အိန္ဒိယနိုင်ငံမှာ ခိုလှုံနေတဲ့ မြန်မာစစ်ပြေးဒုက္ခသည်တွေကို စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်စေတဲ့ ခြိမ်းခြောက်မှုနဲ့ လုပ်ရပ်တွေ ရပ်တန့်ပေးဖို့ India for Myanmar တောင်းဆို
မတ်လ ၄ ရက်။ အိန္ဒိယနိုင်ငံမှာ ခိုလှုံနေတဲ့ မြန်မာစစ်ပြေးဒုက္ခသည်တွေကို စိတ်ပိုင်း၊ ရုပ်ပိုင်းထိခိုက်စေမည့် ခြိမ်းခြောက်မှုနှင့် လုပ်ရပ်များ ရပ်တန့်ပေးဖို့ အိန္ဒိယ-မြန််မာအရေးလှုပ်ရှားနေတဲ့ India for Myanmar အဖွဲ့က အလေးအနက် တောင်းဆိုတယ်လို့ ဒီကနေ့ မတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ လက်ရှိ အိန္ဒိယနိုင်ငံတွင် မြန်မာနိုင်ငံ စစ်ပြေးဒုက္ခသည်များအား မီဇိုရမ်ပြည်နယ်အစိုးရနှင့် ပြည်သူများရဲ့ ကူညီစောင့်ရှောက်မှုများမှလွဲပြီး အခြားအိန္ဒိယပြည်နယ်များရှိ မြန်မာစစ်ပြေး ဒုက္ခသည်များသည် ဖမ်းဆီးခံရမှုနှင့် မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ခြိမ်းခြောက်ခံနေရတယ်လို့ India For Myanmar က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကလည်း နယူးဒေလီမြို့ရှိ ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်းတွင် ဝတ်ပြုနေကြသော မြန်မာစစ်ပြေး ဒုက္ခသည်တွေကို နယူးဒေလီရဲတပ်ဖွဲ့က ရှောင်တခင်…

