ တီမောအစိုးတို့ တွေ့ဆုံတယ်လို့ ထုတ်ပြန်တာမရှိပေမယ့် ချင်းလူ့အခွင့်အရေးအဖွဲ့နဲ့ တီမောသမ္မတို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ တွေ့ဆုံခဲ့တာကြောင့် အခုလို မြန်မာနိုင်ငံမှာရှိတဲ့ တီမောသံရုံး ယာယီတာဝန်ခံကို ဆင့်ခေါ်သတိပေးတာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ…

