မီဇိုရမ်ပြည်နယ်ရှိ ကျောင်းများတွင် ဟင်ဒီဘာသာစကား ကျွမ်းကျင်မှု တိုးတက်စေရန် “ဟင်ဒီစကားပြောနေ့” သတ်မှတ်မည်
ဇန်နဝါရီလ ၂၈ ရက်။ မီဇိုရမ်ပြည်နယ်တွင်းရှိ ကလေးများအနေနဲ့ အိန္ဒိယနိုင်ငံမှာ လူဦးရေအများဆုံး ပြောဆိုကြတဲ့ ဟင်ဒီဘာသာစကား အရည်အချင်း တိုးတက်လာစေဖို့အတွက် မီဇိုရမ်ပြည်နယ် အစိုးရက ပြည်နယ်တစ်ဝန်းရှိ ကျောင်းအားလုံးမှာ “ဟင်ဒီစကားပြောနေ့” (Hindi-speaking day) ကို မိတ်ဆက်ဖို့ ဆုံးဖြတ်လိုက်ကြောင်း India Today သတင်းဌာနမှာ ဇန်န၀ါရီလ ၂၈ ရက်နေ့ ဖော်ပြပါတယ်။ မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီး Vanlalthansai က ဒီအစီအစဉ်ကို ပြည်နယ်ပညာရေးဌာနရဲ့ ကြီးကြပ်မှုနဲ့အတူ တစ်လမှာ တစ်ကြိမ် ကျင်းပသွားမှာဖြစ်ပြီး သတ်မှတ်ထားတဲ့နေ့တွေမှာ ကျောင်းသားတွေရော ဆရာတွေပါ ဟင်ဒီလိုပဲ ပြောဆိုဆက်သွယ်ရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အထူးသဖြင့် ကျေးလက်တောရွာက ကျောင်းသားတွေ ဟင်ဒီစကားပြော ပိုမိုကျွမ်းကျင်လာစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ မီဇိုရမ်ဟာ တောင်ပေါ်ဒေသဖြစ်ပြီး မီဇိုမျိုးနွယ်စုတွေ အဓိကနေထိုင်တာကြောင့် ဟင်ဒီစကားပြောတဲ့သူ…

