
ဇန်န၀ါရီလ ၃၀ ရက်။
အရေးပေါ်အခြေအနေ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ချင်းပြည်နယ်က မြိုနယ် ၇ မြိုနယ်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၉) ခုရှိ မြိုနယ်ပေါင်း ၆၃ မြိုနယ်ကို နောက်ထပ်ရက်ပေါင်း ၉၀ အထိ ထပ်မံတိုးလိုက်ကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့က အာဏာသိမ်းစစ်ကော်မရှင်ရဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ကြေညာပါတယ်။
ချင်းပြည်နယ်က ချင်းကာကွယ်ရေးတပ်ဖွဲတွေထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြိုနယ်၊ ထန်တလန်မြိုနယ်၊ ပလက်ဝမြိုနယ်၊ တွန်းဇံမြိုနယ်၊ မင်းတပ်မြိုနယ်၊ မတူပီမြိုနယ်နဲ့ ဖလမ်းမြိုနယ်တွေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၉) ခုရှိ မြိုနယ်ပေါင်း ၆၃ မြိုနယ်ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တုန်းက အရေးပေါ်အခြေအနေကြေညာကာ စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားရာကနေ ရက် ၉၀ ထပ်မံတိုးလိုက်တဲ့ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင် အမိန့်ဖြင့် ထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင် လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေ ထိန်းချုပ်နိုင်ခြင်းမရှိတဲ့ မြိုနယ်တွေကို လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှု ချုပ်ငြိမ်းရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတိုကို ထိရောက်စွာဆောင်ရွက်နိုင်ဖို ဖွဲစည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ၊ ပုဒ်မ ၄၁၂ (က) အရ အရေးပေါ်အခြေအအနေ စစ်အုပ်ချုပ်ရေးအဖြစ် အာဏာသိမ်းစစ်ကော်မရှင်က ကြေညာခဲ့တာလည်းဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြိုနယ်တွေကို စစ်ကော်မရှင်က စစ်အင်အား၊ လက်နက်အင်အားအသုံးပြုပြီး ထိုးစစ်အရှိန်မြှင့်တင်လေ့ရှိသလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏ လုပ်လေ့ ရှိနေပါတယ်။

