ကုလသမဂ္ဂ(UN)မှ အာဆီယံအထိ တစ်သံတည်းထွက်လာသည့် မြန်မာရွေးကောက်ပွဲ အသိအမှတ်မပြုရေး အကျပ်အတည်း
DonBosco အာဆီယံအဖွဲ့ကြီးအနေနဲ့ မြန်မာစစ်ကောင်စီကို “Junta” (အာဏာသိမ်းအဖွဲ့) လို့ တရားဝင် စတင်သုံးနှုန်းလာတာဟာ သံတမန်ရေးအရ တကယ့်ကို ထူးခြားပြင်းထန်တဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်ပါတယ်။ ဒါဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုရုံတင်မကဘဲ သူတို့ရဲ့ တရားဝင်မှုကိုပါ အာဆီယံက အကြီးအကျယ် စိန်ခေါ်လိုက်တာ ဖြစ်ပါတယ်။ အခု ၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာတော့ တကယ့်ကို အကျိုးသက်ရောက်မှု ရှိလာခဲ့ပါတယ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ အထူးသံတမန် Ms. Theresa Lazaro က စစ်ကောင်စီကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအဆင့်ဆင့်ကို အာဆီယံအနေနဲ့ လုံးဝအသိအမှတ်မပြုဘူးလို့ ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့သံတမန်တွေနဲ့ ကုလသမဂ္ဂ (UN) ဟာ မြန်မာ့အရေးကို ဆုံးဖြတ်တဲ့အခါ “အာဆီယံ ဘယ်လိုရပ်တည်သလဲ” ဆိုတာကိုပဲ အဓိက ကြည့်လေ့ရှိတာကြောင့် အခုလို…

