Headlines

ကနေဒီတောင်စခန်းကို ချင်းညီနောင် (CB)က ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့

နိုဝင်ဘာလ ၁၉ ရက်။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာရှိတဲ့ စစ်ရေးအရ အချက်အချာကျတဲ့ ကနေဒီတောင်ကို ချင်းညီနောင် (CB) အဖွဲ့က နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ တီးတိန်မြို့နယ်က ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ PDF – Zoland ရဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့ဖော်ပြချက်အရ သိရပါတယ်။ ချင်းပြည်နယ်မှာ ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် အင်အားအလုံးအရင်းနဲ့ ချီတက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ ရွှေ့လျားစစ်ကြောင်းကို အောက်တိုဘာလ ၂၉ ရက်နေ့ကစလို့ CB အဖွဲ့ဘက်က ဆုတ်ခွာပေးခဲ့ရပြီးနောက် စစ်ရေးအရ အချက်အချာ ကျတဲ့ ကနေဒီတောင်စခန်းကို နိုဝင်ဘာလ ၄ရက်နေ့မှာ စစ်ကော်မရှင်တပ်က ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ ချင်းညီနောင်အဖွဲ့ဘက်က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ကနေဒီတောင်စခန်းကို မနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သလို…

Read More

ချင်းပြည်နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်က ဗိုလ်မှူးကြီးအဆင့်ရှိသူ အပါအဝင် အင်အား ၁၀၀ ခန့်ချေမှုန်းခံရ

နိုဝင်ဘာလ ၁၈ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် ဝေဘူလမြို့ကြား နဲ့ တီးတိန်မြို့နှင့်ခိုင်ကမ်းမြို့ကြားကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဘက်က ဗိုလ်မှူးကြီးအဆင့်အရာရှိတွေအပါအဝင် ရန်သူအင်အား ၁၀၀ ဝန်းကျင်ကို ချင်းညီနောင် CB မဟာမိတ်နဲ့အတူ ချေမှုန်းနိုင်ခဲ့ပြီး စစ်သုံ့ပန်းတချို့ကို ဖမ်းဆီးရမိသလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ Chinland Council ကဖွဲ့စည်းထားတဲ့ချင်းပြည် (Chinland) အစိုးရ ကာကွယ်ရေးဌာနက ဒီကနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ချင်းပြည်(Chinland)အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင်ရှိသော ချင်းအမျိုးသားတပ်မတော်နှင့် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ချင်းလဲန်အစိုးရတပ်ဖွဲ့ရဲ့ စစ်ကြောင်း (၁) နှင့် စစ်ကြောင်း (၂) တို့သည် ကလေးမြို့နယ်၊ ဂန့်ဂေါမြို့နယ်၊ ဖလမ်းမြို့နယ်နှင့် တီးတိန်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိနေတယ်လို့ ဆိုပါတယ်။ စစ်ကြောင်း (၂) သည်…

Read More

မတူပီမြို့နယ်မှာ အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်သွားခဲ့

နိုဝင်ဘာလ ၁၇ ရက်။ ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း ဒီကနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်း (၇)နာရီ ၊ ၃၄ မိနစ် မိနစ်လောက်မှာ အင်အား ရစ်ခ်တာစကေး ၄.၄ အဆင့်ဖြင့် အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ပေမယ့် ဒေသခံတွေ အများစုကတော့ လှုပ်ခတ်တာမသိလိုက်ကြဘူးလို့ပြောပါတယ်။ မတူပီမြို့အနီး၊ မြေအောက်အနက် ၂၇ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၄ အဆင့်ဖြင့် အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်ခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG )၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေဝန်ကြီးဌာနက ဒီကနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မတူပီမြို့နယ်ကဒေသခံတစ်ဦးက “ ကျနော်တို့က သတင်းထုတ်ပြန်မှ ငလျင်လှုပ်တယ်ဆိုတာ သိရတာ ငလျှင်လှုပ်တာ မခံစားမိလိုက်ဘူး ၊ မသိလိုက်ဘူး” လို့ပြောပါတယ်။…

Read More

ဖလမ်းမြို့ကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်၊လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့

နို၀င်ဘာလ ၁၇ ရက်။ ချင်းပြည်နယ် ၊ ဖလမ်းမြို့ကို ဝေဘူလမြို့ကနေ အင်အားအမြောက်အများနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ အကြား ဒီကနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ထိတွေ့တိုက်ပွဲပြင်းထန်ဖြစ်ခဲ့ပြီး စစ်ကော်မရှင်က လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ ဖလမ်းမြို့နယ်မှာ အဓိကစစ်ရေးလှုပ်ရှားတဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ( CNO / CNDF ) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့လောက်ကနေ စလို့ ထိုးစစ်ဆင်လာသလို နိုဝင်ဘာလ ၃ ရက်နေ့လောက်က ဝေဘူလမြို့ကို တပ်အင်အား ၄၀၀ ကျော်ဝင်ရောက်ခဲ့ပြီး အဲဒီကနေတဆင့် ဖလမ်းမြို့ဘက်ကို ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ CNO / CNDF ကပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။…

Read More

ချင်းပြည်နယ်မှာ အောက်တိုဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား (၇) ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး၊၂၅ ဦး ကျော် ထိခိုက်ဒဏ်ရာရခဲ့

နို၀င်ဘာလ ၁၇ ရက်။ ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ လ အတွင်း စစ်ကော်မရှင်တပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှု ၁၃ ကြိမ် အထိပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ (၇) ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး၊၂၅ ဦး ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းအရေး သုတေသန လုပ်နေတဲ့ ချင်းရေးရာအဖွဲ့ချုပ် ( ICA ) ရဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်တဲ့ စစ်တမ်းတွေအရ သိရပါတယ်။ အောက်တိုဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၃ ကြိမ်အတွင်း ဗုံးအလုံးရေ ၂၀ ကျော်နဲ့ ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အောက်တိုဘာလ ၂၉ ရက်နေ့တုန်းကလည်း ကန်ပက်လက်မြို့၊ မြို့မ (၂) ရပ်ကွက်၊ (၁၀)…

Read More

ကန်ပက်လက်မြို့မှာ ဗုံးကြဲခံရလို့ သေဆုံးခဲ့တဲ့ ရဲမေနာရေးမှာ ပစ်ခတ်မှုဖြစ်ပြီး သေဆုံးသူ ပြည်သူ၂ဦးဟာ ဒလန်မဟုတ်ကြောင်း CDF-Kanpetlet ထုတ်ပြန်

နိုဝင်ဘာလ ၁၆ ရက်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့မှာ စစ်ကောင်စီတပ်ကလေကြောင်းနဲ့ဗုံးကြဲလို့ သေဆုံးခဲ့ရတဲ့ ရဲမေတဦးရဲ့နာရေးမှာ ပစ်ခတ်မှုဖြစ်ပြီး သေဆုံးသူပြည်သူ ၂ဦးဟာ ဒလန်မဟုတ်ဘဲ သေဆုံးသူတွေရဲ့ မိသားစုဟာ တော်လှန်ရေးမှာပါဝင်နေသူတွေဖြစ်ကြောင်း ကန်ပက်လက်မြို့နယ်ကိုထိန်းချုပ်ထားတဲ့ CDF-Kanpetlet အဖွဲ့က နိုဝင်ဘာ ၁၅ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂၄ရက်က စစ်ကောင်စီတပ်က ကန်ပက်လက်မြို့ တနေရာကို လေကြောင်း တိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့ရာ ရဲမေ ၁ဦးနဲ့ ပြည်သူ ၂ဦး သေဆုံးကာ ပြည်သူ ၁၃ဦး ဒဏ်ရာရရှိခဲ့ပါ ကြောင်း၊ကျဆုံးရဲမေအား သင်္ဂြိုလ်တဲ့အချိန်မှာ ရဲဘော်ဟောင်းတဦးက သောက်စားမှုးယစ်ပြီး ရဲဘော်တွေရဲ့ သေနတ်တွေကို လိုက်လံတောင်းယူခဲ့ရာ ရဲဘော်တွေက မပေးလို့ အလစ်အငိုက်မှာ ရဲဘော် ၁ဦးရဲ့ သေနတ်လုယူပြီး စည်းမဲ့ကမ်းမဲ့ပစ်ဖောက်ခဲ့လို့ ပြည်သူနှစ်ဦးသေဆုံးခဲ့ရကြောင်း CDF-Kanpetlet က ထုတ်ပြန်ပါတယ်။…

Read More

ပြင်းထန်ကူးစက်ဝမ်းရောဂါကြောင့် လူ သေဆုံးမှုရှိလာတာကြောင့် အိန္ဒိယ(မီဇိုရမ်) – မြန်မာ(ပလက်၀)နယ်စပ် ဝင်ထွက်သွားလာခွင့် ပိတ်ထားတယ်လို့ သိရ

နို၀င်ဘာလ ၁၄ ရက်။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှာ နိုဝင်ဘာလဆန်းကနေ ပြင်းထန်တဲ့ ကူးစက်ဝမ်းရောဂါဖြစ်ပွားခဲ့ကာ လူသေဆုံးမှုရှိလာတာကြောင့် အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံ ချင်းပြည်နယ်၊ ပလက်ဝအကြားရှိ နယ်စပ်ဝင်ထွက်သွားလာခွင့်ကို နိုဝင်ဘာလ ၁၂ ရက်နေ့ကစလို့ ပလက်၀မြို့နယ်ကိုထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (ULA/ AA )ဘက်က ယာယီ ပိတ်ထားလိုက်တယ်လို့ သိရပါတယ်။ နယ်စပ်မှာ နေထိုင်တဲ့ ပလက်ဝဒေသခံတစ်ဦးက “အခုက ကာကီမှာ ဝမ်းရောဂါကြောင့် သေဆုံးလူနာတွေ ကူးစက်ဖြစ်ပွားမှု များတာတွေကြောင့် မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်၊ တွီတင်း၊ ကာကီရွာနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အကြားကို ULA / AA ဘက်က ၁၂ ရက်နေ့ကစလို့ ယာယီပိတ်ထားတယ်လို့ ကြားပါတယ် ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝတိုက်နယ်က ULA/ AA…

Read More

ကလေးမြို့နယ် လူထုတိုက်ပွဲညီလာခံက ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်ရန် သဘောတူညီကြောင်း ထုတ်ပြန်

နိုဝင်ဘာလ ၁၃ ရက်။ စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်အတွင်း ပထမအကြိမ် လူထုတိုက်ပွဲ ညီလာခံကို အောက်တိုဘာလအတွင်းက ပြုလုပ်ခဲ့ပြီး ညီလာခံတက်ရောက်လာကြသူများက စစ်ကော်မရှင် ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို အကြွင်းမဲ့ ဆန့်ကျင်တိုက်ဖျက်သွားရန် သဘောထား ညီညွတ်စွာ ချမှတ်ခဲ့ကြောင်း ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက နိုဝင်ဘာလ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ကလေးမြို့နယ်၏ ပထမအကြိမ် လူထုတိုက်ပွဲ ညီလာခံသို့ ကလေးမြို့ လွတ်မြောက်နယ်မြေများတွင် ကလေးဒေသအတွင်းရှိ ရပ်ရွာ အသီးသီးမှ ဒေသခံ ကိုယ်စား လှယ် စုစုပေါင်း ၁၂၀ ဦး တက်ရောက်ခဲ့ကြေကြာင်း၊ပထမအကြိမ် လူထုတိုက်ပွဲ ညီလာခံတွင် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံးနှင့် အတူ အကြွင်းမဲ့ ဆန့်ကျင် တိုက်ဖျက်သွားရန် အပါအဝင် ကလေးမြို့ အခြေပြု တော်လှန်ရေးအဖွဲ့အစည်းများအနေနှင့်…

Read More

ကလေးမြို့မော်လိုက်အကျဉ်းထောင်မှာ ထောင်ပိုင်နှင့် အကျဉ်းဦးစီးအရာရှိဝန်ထမ်းတွေက အကျဉ်းသားတွေကို အသုံးချပြီး ငွေကြေးရှာဖွေနေမှုတွေအတွက် တာဝန်ခံမှု အမြန်ရှိစေဖို့ ဆောင်ရွက်နေတယ်လို့ PPNMအဖွဲ့ ထုတ်ပြန်

နိုဝင်ဘာလ ၁၂ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ မော်လိုက်အကျဉ်းထောင်မှာ ထောင်ပိုင် ဦးအောင်မိုးဝင်းနှင့် အကျဉ်းဦးစီးအရာရှိဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသားတွေကို အသုံးချပြီး ငွေကြေးရှာဖွေနေမှုတွေ လာဘ်စားနေမှုများ နှင့် ကိုယ်ကျိုးစီးပွားရှာဖွေနေတဲ့ လုပ်ရက်တွေအတွက် တာဝန်ခံမှု အမြန်ရှိစေဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ မြန်မာ နိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)အဖွဲ့ က ထုတ်ပြန်ပါတယ်။ မော်လိုက်ကလေးအကျဉ်းထောင်ရှိ ထောင်အာဏာပိုင်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကျဉ်းသားများအပေါ် ဖိနှိပ်မှုများနှင့် လာဘ်စားမှုများအား စောင့်ကြည့်မှတ်တမ်းကောက်ယူလျှက်ရှိရာ ထောင်ပိုင်ဦးအောင်မိုးဝင်းသည် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများနှင့်ပတ်သက်၍ တာဝန်အရှိဆုံးသူဖြစ်သည့်အပြင် လာဘ်စားမှုများတွင်လည်း အဓိက ဦးဆောင်လျှက်ရှိနေသည်ကို စိစစ်တွေ့ရှိရတယ်လို့ PPNM က ဆိုပါတယ်။ အဓိကငွေရှာနေသည့် လမ်းကြောင်းအနေနဲ့ ပရိဘောဂပစ္စည်းထုတ်လုပ်ရေးကို အကျဉ်းသားများအား ဖိအားပေးခိုင်းစေ၍ အိမ်တွင်းသုံးနှင့် ဧည့်ခန်းသုံး ပစ္စည်းများကို ‌ရောင်းချပြီး တစ်လလျှင်…

Read More

ပလက်ဝချင်းစစ်ဘေးရှောင်တွေနေထိုင်တဲ့ မီဇိုရမ်ပြည်က ရွာ ၂ ရွာမှာ ဝမ်းရောဂါဖြစ်ပွါးကာ သေဆုံးသူ ၆ ဦး အထိ ရှိလာ

နိုဝင်ဘာလ ၁၂ ရက်။ ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်ကနေ စစ်ဘေးရှောင်ကြတဲ့ ချင်းစစ်ဘေးရှောင်တွေ အနေများတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကာကီနဲ့ တွီဒန်းရွာမှာ နိုဝင်ဘာလဆန်းကနေ ဝမ်းပျက်ဝမ်းလျှောကူးစက်ရောဂါဖြစ်ပွါးနေတာကြောင့် ၄ ဦးသေဆုံးခဲ့ကာ ဒီကနေ့နိုဝင်ဘာလ ၁၂ ရက် မနက်မနက်ပိုင်းမှာလည်း ၂ ဦး ထပ်မံသေဆုံးခဲ့လို့ သေဆုံးသူ ၆ ဦးအထိရှိလာပြီ လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “ ဒီကနေ့မနက်ပိုင်းမှာလည်း ကာကီမှာ ၂ ယောက်ထင်တယ် စစ်ဘေးရှောင်လား ဒေသခံလားဆိုတာတော့ သေချာမသိရသေးဘူး ဝမ်းပျက်ဝမ်းလျှောကြောင့် သေတယ်။ ကာကီနဲ့ တွီဒန်းက နယ်စပ်ဒေသက ကျေးရွာဖြစ်တော့ အဓိက ဆေးဝါး မရှိလို့ သေဆုံးကြတာဖြစ်တယ် မူးဝေ၊ အော့အန် ၊ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ကြတယ် နိုဝင်ဘာလဆန်းကနေ…

Read More