ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၀ ဝန်းကျင်သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရခဲ့
ဖေဖော်ဝါရီလ ၃ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ကလေး – သိုင်းငင်းလမ်းကနေ စစ်ကြောင်းထိုးလာတဲ့ တတိယစစ်ကြောင်းနဲ့ ချင်းလက်နက်ကိုင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲအကြား ဒီကနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မနက်ပိုင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲဘက်က ဗိုလ်မှူးအပါအဝင် စစ်ကော်မရှင်တပ်သား အယောက် ၃၀ ဝန်းကျင် သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့သလို လက်နက်အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ Chin World Media ကို စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ စစ်ရေးသတင်းရင်းမြစ်က “သိုင်းငင်းကနေတက်လာတဲ့ စစ်ကြောင်း ၃ ကြောင်းမြောက်က ဗိုလ်မှူးအပါအဝင် အယောက် ၃၀ လောက်သေဆုံးတယ်လို ဒဏ်ရာရတာကလည်း ၂၀ ကျော်လောက် ဒဏ်ရာရသလို လက်နက် သိမ်းဆည်းမှုတွေလည်း အများအပြားရကြတယ်လို သတင်းပိုပါတယ်” လို့ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်း စစ်ကော်မရှင်တပ်ဖွဲ…

