Headlines

အမေရိကန်နိုင်ငံတွင်း ယာယီနေထိုင်ခွင့် (TPS) သမိုင်းကြောင်းနှင့် အမေရိကန်ရောက်မြန်မာတို့၏ ရှေ့ရေး

DonBosco အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေအတွက် စိုးရိမ်နေခဲ့ရတဲ့ TPS (ယာယီနေထိုင်ခွင့်) ရပ်ဆိုင်းမယ့် အစီအစဉ်ကို ဖက်ဒရယ်တရားရုံးက ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ယာယီတားမြစ်မိန့် (Stay Order) ထုတ်ပြန်လိုက်ပါတယ်။ ဒါကြောင့် လာမယ့် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ သက်တမ်းကုန်ဆုံးတော့မယ့် မြန်မာ TPS အစီအစဉ်ဟာ အခုတော့ ယာယီအားဖြင့် ဆက်လက်နေထိုင်ခွင့် ရသွားပြီဖြစ်ပါတယ်။ ဒီအမှုကို Aung Doe et al. v. Noem ဆိုတဲ့ အမည်နဲ့ မြန်မာနိုင်ငံသားတွေက အမေရိကန် ပြည်ထဲရေးဌာန၊ Department of Homeland Security (DHS) ကို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ အီလီနွိုင်းပြည်နယ် မြောက်ပိုင်းခရိုင် တရားရုံးက တရားသူကြီး Matthew F….

Read More

ချင်းလူငယ်ဖိုက်တာ ဆလိုင်းထန်းခွီရှိန်း ထိုင်းဖိုက်တာကို ထိမိတဲ့ထိုးချက်နဲ့ အလှဲထိုးပြီး နိုင်ပွဲရရှိ

ဇန်န၀ါရီလ ၂၃ ရက်။ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ ဒီကနေ့ သောကြာနေ့ ဇန်နဝါရီလ ၂၃ ရက်ညမှာ ကျင်းပတဲ့ ONE Championship Firday Flight 139 ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ ဆလိုင်းထန်းခွီရှိန်းက ပြိုင်ဘက် ထိုင်းဖိုက်တာကို ဒုတိယအချီမှာပဲ ထိမိတဲ့ထိုးချက်နဲ့ အလှဲထိုးအနိုင်ယူနိုင်ခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ်၊ အရပ် ၅ ပေ ၄ လက်မရှိတဲ့ မြန်မာနိုင်ငံကိုယ်စားပြု ချင်းလူငယ်ဖိုက်တာ ဆလိုင်းထန်းခွီရှိန်းဟာ မြန်မာရိုးရာလက်ဝှေ့မှာ လက်ဆပြင်းသူဖြစ်ပြီး One Championship ပြိုင်ပွဲကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ၂၄ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ ပထမဆုံးပွဲဦးထွက် ပထမဆုံးကစားခဲ့ပြီး ပြိုင်ဘက်ကို ဒိုင်အမှတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဆလိုင်းထန်းခွီရှိန်းအနေနဲ့ One Championship…

Read More

ထန်တလန်မြို့နယ်မှာ အမျိုးသားတစ်ဦးက ဇနီးဖြစ်သူနဲ့ ၁၂ နှစ် အရွယ်သမီးကို ပစ်သတ်ပြီး သူ့ကိုယ်သူလည်း အဆုံးစီရင်ခဲ့တယ်လို့ သိရ

ဇန်နဝါရီလ ၂၃ ရက်။ ချင်းပြည်နယ် ၊ ထန်တလန်မြို့နယ် ၊ Khuhcah khua (ကုချ)ကျေးရွာမှာ မနေ့ဇန်နဝါရီလ ၂၂ ရက်နေ့မှာ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတစ်ဦးက ဇနီးဖြစ်သူနဲ့ ၁၂ နှစ်ရွယ် သမီးကို သေနတ်နဲ့ ပစ်သတ်ပြီး သူ့ကိုယ်သူလည်း အဆုံးစီရင်ခဲ့တယ်လို့ ထန်တလန် ဒေသတွင်း သတင်းတွေ ဖော်ပြချက်အရ သိရပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိ Pu Ceu Hnin Thang က ဇနီးဖြစ်သူ Pi Ni Cer Hnem အသက် ၃၄ နှစ်နဲ့ သမီးဖြစ်သူ Nu Iang Par အသက် ၁၂ နှစ်အရွယ်ရှိ သမီးဖြစ်သူတွေကို မနေ့ည ၁၁ နာရီခွဲဝန်းကျင်လောက်မှာ…

Read More

မြန်မာစစ်ဘေးရှောင်တွေကို ကူညီတာဟာ ပြည်နယ်ပုံရိပ်ကို ကောင်းမွန်စေပြီး ခရီးသွားလုပ်ငန်းကိုအထောက်အကူဖြစ်စေတယ်လို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးပြော

ဇန်န၀ါရီလ ၂၂ ရက်။ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်ထဲမှာ ခိုလှုံနေကြတဲ့ မြန်မာစစ်ဘေးရှောင်တွေကို ပြည်နယ်အစိုးရက ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး အခုလို လူသားချင်းစာနာမှုဆိုင်ရာ ကူညီပံ့ပိုးမှုတွေက ပြည်နယ်ရဲ့ ပုံရိပ်ကို ကောင်းမွန်စေသလို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူဖြစ်စေတယ်လို့ မီဇိုရမ်ပြည်နယ် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး Lalnghinglova Hmar က ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ပြောကြားကြောင်း India Today သတင်းမှာဖော်ပြပါတယ်။ “သူတို့တွေ အဆင်ပြေကြပါတယ်။ ကျန်းမာရေးလည်း ကောင်းမွန်ပြီး လုံလောက်တဲ့ ပံ့ပိုးမှုတွေ ရရှိနေကြတယ်” လို့ သူက ဆိုပါတယ်။ သူကဆက်ပြီး “မီဇိုရမ်အစိုးရဟာ ခရီးသွားလုပ်ငန်းကို စီးပွားရေးရဲ့ အဓိက ဦးစားပေးကဏ္ဍတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ အိုက်ဇော်မြို့ကနေ ၃ နာရီလောက် သွားရတဲ့ Thainzal အရပ်မှာ ခရီးသွားလုပ်ငန်း…

Read More

တန်းတူညီမျှမှုရှိတဲ့ ပြည်ထောင်စုသစ်တစ်ရပ်ပေါ်ပေါက်တဲ့အထိ တိုက်ပွဲဝင်မယ်လို့ CDF – Asho ၃ နှစ်ပြည့်မှာ ထုတ်ပြန်

ဇန်နဝါရီလ ၂၂ ရက်။ တောင်ပေါ် မြေပြန့်အပါအဝင်ပြည်ထောင်စုတစ်ခုလုံးရှိ တိုင်းရင်းသားလူမျိုးစုအားလုံးတွက် ကောင်းမွန်မျှတမှုရှိတဲ့ နိုင်ငံရေးစနစ်တစ်ရပ်ပေါ်ပေါက်ရန်နဲ့ တန်းတူညီမျှမှုရှိတဲ့ ပြည်ထောင်စုသစ်တစ်ရပ် ပေါ်ပေါက်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho) တည်ထောင်ခြင်း ၃ နှစ်ပြည့်တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ CDF-Asho က ထုတ်ပြန်ပါတယ်။ ချင်းကာကွယ်ရေးတပ် – အရှို ရဲ့ တော်လှန်ရေးခရီး ၃ နှစ်တာအတွင်း ပြည်တွင်းပြည်ပရှိ တော်လှန်ပြည်သူတွေရဲ့ ပံ့ပိုးဝန်းရံမှုတွေကြောင့် စစ်ဆင်ရေးနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်း ဖော်ဆောင်နိုင်မှုအပေါ် လေးစားဂုဏ်ယူတယ်လို့လည်း ဖော်ပြထားပါတယ်။ ချင်းကာကွယ်ရေးတပ် – အရှို ရဲ့ စစ်ဆင်ရေးတွေမှာ အသက်၊ သွေး၊ ချွေးနဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို စွန့်လွှတ်ပေးဆပ်ခဲ့ရတဲ့ တော်လှန်ရေးရဲဘော်…

Read More

လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ်အတွင်း အရပ်သား ၂၃၂၆ ဦးသေဆုံးခဲ့ရကာ ၄ ထောင်ကျော်ဒဏ်ရာရ

ဇန်နဝါရီလ ၂၂ ရက်။ ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း မြန်မာနိုင်ငံမှာစစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးသူ ဦးရေဟာ ၂,၃၂၆ ဦး သေဆုံးခဲ့ရပြီး ၄ ထောင်ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှုတွေကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ ၁ နှစ်အတွင်း လ အလိုက် သေဆုံးသူဦးရေ၊ထိခိုက်ပျက်စီးသွားတဲ့နေအိမ်အဆောက်အအုံတွေ ဘာသာရေးဆိုင်ရာ အဆောက်အအုံ စာရင်းတွေကို NUG က ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။ ဒီထဲမှာ အောက်တိုဘာလ၊ သြဂုတ်လ နဲ့ မေလ တွေမှာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုက အများဆုံးလတွေဖြစ်တယ်လို့လည်းတွေ့ရပြီး ပညာရေးဆိုင်ရာအဆောက်အအုံ စုစုပေါင်း ၁၀၂ အုံပျက်စီးပြီး ကျန်းမာရေးဆိုင်ရာအဆောက်အအုံ ၃၆…

Read More

ချင်းပြည်နယ်မှာ ရင်းနှီးကျွမ်းဝင်သူတွေဆီကနေ အိမ်တွင်းအကြမ်းဖက်တာတွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုလည်း တွေ့ရှိခဲ့ရကြောင်း The HILLS Myanmar အဖွဲ့က ပြော

ဇန်နဝါရီလ ၂၁ ရက်။ ချင်းပြည်နယ်မှာ “စိတ်ကျန်းမာရေး၊ ကျား၊ မရေးရာ နှင့် ပဋိပက္ခများ” သုတေသနအစီရင်ခံစာ ပြုလုပ်စဉ် အိမ်တွင်းအကြမ်းဖက်မှု ၊ ရင်းနှီးကျွမ်းဝင်သူတွေထံက အကြမ်းဖက်တာအပြင် ပဋိပက္ခနဲ့ သက်ဆိုင်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ဒီကနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ပြုလုပ်တဲ့ The HILLS Myanmar အဖွဲ့ကထုတ်ဝေတဲ့ချင်းပြည်နယ်ဆိုင်ရာ သုတေသနအစီရင်ခံစာ အွန်လိုင်းမိတ်ဆက်ပွဲမှာ တာဝန်ရှိသူတွေက ပြောပါတယ်။ The HILLS Myanmar အဖွဲ့ကတာဝန်ရှိသူတစ်ဦးက“အိမ်တွင်းအကြမ်းဖက်မှု၊ ရင်းနှီးကျွမ်းဝင်သူတွေဆီကနေပြီးတော့ အကြမ်းဖက်တာတွေရှိတယ် ခြေလက်အရရော လိင်ပိုင်းဆိုင်ရာအရရော နောက်ပြီး ပဋိပက္ခနဲ့ သက်ဆိုင်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလည်း ကျနော်တို့တွေ့ရတယ် ဒါပေမယ့် ကျနော်တို့ ကွင်းဆင်းလုပ်နေတဲ့ချိန်မှာ လူတွေရဲ့ အတွေ့အကြုံ သူတို့ကြုံတွေ့ခဲ့ရတဲ့ သူတို့ဘဝတွေအကြောင်းတွေသော်လည်းကောင်း သူတို့နယ်ပယ်မှာ…

Read More

တရားမဝင် ဝင်ရောက်လာသူတွေကိုစစ်ဆေးမှုတွေ လုပ်ဆောင်သွားဖို့ မီဇိုရမ်ပြည်မှာဆွေးနွေး

ဇန်နဝါရီလ ၂၀ ရက်။ မီဇိုရမ်ပြည်နယ်၊ Lawngtlai ခရိုင်မှာ အိမ်နီးချင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ တရားမဝင် ဝင်ရောက်လာသူတွေ များပြားလာတာကြောင့် ဖြစ်ပေါ်လာတဲ့ စိုးရိမ်ရမယ့် အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့အတွက် ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ လုပ်ဆောင်သွားဖို့ ဒုတိယခရိုင်ဝန် Donny Lalruatsanga ဦးဆောင်တဲ့ အတိုင်ပင်ခံအစည်းအဝေးတစ်ခုမှာကို ပြီးခဲ့တဲ့ ဇန်နဝါရီ (၁၉) ရက်နေ့က Lawngtlai မြို့မှာ ဆွေးနွေးခဲ့တယ်လို့ Times of India မှာ ဖော်ပြပါတယ်။ အဲဒီအပြင် တရားမ၀င် ၀င်ရောက်မှု ပြဿနာဟာ နောင်တစ်ချိန်မှာ ပြည်နယ်အတွက် ပိုပြီး ကြီးမားတဲ့ အခက်အခဲတွေ ဖြစ်လာနိုင်တာကြောင့် အုပ်ချုပ်ရေးပိုင်းတင်မကဘဲ ရဲတပ်ဖွဲ့၊ အာသံရိုင်ဖယ် (Assam Rifles) နဲ့ ဒေသခံ အရပ်ဘက်အဖွဲ့အစည်းတွေ အားလုံး…

Read More

ချင်းလူငယ်ဖိုက်တာ ဆလိုင်းထန်းခွီရှိန်း နဲ့ ထိုင်းဖိုက်တာတို့ ဇန်နဝါရီ ၂၃ မှာ ယှဉ်ပြိုင်ထိုးသတ်မယ်

ဇန်နဝါရီလ ၂၀ ရက်။ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ လာမယ့်သောကြာနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ကျင်းပမယ့် ONE Championship Firday Flight 139 ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ ဆလိုင်းထန်းခွီရှိန်း နဲ့ ထိုင်းဖိုက်တာတို့ ယှဉ်ပြိုင်ထိုးသတ်သွားဖို့ ရှိပါတယ်။ အသက် ၁၉ နှစ်အရွယ်၊ အရပ် ၅ ပေ ၄ လက်မရှိတဲ့ မြန်မာကိုယ်စားပြု ချင်းလူငယ်ဖိုက်တာ ဆလိုင်းထန်းခွီရှိန်းဟာ မြန်မာရိုးရာလက်ဝှေ့မှာ လက်ဆပြင်းသူဖြစ်ပြီး One Championship ပြိုင်ပွဲကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ၂၄ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ ပထမဆုံးပွဲဦးထွက် ပထမဆုံးကစားခဲ့ပြီး ပြိုင်ဘက်ကို ဒိုင်အမှတ်နဲ့ ရှုံးနိမ့်ထားပါတယ်။ One Championship ပြိုင်ပွဲမှာ ကစားတဲ့ပွဲအရေတွက်နည်းသေးတဲ့ ဆလိုင်းထန်းခွီရှိန်းအနေနဲ့…

Read More

မီဇိုရမ်ပြည်မှာ တောဝက်တွေမှာ အဖျားASF ရောဂါပိုးတွေ့ရှိခြင်းကြောင့် ဝက်မွေးမြူရေးလုပ်ငန်းရှင်များ သတိထားရန်သတိပေး

ဇန်နဝါရီလ ၂၀ ရက်။ မီဇိုရမ်ပြည်နယ်၊ Serchhip ခရိုင် Thentlang ရွာအနီးက တောထဲမှာ အာဖရိကဝက်အဖျားရောဂါ (ASF) ကြောင့် တောဝက် အကောင် ၂၀ ခန့် သေဆုံးနေတာကို တွေ့ရှိခဲ့ပြီးနောက် ၀က်မွေးမြူရေးလုပ်ငန်းရှင်များအား သတိထားရန် ပြည်နယ် တိမွေးကုဌာနက သတိပေးထားကြောင်း ဇန်န၀ါရီလ (၂၀) ရက်နေ့မှာ North East Today မှာဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအစောပိုင်းမှာ ဒေသခံတွေက တောဝက်သေတွေကို စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အာဏာပိုင်တွေကို အကြောင်းကြားခဲ့တာပါ။ သေဆုံးနေတဲ့ တောဝက်တွေဆီက အရိုးခြင်ဆီနမူနာတွေကို ဓာတ်ခွဲခန်းပို့ စစ်ဆေးခဲ့ရာမှာ ဇန်နဝါရီလ ၁၆ ရက်နေ့မှာတော့ ASF ရောဂါပိုးရှိနေတာ အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ်မှာ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၁…

Read More