ပလက်ဝမြို့နယ်၊ဆမီးမြို့ကို မနေ့ညက စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်
ဇန်နဝါရီလ ၁၄ ရက်။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ် တစ်နေရာကို စစ်ကောင်စီက ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ည ၁၂ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုခိုက်တာတွေ လုပ်ခဲ့ကြောင်း၊လူထိခိုက်မှုရှိမရှိမသိရသေးကြောင်း ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။ တခြားဒေသကိုရောက်နေတဲ့ ပလက်ဝဒေသခံတစ်ဦးက “လေကြောင်းတိုက်ခိုက်တာက သေချာတယ် ပြည်သူအထိအခိုက်နဲ့ အသေးစိတ်အခြေအနေနဲ့ ပက်သက်ပြီး မသိရသေးဘူး၊ ဖုန်းလိုင်းတွေက ဖြတ်ထားတော့ ဆက်သွယ်ချိတ်ဆက်နေဆဲဖြစ်တယ် သိရရင် ချက်ခြင်းပြန်အကြောင်းကြားလိုက်မယ်” လို့ပြောပါတယ်။ ပလက်ဝမြို့နယ် သတင်းတွေကို ဖော်ပြတဲ့ Kimo Media မှာတော့ ဆမီးမြို့ အမှတ် (၂) ရပ်ကွက်က ထွေအုပ်ရုံးအနီးအနား တဝိုက်ကို မနေ့ည ၁၂ နာရီဝန်းကျင်လောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထွေအုပ်ရုံး မီးလောင်တာတွေ ရှိခဲ့တယ်လို့…

