မလေးရှားမှာ UN မှတ်ပုံတင်လျှောက်ထားသော ချင်းဒုက္ခသည်များ ACR ရုံးသို့ အမည်စာရင်းလာပေးရန် နှိုးဆော်
ဖေဖော်ဝါရီလ ၂၅ နေ့ရက်။ အွန်လိုင်းကနေ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)မှာ မှတ်ပုံတင်ကဒ် လျှောက်ထားပြီး ရက်ချိန်းမရရှိသေးတဲ့မလေးရှားရောက်ချင်းလူမျိုးဒုက္ခသည်များအနေနဲ့ UNHCR ရဲ့တောင်းဆိုချက်အရ Alliance of Chin Refugee(ACR) ရုံးကိုလာရောက်နာမည်စာရင်း ပေးသွင်းကြပါရန် ဒီကနေ့ ဖေဖော်ဝါရီလ ၂၅ နေ့ရက်စွဲဖြင့် ACR ကတိုက်တွန်းထားပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)ရဲ့ တောင်းဆိုချက်အရ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်ကြား UNHCR ကဒ် (သို့) မှတ်ပုံတင်ရန် ရက်ချိန်းများမရရှိသေးသူများ အတွက်သာ အကျုံးဝင်မှာဖြစ်တယ်လို့ ACR ကဆိုထားပါတယ်။ “ကျမကတော့ ၂၀၁၀ ခုနှစ်ကတည်းကမလေးရှားကို ရောက်ပြီးအလုပ်လုပ်ပြီးနောက်ပိုင်း UN ကိုလျှောက်ထားတာအတော်ကြာပါပြီ။ မလေးရှားမှာဆယ်စုနှစ်တောင်ရှိနေပြီနေလာတာ။ အခု ACR ရဲ့ကြေညာချက်အရဆိုရင်လည်း အကျုံးဝင်တယ်။ စာရွက်စာတမ်းတွေကိုတော့ အမြဲပုံမှန်သိမ်းထားတာဆိုတော့ သွားပြီးပြရုံပါပဲ။…

