ချင်းပြည်နယ် ၂ မြို့နယ် က စစ်ဘေးရှောင်တွေနဲ့ မီဇိုရမ်ပြည်နယ်က ချင်းစစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာတွေကို ထောက်ပံ့ပေးခဲ့တယ်လို့ NCCD ထုတ်ပြန်
ဇန်န၀ါရီလ ၂၀ ရက်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ချင်းပြည်နယ်က တီးတိန်မြို့နယ်၊ ကန်ပက်လက်မြို့နယ်နဲ့ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ ကျမ်းဖိုင်မြို့နယ် ရောက်နေ့တဲ့ ချင်းစစ်ဘေးရှောင်ပြည်သူတွေကို အခြေခံစားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ခဲ့တယ်လို့ Network for Chin Community Development ( NCCD) က ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ချင်းလူထုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့အစည်း( NCCD) အနေဖြင့် ဇန်နဝါရီလ(၁၂)ရက်နေ့ကနေ (၂၀)နေ့အထိ (၉)ရက်အတွင်း စစ်ဘေးရှောင်ပြည်သူများရောက်ရှိနေကြသည့် ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် (၁)နေရာ၊ ကန်ပက်လက်မြို့နယ်တွင်(၃)နေရာနှင့် ချင်းဒုက္ခသည်များရောက်ရှိနေသည့် မီဇိုရမ်ပြည်နယ်၊ ကျမ်းဖိုင်မြို့နယ်တွင် (၁)၊ လုံလေမြို့နယ်တွင် (၁)နေရာစုစုပေါင်း ကျေးရွာ(၆)နေရာတွင် အခြေခံလိုအပ်သည့် ဆန်၊ ဆီ၊ ဆားများကူညီထောက်ပံ့မှုပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ NCCD ကို…

