Headlines

ရွေးကောက်ပွဲမှာ ရှုံးနှိမ့်ခဲ့ခြင်းဟာ နက်ရှိင်းတဲ့ နိုင်ငံရေးပြဿနာတွေရဲ့ လက္ခဏာသာဖြစ်တယ်လို ချင်းပြည်သစ်ကွန်ဂရက်ပါတီထုတ်ပြန်

ဇန်နဝါရီလ ၂၉ ရက်။

ရွေးကောက်ပွဲမှာ ရှုံးနှိမ့်ခဲ့ခြင်းဟာ နက်ရှိင်းတဲ့ နိုင်ငံရေးပြဿနာတွေရဲ့ လက္ခဏာသာဖြစ်တယ်လို အာဏာသိမ်း စစ်ကော်မရှင် ကျင်းပတဲ့ ပါတီစုံရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCCP)က ဇန်နဝါရီလ ၂၈ ရက်နေ့က ထုတ်ပြန်ပါတယ်။

အမျိုးမျိုးသော ခြိမ်းခြောက်မှုတွေကြောင့် မဲပေးခွင့် အခွင့်အရေးဆုံးရှုးရတာဟာလည်း ဒီမိုကရေစီစနစ်ရဲ့ အခြေခံအခွင့်အရေးကို ထိခိုက်စေတဲ့ အဖြစ်အပျက်ဖြစ်တယ်လို ဆိုပါတယ်။ ရွေးကောက်ပွဲတစ်ခုတည်းက လူမှုအဖွဲအစည်းအတွင်းရှိ မညီမျှမှုတွေ၊ စွမ်းအားမညီမျှမှုတွေကို ဖြေရှင်းနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းမဟုတ်သလို ချင်းပြည်သစ်ကွန်ဂရက်ပါတီလို တိုင်းရင်းသားပါတီငယ်တွေ အခုရွေးကောက်ပွဲမှာ အများစုမဲမရပေမယ့် သင်တိုရဲ့ အသံ ၊ ယုံကြည်ချက်နဲ့ ရပ်တည်ချက်တွေဟာ အရေးပါဆဲဖြစ်တယ်လိုလည်း ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCCP)က ဆိုပါတယ်။

လက်ရှိအခြေအနေကို လက်ပိုက်ကြည့်ရှုနေရန်မဟုတ်ဘဲ ပိုမိုတရားမျှတတဲ့ ရွေးကောက်ပွဲစနစ်တစ်ခုအတွက် ဆက်လက်တိုက်ပွဲဝင်ကြရန်ဖြစ်ပြီး ပြည်သူတွေ မဲပေးခွင့် လွတ်လပ်စွာရရှိရန် ၊ ခြိမ်းခြောက်မှုကင်းရှင်းစေရန် စည်းရုံးလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်ရန် လိုအပ်တယ်လိုလည်း ချင်းပြည်သစ်ကွန်ဂရက်ပါတီ က ဆိုပါတယ်။

ချင်းပြည်သစ်ကွန်ဂရက်ပါတီ အနေနဲ့ ပြည်သူတွေ အခန်းကဏ္ဍကို ယုံကြည်လျက် ဒီမိုကရေစီနည်းလမ်းကျတဲ့ လှုပ်ရှားမှုတွေနဲ့ ဆက်လက်ရပ်တည်သွားမှာဖြစ်တယ်လိုလည်း ဆိုထားပါတယ်။

၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က အာဏာသိမ်းစစ်ကော်မရှင်က ဦးဆောင်ကျင်းပခဲ့တဲ့ရွေးကောက်ပွဲ အပိုင်း (၁) မှာ ချင်းပြည်သစ်ကွန်ဂရက်ပါတီ အနေနဲ့ လွှတ်တော် ၃ ရပ် (ပြည်သူ့/အမျိုးသား/ပြည်နယ်) နေရာ စုစု ပေါင်း ၂၁ နေရာအတွက် ချင်းပြည်နယ် ဟားခါး၊ တီးတိန်မြိုနယ်မှာ ဝင် ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်နယ်လွှတ်တော်မှာ အချိုးကျကိုယ်စားပြုစနစ်နဲ့ အမတ် ၁ နေရာသာအနိုင်ရခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *