ချင်းပြည်နယ်မှာ ၄ နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၁၁၆ ဦး သေဆုံး၊ ၂၄၂ ဦး ဒဏ်ရာရခဲ့
ချင်းပြည်နယ်မှာ ၂၀၂၁ခုနှစ် ကနေ ၂၀၂၄ ခုနှစ်အထိ ၄ နှစ်နီးပါးအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားချင်းလူမျိုး ၁၁၆ဦး သေဆုံးခဲ့ပြီး ၂၄၂ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းလူ့အခွင့်အရေး အဖွဲ့ (CHRO) က ၂၀၂၅ ခုနှစ်ဇန်နဝါရီလ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ လေးနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အဦး ၂၅ခု ၊ စာသင်ကျောင်း ၂၂ ခု၊ ကျန်မာရေးအဆောက်အဦး ၈ခု နဲ့ ဘုန်းကြီး ကျောင်း ခုနှစ်ခု တို့ အပါ အ၀င်အဆောက် အအုံ ၄၁၂ ခု ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ချင်းပြည်နယ်မှာ အရပ်သားတွေကို ပစ်မှတ်ထားပြီး ၄ နှစ်နီးပါးအတွင်း စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ အကြိမ် ၈၆၀ ကျော်…

