Headlines

လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ်အတွင်း အရပ်သား ၂၃၂၆ ဦးသေဆုံးခဲ့ရကာ ၄ ထောင်ကျော်ဒဏ်ရာရ

ဇန်နဝါရီလ ၂၂ ရက်။ ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း မြန်မာနိုင်ငံမှာစစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးသူ ဦးရေဟာ ၂,၃၂၆ ဦး သေဆုံးခဲ့ရပြီး ၄ ထောင်ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှုတွေကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ ၁ နှစ်အတွင်း လ အလိုက် သေဆုံးသူဦးရေ၊ထိခိုက်ပျက်စီးသွားတဲ့နေအိမ်အဆောက်အအုံတွေ ဘာသာရေးဆိုင်ရာ အဆောက်အအုံ စာရင်းတွေကို NUG က ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။ ဒီထဲမှာ အောက်တိုဘာလ၊ သြဂုတ်လ နဲ့ မေလ တွေမှာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုက အများဆုံးလတွေဖြစ်တယ်လို့လည်းတွေ့ရပြီး ပညာရေးဆိုင်ရာအဆောက်အအုံ စုစုပေါင်း ၁၀၂ အုံပျက်စီးပြီး ကျန်းမာရေးဆိုင်ရာအဆောက်အအုံ ၃၆…

Read More

ချင်းပြည်နယ်မှာ ရင်းနှီးကျွမ်းဝင်သူတွေဆီကနေ အိမ်တွင်းအကြမ်းဖက်တာတွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုလည်း တွေ့ရှိခဲ့ရကြောင်း The HILLS Myanmar အဖွဲ့က ပြော

ဇန်နဝါရီလ ၂၁ ရက်။ ချင်းပြည်နယ်မှာ “စိတ်ကျန်းမာရေး၊ ကျား၊ မရေးရာ နှင့် ပဋိပက္ခများ” သုတေသနအစီရင်ခံစာ ပြုလုပ်စဉ် အိမ်တွင်းအကြမ်းဖက်မှု ၊ ရင်းနှီးကျွမ်းဝင်သူတွေထံက အကြမ်းဖက်တာအပြင် ပဋိပက္ခနဲ့ သက်ဆိုင်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ဒီကနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ပြုလုပ်တဲ့ The HILLS Myanmar အဖွဲ့ကထုတ်ဝေတဲ့ချင်းပြည်နယ်ဆိုင်ရာ သုတေသနအစီရင်ခံစာ အွန်လိုင်းမိတ်ဆက်ပွဲမှာ တာဝန်ရှိသူတွေက ပြောပါတယ်။ The HILLS Myanmar အဖွဲ့ကတာဝန်ရှိသူတစ်ဦးက“အိမ်တွင်းအကြမ်းဖက်မှု၊ ရင်းနှီးကျွမ်းဝင်သူတွေဆီကနေပြီးတော့ အကြမ်းဖက်တာတွေရှိတယ် ခြေလက်အရရော လိင်ပိုင်းဆိုင်ရာအရရော နောက်ပြီး ပဋိပက္ခနဲ့ သက်ဆိုင်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလည်း ကျနော်တို့တွေ့ရတယ် ဒါပေမယ့် ကျနော်တို့ ကွင်းဆင်းလုပ်နေတဲ့ချိန်မှာ လူတွေရဲ့ အတွေ့အကြုံ သူတို့ကြုံတွေ့ခဲ့ရတဲ့ သူတို့ဘဝတွေအကြောင်းတွေသော်လည်းကောင်း သူတို့နယ်ပယ်မှာ…

Read More

တရားမဝင် ဝင်ရောက်လာသူတွေကိုစစ်ဆေးမှုတွေ လုပ်ဆောင်သွားဖို့ မီဇိုရမ်ပြည်မှာဆွေးနွေး

ဇန်နဝါရီလ ၂၀ ရက်။ မီဇိုရမ်ပြည်နယ်၊ Lawngtlai ခရိုင်မှာ အိမ်နီးချင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ တရားမဝင် ဝင်ရောက်လာသူတွေ များပြားလာတာကြောင့် ဖြစ်ပေါ်လာတဲ့ စိုးရိမ်ရမယ့် အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့အတွက် ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ လုပ်ဆောင်သွားဖို့ ဒုတိယခရိုင်ဝန် Donny Lalruatsanga ဦးဆောင်တဲ့ အတိုင်ပင်ခံအစည်းအဝေးတစ်ခုမှာကို ပြီးခဲ့တဲ့ ဇန်နဝါရီ (၁၉) ရက်နေ့က Lawngtlai မြို့မှာ ဆွေးနွေးခဲ့တယ်လို့ Times of India မှာ ဖော်ပြပါတယ်။ အဲဒီအပြင် တရားမ၀င် ၀င်ရောက်မှု ပြဿနာဟာ နောင်တစ်ချိန်မှာ ပြည်နယ်အတွက် ပိုပြီး ကြီးမားတဲ့ အခက်အခဲတွေ ဖြစ်လာနိုင်တာကြောင့် အုပ်ချုပ်ရေးပိုင်းတင်မကဘဲ ရဲတပ်ဖွဲ့၊ အာသံရိုင်ဖယ် (Assam Rifles) နဲ့ ဒေသခံ အရပ်ဘက်အဖွဲ့အစည်းတွေ အားလုံး…

Read More

ချင်းလူငယ်ဖိုက်တာ ဆလိုင်းထန်းခွီရှိန်း နဲ့ ထိုင်းဖိုက်တာတို့ ဇန်နဝါရီ ၂၃ မှာ ယှဉ်ပြိုင်ထိုးသတ်မယ်

ဇန်နဝါရီလ ၂၀ ရက်။ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ လာမယ့်သောကြာနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ကျင်းပမယ့် ONE Championship Firday Flight 139 ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ ဆလိုင်းထန်းခွီရှိန်း နဲ့ ထိုင်းဖိုက်တာတို့ ယှဉ်ပြိုင်ထိုးသတ်သွားဖို့ ရှိပါတယ်။ အသက် ၁၉ နှစ်အရွယ်၊ အရပ် ၅ ပေ ၄ လက်မရှိတဲ့ မြန်မာကိုယ်စားပြု ချင်းလူငယ်ဖိုက်တာ ဆလိုင်းထန်းခွီရှိန်းဟာ မြန်မာရိုးရာလက်ဝှေ့မှာ လက်ဆပြင်းသူဖြစ်ပြီး One Championship ပြိုင်ပွဲကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ၂၄ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ ပထမဆုံးပွဲဦးထွက် ပထမဆုံးကစားခဲ့ပြီး ပြိုင်ဘက်ကို ဒိုင်အမှတ်နဲ့ ရှုံးနိမ့်ထားပါတယ်။ One Championship ပြိုင်ပွဲမှာ ကစားတဲ့ပွဲအရေတွက်နည်းသေးတဲ့ ဆလိုင်းထန်းခွီရှိန်းအနေနဲ့…

Read More

မီဇိုရမ်ပြည်မှာ တောဝက်တွေမှာ အဖျားASF ရောဂါပိုးတွေ့ရှိခြင်းကြောင့် ဝက်မွေးမြူရေးလုပ်ငန်းရှင်များ သတိထားရန်သတိပေး

ဇန်နဝါရီလ ၂၀ ရက်။ မီဇိုရမ်ပြည်နယ်၊ Serchhip ခရိုင် Thentlang ရွာအနီးက တောထဲမှာ အာဖရိကဝက်အဖျားရောဂါ (ASF) ကြောင့် တောဝက် အကောင် ၂၀ ခန့် သေဆုံးနေတာကို တွေ့ရှိခဲ့ပြီးနောက် ၀က်မွေးမြူရေးလုပ်ငန်းရှင်များအား သတိထားရန် ပြည်နယ် တိမွေးကုဌာနက သတိပေးထားကြောင်း ဇန်န၀ါရီလ (၂၀) ရက်နေ့မှာ North East Today မှာဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအစောပိုင်းမှာ ဒေသခံတွေက တောဝက်သေတွေကို စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အာဏာပိုင်တွေကို အကြောင်းကြားခဲ့တာပါ။ သေဆုံးနေတဲ့ တောဝက်တွေဆီက အရိုးခြင်ဆီနမူနာတွေကို ဓာတ်ခွဲခန်းပို့ စစ်ဆေးခဲ့ရာမှာ ဇန်နဝါရီလ ၁၆ ရက်နေ့မှာတော့ ASF ရောဂါပိုးရှိနေတာ အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ်မှာ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၁…

Read More

ချင်းပြည်နယ် ၂ မြို့နယ် က စစ်ဘေးရှောင်တွေနဲ့ မီဇိုရမ်ပြည်နယ်က ချင်းစစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာတွေကို ထောက်ပံ့ပေးခဲ့တယ်လို့ NCCD ထုတ်ပြန်

ဇန်န၀ါရီလ ၂၀ ရက်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ချင်းပြည်နယ်က တီးတိန်မြို့နယ်၊ ကန်ပက်လက်မြို့နယ်နဲ့ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ ကျမ်းဖိုင်မြို့နယ် ရောက်နေ့တဲ့ ချင်းစစ်ဘေးရှောင်ပြည်သူတွေကို အခြေခံစားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ခဲ့တယ်လို့ Network for Chin Community Development ( NCCD) က ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ချင်းလူထုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့အစည်း( NCCD) အနေဖြင့် ဇန်နဝါရီလ(၁၂)ရက်နေ့ကနေ (၂၀)နေ့အထိ (၉)ရက်အတွင်း စစ်ဘေးရှောင်ပြည်သူများရောက်ရှိနေကြသည့် ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် (၁)နေရာ၊ ကန်ပက်လက်မြို့နယ်တွင်(၃)နေရာနှင့် ချင်းဒုက္ခသည်များရောက်ရှိနေသည့် မီဇိုရမ်ပြည်နယ်၊ ကျမ်းဖိုင်မြို့နယ်တွင် (၁)၊ လုံလေမြို့နယ်တွင် (၁)နေရာစုစုပေါင်း ကျေးရွာ(၆)နေရာတွင် အခြေခံလိုအပ်သည့် ဆန်၊ ဆီ၊ ဆားများကူညီထောက်ပံ့မှုပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ NCCD ကို…

Read More

ချင်းအမျိုးသားတက္ကသိုလ်မှာ ဘွဲ့ကြို၊ ဘွဲ့လွန် ဒီပလိုမာသင်တန်းတွေ ဖွင့်လှစ်တော့မယ်လို့ ကြေညာ

ဇန်န၀ါရီလ ၂၀ ရက်။ ချင်းအမျိုးသားတက္ကသိုလ်(Chin National University) မှာ ဘွဲ့ကြို ၊ ဘွဲ့လွန် ဒီပလိုမာသင်တန်းတွေအပါအဝင် လျှပ်စစ်အင်ဂျင်နီယာ၊ မြို့ပြအင်ဂျင်နီယာနဲ့ ဥပဒေပညာသင်တန်းတွေ စတင်ဖွင့်လှစ်တော့မယ်လို့ Chinland Council က ဖွဲ့စည်းပေးထားတဲ့ ချင်းပြည် ( Chinland) အစိုးရ၊ပညာရေး၀န်ကြီးဌာနက ဇန်နဝါရီလ ၁၉ ရက်နေ့ ထုတ်ပြန်ထားပါတယ်။ ဖွင့်လှစ်တော့မယ့် သင်တန်းတွေအတွက် ဝင်ခွင့်စာမေးပွဲဖြေဆိုလျှောက်ထားတဲ့ ကျောင်းသားတွေအနေဖြင့် ဝင်ခွင့်စာမေးပွဲ ဖြေဆိုနိုင်ခွင့်နဲ့ ပက်သက်ပြီး သက်ဆိုင်ရာ မြို့နယ်၊ ဒေသပညာရေးရုံး ဒါမှမဟုတ် နီးစပ်ရာ မြို့နယ်၊ ဒေသ ပညာရေးရုံး (သို့မဟုတ်) ကျောင်းတွေမှာ ဆက်သွယ်စုံစမ်းနိုင်ပြီလို့လည်း ထုတ်ပြန်ထားပါတယ်။ ကျောင်းသားတွေအနေဖြင့် ဝင်ခွင့််စာမေးဖြေဆိုလာတဲ့ချိန် လိုအပ်တဲ့ စာရွက်စာတမ်း၊ အထောက်အထားများနဲ့ သိရှိရမယ့် အချက်အလက်တွေကို သက်ဆိုင်ရာမြို့နယ် ၊…

Read More

မလေးရှားရောက် ချင်းဒုက္ခသည်များ သြစတြေးလျားနိုင်ငံကို အခြေချနေထိုင်နိုင်ရေး ဩစတေးလျနိုင်ငံအထက်လွှတ်တော်အမတ် နဲ့ ချင်းဒုက္ခသည်အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးခဲ့

ဇန်နဝါရီလ ၁၉ ရက်။ မလေးရှားနိုင်ငံရောက် ချင်းဒုက္ခသည်များ သြစတြေးလျားနိုင်ငံကို အခြေချနေထိုင်နိုင်ရေး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မလေးရှားရောက် ချင်းဒုက္ခသည်အဖွဲ့အစည်းများဖြစ်တဲ့ Alliance Of Chin Refugees ( ACR ) , Chin Refugees Committee (CRC) နှင့် Falam Refugee Organization (FRO) အဖွဲ့စည်းများပူး‌ပေါင်းပြီး သြစတြေးလျားနိုင်ငံအထက်လွှတ်တော်အမတ် Senator Dean Smith နဲ့ အထူးအစည်းအဝေး ပြုလုပ်ခဲ့တယ်လို့ ACR က ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အစည်းအဝေးကို ဇန်နဝါရီလ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကျင်းပခဲ့ပြီး သြစတြေလျားချင်းအဖွဲ့အစည်းမှ ပုဂ္ဂိုလ်တစ်ချို့နဲ့ အခြားတိုင်းရင်းသား မိတ်ဆွေတွေလည်း တက်ရောက်ခဲ့ကြတယ်လို့ ACR…

Read More

ချင်းအမျိုးသမီးများ အမွေဆက်ခံခွင့် တကယ်ဆုံးရှုံး သလား ? (ဥပဒေရှုထောင့်ဖြင့်)

By ဒေါ်ကျိန်ထိတ်ကိမ် (ခ) ကိမ်နူး အထက်တန်းရှေ့နေ ချင်းဓလေ့ထုံးတမ်းအရ အချို့ဒေသများတွင် အကြီးဆုံးသား သို့မဟုတ် အငယ်ဆုံးသားကသာ အမွေဆက်ခံခွင့်ရှိပြီး ကျန်သည့် သားသမီးများမှာ အမွေဆက်ခံခွင့် ဆုံးရှုံးကြသည်ဟု ယူဆထား သည့် အလေ့အထများ ယနေ့အထိ တည်ရှိနေဆဲဖြစ်ပါသည်။ သို့ရာတွင် တည်ဆဲဥပဒေများနှင့် တရားရုံးစီရင်ထုံးများအရ အမျိုးသမီးများ၊ အထူးသဖြင့် ခရစ်ယာန်ဘာသာဝင် ချင်း အမျိုးသမီးများ၏ အမွေဆက်ခံခွင့်နှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာ ဥပဒေရေးရာအချက်အလက်များကို ဖော်ပြလိုပါသည်။ ၁။ ဓလေ့ထုံးတမ်းဥပဒေ နှင့် အက်ဥပဒေ (Customary Law vs Act) ဥပဒေရေးရာအခြေခံသဘောတရားအရ ဓလေ့ထုံးတမ်းဥပဒေသည် ပြဋ္ဌာန်းထားသည့် အက်ဥပဒေနှင့် ဆန့်ကျင်ပါက အက်ဥပဒေကို ဦးစားပေး အသုံးချရပါသည်။ ဓလေ့ထုံးတမ်းဥပဒေ (Customary Law) ဆိုသည်မှာ လူ့အဖွဲ့အစည်းတစ်ခုအတွင်း ရှေးယခင်ကတည်းက…

Read More

ကလေးမြို့ပေါ်မှာ စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို ဖမ်းဆီးတာ အရင်ကထက် ပိုဆိုးရွားလာတယ်လို့ ဒေသခံတွေပြော

ဇန်န၀ါရီလ ၁၇ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ရပ်ရွာလုံခြုံရေးအပြာဝတ်တွေ ပျူစောထီးတွေ၊ရဲတွေက အင်အားအများအပြားနဲ့ အရွယ်ရောက်ပြီးလူငယ်တွေကို စစ်မှုထမ်းဖို့အတွက် တွေ့ရင်တွေ့တဲ့နေရာ ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “အခုနောက်ပိုင်း စစ်မှုထမ်းဆွဲတာက အရင်ထက် ပိုဆိုးရွားလာတယ် အရင်က ရဲကား Brobox အဖြူနဲ့ ရဲလေး၊ ငါးယောက်နဲ့ ဆွဲတယ် ဆွဲပြီးရင် ဆိုင်ကယ်ပါရင် ဆိုင်ကယ်ကို ရဲတွေက စီးသွားတယ် စစ်မှုထမ်းပါတဲ့သူကိုတော့ သူတို့ကားထဲခေါ်သွားတယ် အခုကြတော့ အဲလိုမဟုတ်တော့ဘူး ပိုဆိုးလာတယ် ရပ်ရွာလုံခြုံရေးဆိုတဲ့ အပြာဝတ်တွေပါတယ် စစ်သားတွေတော့ လုံးဝမပါတော့ဘူး ရဲတွေပါတယ် ပျူစောထီးတွေပါတယ် ကား ၃၊ ၄ စီး အင်အားအများကြီးနဲ့ပေါ့ သူတို့ကဆွဲရင် ဆိုင်ကယ်တွေ ဖုန်းတွေ မစစ်ဘူး လူကိုဘဲ အဓိကဖမ်းတယ် မော်တော်ပီကေတွေ…

Read More